Main menu

Background

Thursday, 7 Oct 2010

ဖရဲသီးရာသီရောက်နေပြီ        မြန်မာ-တရုတ်နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေး နဲ့ ချင်းရွှေဟော်စခန်းများမှ ယခုစက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက် တာကာလ အတွင်း ဖရဲသီး ၆၈ ဒသမ ၅ တန်ကို တန်ဖိုးကျပ် ၇ သန်းကျော်ဖိုး စတင်တင်ပို့ နေပါပြီ၊ မန္တလေးတိုင်းကထွက်ရှိတဲ့ ဖရဲသီးတွေကို တရုတ်ပြည်သို့ မိမိဘက် ပေါက်ဈေး တစ်တန်ကို ၉၉ဝဝဝ ကျပ်၊ တစ်ဘက်နိုင်ငံ ယွမ်ဈေး ၁ဝဝဝ နဲ့ တင်ပို့ ခဲ့တာပါလို့ နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။                                                                                                                         မော်မော်အောင်((MIRT)

Tuesday, 5 Oct 2010

မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -    ပစ္စည်းအမည်         ရေတွက်ပုံ              မိမိဘက်ဈေး (ကျပ်)                တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့                      တန်                         ၅၈ဝ၃၄၅                                   ၃၅၁ဝပဲယင်း                       တန်                          ၆၃၁၂၂ဝ                                   ၄ဝ၁ဝပဲလွန်းဖြူ                    တန်                          ၇၇၁၂၁၄                                   ၅၃၁ဝ                                                                                                                                           ကေသွယ်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး(အစေ့ပါ)နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည်              ရေတွက်ပုံ                  မိမိဘက်ဈေး (ကျပ်)                တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း                              တန်                           ၆၇ဝ၁၄ဝ                                  ၇၅၃ဝဝမန်ကျည်းသီး (အစေ့ပါ)     တန်                           ၃၇၉၄၄ဝ                                  ၃၁၇၅ဝနနွင်းတက်                      တန်                         ၁၅၂၆၉၄ဝ                                 ၁၃ဝ၅ဝဝ                                                                                                                                              မြတ်မြတ်ထွန်း  

Tuesday, 28 Sep 2010

 မြန်မာပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု       မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အခိုျ့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် - ပစ္စည်းအမည်          ရေတွက်ပုံ             မိမိဘက်ဈေး (ကျပ်)            တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲတီစိမ်း                    တန်                       ၈၂၆၈၅၄                               ၈ဝဝဝပြောင်းဖူးစေ.              တန်                       ၂၅၄၃၂၈                                ၁၉၆ဝနှမ်းနက်                     တန်                    ၁၂၉၅၅၅၄                               ၉၆ဝဝ        မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဝက်အရှင်၊ ဆပ်ပြာမှုန့်၊ မှုတ်ဆေးတို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ပစ္စည်းအမည်              ရေတွက်ပုံ               မိမိဘက်ဈေး (ကျပ်)               တစ်ဖက်နိုင်ငံဈေး (ရူပီး)ဝက်အရှင်                   ကီလိုဂရမ်                    ၂ဝဝဝ                                      ၉၈ဆပ်ပြာမှုန့်                     ပါကင်                       ၈၅ဝဝ                                     ၄၁၁မှုတ်ဆေး                        ဘူး                        ၁၇ဝဝ                                      ၈၅                                                                                                                              ကေသွယ်        မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး(အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာအဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည်                   ရေတွက်ပုံ                မိမိဘက်ဈေး (ကျပ်)                   တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း                                  တန်                         ၂၇၅၄ဝဝ                                             ၂၆၆ဝဝနနွင်းတက်                          တန်                      ၁၄ဝ၇၆ဝဝ                                           ၁၃ဝ၅ဝဝမန်ကျည်းသီး(အစေ့ပါ)          တန်                         ၃ဝ၆ဝဝဝ                                             ၃၁၇၅ဝ                                                                                                                                               မြတ်မြတ်ထွန်း

