Main menu

Background

Monday, 1 Mar 2010

  ဂရိနဲ့ ဒူဘိုင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ ကြွေးမြီပြဿနာများကြောင့်  ကမ