Thursday, 23 Sep 2010

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု  မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် - ပစ္စည်းအမည်         ရေတွက်ပုံ         မိမိဘက်ဈေး (ကျပ်)                တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့                  တန်                    ၅၂၃၈၄၅                                      ၄ဝဝဝပဲယင်း                    တန်                    ၆၁၂၂၄၅                                      ၄၅ဝဝပဲလွန်းဖြူ                တန်                    ၈၇၈၂၉၈                                       ၅၃ဝဝမြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဝက်အရှင်၊ စောင်နှင့် ဆေးကြေမှုန့်တို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်                                                                                                                                                                        ပစ္စည်းအမည်         ရေတွက်ပုံ           မိမိဘက်ဈေး (ကျပ်)                  တစ်ဖက်နိုင်ငံဈေး (ရူပီး)ဝက်အရှင်              ကီလိုဂရမ်                ၂ဝဝဝ                                           ၉၈စောင်                       ထည်                    ၄၅ဝဝ                                         ၂၂၅ဆေးကြေမှုန့်              တန်                 ၁၅၇ဝဝဝ                                        ၈၅ဝဝ                                                                                                                                ကေသွယ်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး (အစေ့ပါ)နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာအဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည်         ရေတွက်ပုံ             မိမိဘက်ဈေး (ကျပ်)                တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း                           တန်                     ၂၇၅၄ဝဝ                                 ၂၆၆ဝဝနနွင်းတက်                  တန်                   ၁၄ဝ၇၆ဝဝ                               ၁၂၃၇ဝဝမန်ကျည်းသီး (အစေ့ပါ) တန်                     ၂၁၅၄၂၄                                 ၁၇ဝ၅ဝ                                                                                                                                မြတ်မြတ်ထွန်း

Wednesday, 22 Sep 2010

 ထိုင်းဘတ်ငွေခိုင်မာသော်လည်း BOT က ထိန်းချုပ်ကွပ်ကဲသွားမည်    စက်တင်ဘာဒုတိယပတ်အတွင်းထိုင်းဘတ်ငွေ ပိုမိုခိုင်မာနေသော်လည်းထိုင်းဗဟိုဘဏ်မှ ထိုင်းဘတ်ငွေ နေရာမှန်ရရှိရေးအတွက် စီမံခန့်ခွဲမှု ပုံစံပြောင်းလဲ ဆောင်ရွက်ခြင်း မပြုသေးကြောင်း ထိုင်းဘဏ်၏ ဒုတိယ အကြီးအကဲ Paiboon Kittisrikangwanက ပြောကြားခဲ့ပါတယ်။ ဘတ်ငွေခိုင်မာမှုက ထိုင်းနိုင်ငံ ရဲ့ စီးပွားရေး တည်ငြိမ်မှုနဲ့ တိုးတက်မှုကို ထိခိုက်စေမှာမဟုတ်ကြောင်းနဲ့ ဘတ်ငွေတန်ဖိုးအပြောင်းအလဲက ရေတိုရေရှည် စီးပွားရေး တည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်မှုကို ဗဟိုဘဏ်အနေနဲ့ ဆန်းစစ်ဖို့ တာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ ယခုနှစ်မှာ ဗဟိုဘဏ်က ၆ ဒသမ ၅ ရာခိုင်နှုန်း - ၇ဒသမ ၅ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးတိုးတက်ရန် လျာထားတွက်ချက်ထားသော်လည်း အောက်တိုဘာလ ၂၈ရက်နေ့မှာ ထုတ်ပြန်ကြေညာမယ့်ငွေ ကြေး ဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ရှေ့အလားအလာကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိကြောင်းဘဏ်အကြီးအကဲက ဆက်လက် ပြောကြားခဲ့ပါတယ်။ ရေတိုရေရှည် စီးပွားရေးတည်ငြိမ်မှုမှာ ဘတ်ငွေအား ကောင်းလာခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်ကို ထိုင်းဘဏ်ရဲ့ ငွေကြေးမူဝါဒအုပ်စု BoT's Monetary PolicyGroup က တွက်ချက်ထိန်းချုပ်သွားမှာဖြစ်ကြောင်း Mr. Paiboon က ပြောခဲ့ပါ သေးတယ်။ ဘဏ္ဍာရေးကဏ္ဍ အပြောင်း အလဲနဲ့ ငွေကြေးလဲလှယ်နှုန်းတွေက စီးပွားရေးစဉ်ဆက်မပြတ်ပြောင်းလဲမှုကို ဖြစ်စေမှုကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုရရှိအောင်BOT အနေနဲ့ ပိုမိုအာရုံစိုက် ထိန်းချုပ်ဖို့ လိုအပ်ကြောင်းလည်း သူကဆိုပါတယ်။ှSource : TNA,ကျော်စိုးဝင်း

Wednesday, 22 Sep 2010

 ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲကုန်သွယ်ရေးကော်မရှင် အစည်းအဝေးကျင်းပမည်        ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်ရက်ကြာပူးတွဲကုန်သွယ်ရေးကော်မရှင် (JTC )အစည်းအဝေးကို ဒက္ကာမြို့၌ စက်တင်ဘာ ၂၂ ရက်၌ ကျင်းပသွားမည်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ပူရ်အိုကောင် နေ့စဉ်သတင်းစာတွင်ဖော်ပြထားပါသည်။      အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံ အကြားဘဏ်ဆိုင်ရာ အခွင့်အရေးများ တိုက်ရိုက်ရရှိရေးအတွက် ဘဏ်ဖွင့်လှစ်ရေး ကိစ္စနှင့် ကုန်သွယ်မှုဆိုင်ရာ လိုအပ်ချက်များလျော့နည်းရေးကိစ္စများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးနှင့်နယ်စပ်ဖြတ်ကျော်ပုံမှန်ကုန်သွယ်ရေးကိုဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည်ကုန်သွယ်မှုအသာစီး ရရှိသော အခြေအနေရှိပါသည်။ ဘင်္ဂလားဒေ့ရှ် ပို့ကုန်တိုးတက်ရေးဗျူရို၏ စာရင်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံသို့အဓိကအားဖြင့် ဆေးဝါး၊ ဘိလပ်မြေ၊ဓာတ်မြေသြဇာနှင့်ချုပ်ထည်များ တင်ပို့ပြီး မြန်မာနိုင်ငံအနေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန် ပုစွန်၊ ငါး၊ ငါးသလောက်၊ စားသောက်ကုန်၊ လယ်ယာထွက်ကုန်၊ ချင်း၊ နနွင်းတက်၊ မန်ကျည်းမှည့်(အစေ့ပါ)၊ မန်ကျည်းစေ့များ တင်ပို့လျက်ရှိပါသည်။                                                              MIRT (DOBT)                                                           Source :နသက(မောင်တော)

Wednesday, 22 Sep 2010

 ထိုင်း-တရုတ် မြန်နှုန်းမြင့်ရထားလမ်းဖောက်လုပ်ရန် ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီ       တရုတ်-လာအိုနဲ့ ထိုင်း-မလေးရှားနိုင်ငံများကို ချိတ်ဆက်မဲ့ အမြန်နှုန်းမြှင့်မီးရထားလမ်း ဖောက် လုပ်မဲ့ မူကြမ်းအတွက်တရုတ်နိုင်ငံနဲ့ ဆွေးနွေးရန် ထိုင်းအစိုးရမှ သဘောတူညီလိုက်တဲ့အတွက် အကိုျးကျေးဇူး များစွာခံစားရမယ်လို့ တရုတ်မီးရထားဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အနည်းဆုံးတစ်နာရီကို ကီလိုမီတာ ၂ဝဝ အထိ ခုတ်မောင်းနိုင်မယ့်အဆင့်မြင့် မီးရထားလမ်းချိတ်ဆက်မှုမှာ ထိုင်းနိုင်ငံ  Bangkok- Nong Khai၊ Bangkok-Rayong  ၊ ထိုင်းနိုင်ငံ Songkhla(ဆောင်ခလာ) ခရိုင်နဲ့ ထိစပ်နေတဲ့ မလေးရှားနိုင်ငံ Padang Besar ပါ ပါဝင်မှာဖြစ်ပါတယ်။       မြန်နှုန်းမြင့် မီးရထားချိတ်ဆက်မှုဟာ တရုတ်နိုင်ငံရဲ့ တောင်ဘက်အကျဆုံးမြို့  ဖြစ်တဲ့ ကူမင်း မှ လာအိုနိုင်ငံရဲ့မြို့တော် ဗီယန်ရှင်းအထိနဲ့ ထိုင်းနိုင်ငံ နောင်ခိုင်း၊ ရနောင်း၊ ဘန်ကောက်၊ မလေးရှားနိုင်ငံ ဘီဆာမြို့အထိဖြစ်ပါတယ်။       ထိုင်းပြည်သူများ မီးရထားနဲ့ ခရီးသွားလာမှု ပိုမိုတိုးတက်လာရေး ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်၊ ထိုင်း ပါလီမန်ရဲ့ဆုံးဖြတ်ချက် များကို ရယူကာ တရုတ်နိုင်ငံနဲ့ ဆွေးနွေးခြင်း၊ အရှေ့တောင်အာရှ ဒေသတွင်းရှိ အခြားနိုင်ငံများနဲ့ပါ ဆက်လက် ဆွေးနွေးခြင်း တို့ကို ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တောင်းခံ ထားကြောင်း ထိုင်းအစိုးရရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိ သူSupachai Jaismut က ပြောကြားခဲ့ပါတယ်။                                        ကျော်စိုးဝင်း၊Source: T.N.A

Wednesday, 22 Sep 2010

 တရုတ်ပြည်သွား ရေခဲရိုက် အသားအစိုများ    မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ရေခဲရိုက်အသား အစိုများကို ပုံမှန်ကုန်သွယ်မှုစနစ်၊ တစ်ဆင့်သယ်ပို့စနစ်တို့ဖြင့် တင်ပို့လျက်ရှိရာ စက်တင်ဘာလ (၁) ရက်နေ့မှ (၁ဝ) ရက်နေ့ အထိအသားအစိုတင်ပို့မှုမှာ ရေခဲရိုက်အမဲသား (၃၃၆) တန်၊ တန်ဖိုးဒေါ်လာ ဝ ဒဿမ၉၇၄ သန်း၊ ရေခဲရိုက်ဆိတ်သား (အရိုးပါ) ၁၅ တန်၊ တန်ဖိုးဒေါ်လာ ဝ ဒဿမဝ၄၅ ဒေါ်လာသန်းကို ပုံမှန်ကုန်သွယ်မှု စနစ်ဖြင့် တင်ပို့ခဲ့ပြီး ရေခဲရိုက် ကွဲျသား၁၇၈ ဒဿမ ၅၇ တန်၊ တန်ဖိုးဒေါ်လာ ဝ ဒဿမ ၄၄၆ သန်းကို တစ်ဆင့်သယ်ပို့စနစ်ဖြင့် တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာ ရေခဲရိုက်အမဲသား၁ဝ၆၄ ဒဿမ ၄၂၅ တန်၊ တန်ဖိုးဒေါ်လာ ၃ ဒဿမ ဝ၈၇ သန်း၊ ရေခဲရိုက်ဆိတ်သား (အရိုးပါ) ၅ တန်၊ တန်ဖိုးဒေါ်လာ ဝ ဒဿမ ဝ၁၅ သန်းဖိုး ပုံမှန်ကုန်သွယ်မှု စနစ်ဖြင့် တင်ပို့ခဲ့ပြီး ရေခဲရိုက်ကွဲျသား ၂၄၂ တန်၊ တန်ဖိုးဒေါ်လာဝ ဒဿမ ၆ဝ၅ သန်းကို တစ်ဆင့်သယ်ပို့စနစ်ဖြင့် တင်ပို့နိုင်ခဲ့ပါတယ်။ ဈေးနှုန်းတွေကတော့ ရေခဲရိုက်အမဲသား တစ်တန် လျှင် ၂၉ဝဝ ဒေါ်လာ၊ ရေခဲရိုက်ကွဲျသားတစ်တန်လျှင် ၂၅ဝဝ ဒေါ်လာနဲ့ ရေခဲရိုက်ဆိတ်သား (အရိုးပါ) တစ်တန်လျှင်၃ဝဝဝ ဒေါ်လာဖြစ်နှုန်း အသီးသီးဈေးပေါက်လျက်ရှိပါတယ်။Sourceး နသက၊စိုးစိုးလှိုင်      

Wednesday, 15 Sep 2010

 တရုတ်လမုန့်ပွဲတော်နီးကပ်၊ ရာသီဥတုဖောက်ပြန် သကြားဈေးစံချိန်တင်မြင့်တက်    တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ လမုန့်စားပွဲတော်နီးကပ်လာပြီဖြစ်တဲ့အတွက် ဂုံျ၊ သကြားတို့နဲ့ ပြုလုပ်တဲ့ စားသောက် ကုန်ပစ္စည်းတွေ ဈေးနှုန်းတိုးမြှင့်ရောင်းချလျက်ရှိပါတယ်။ သကြားတစ်တန်ရဲ့ဈေးက ၅၄၈ဝ ယွမ် (ဒေါ်လာ ၈ဝဝ ခန့်) ပေါက်လျက်ရှိပါတယ်။ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလမှာတုန်းက သကြားတစ်တန်ကို ယွမ်၂၆၂ဝ( ဒေါ်လာ ၃၉ဝ ခန့် ) ထိသာရှိခဲ့ပြီး သြဂုတ်လမှာ ယွမ် ၅၄၅ဝ (ဒေါ်လာ ၈ဝဝ ခန့် )သို့ မြင့်တက်ရာမှ ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း ၁၅ နှစ်တာကာလရဲ့ သကြားလက်ကား ဈေးနှုန်းဟာ ယခုအခါအမြင့်ဆုံး စံချိန်တင်သွားကြောင်း သိရပါတယ်။ ရာသီဥတုဖောက်ပြန်မှုနဲ့ သက်ဆိုင်ကြောင်းနဲ့ မိုးရေလွှမ်းမှု၊ မိုးသည်းထန်မှုတို့ လျော့နည်းလာပါက ဈေးနှုန်းများကျဆင်းပြီး တည်ငြိမ်လာဖွယ်ရှိတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။Source:      ရှင်စိပေါင်၊ သောင်းနိုင် (မူဆယ်)    

Tuesday, 14 Sep 2010

 ထိန်ခံျုးခရိုင်က နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်ကို ကန်ပိုက်တီးစခန်းအနီးသို့ ပြောင်းရွှေ့လျက်ရှိ     တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ခုံျးခရိုင်၊ ဟိုရှောင်ကျေးရွာရှိ နယ်စပ်ကုန်သွယ်ရေးစခန်းဟာ မြန်မာ- တရုတ် နယ်နိမိတ်မျဉ်းနဲ့ အလှမ်းဝေးကွာလွန်းတဲ့အတွက် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး နဲ့ ကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးစေရေးအတွက် စစ်ဆေးရေးဂိတ် နေရာသစ်ကို ထိန်ခံျုးခရိုင် ဟိန့်ရင်ထန်ကျေးရွာ အနီးမှာထားဖို့နေရာသစ် ရွေးချယ်လိုက်တယ်လို့ သတင်းရရှိပါတယ်။အသစ်ရွေးချယ်လိုက်တဲ့နယ်စပ်ဂိတ် နေရာသစ်ဟာ မိမိတို့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းနဲ့ ၄ မိုင်ခန့်အကွာမှာရှိတာဖြစ်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ကစတင်ပြီး မြေသယ်ယာဉ် (၆) စီးခန့်၊ Back hole  ယာဉ် (၅) စီးခန့်၊ ဘူဒိုဇာယာဉ် (၃) စီးခန့်နဲ့ နေရာသစ်အား မြေညှိပြုပြင်ခြင်းများကို စတင် လုပ်ဆောင် နေကြောင်း သိရှိရပါတယ်။နကသ (ကန်ပိုက်တီး)     

Pages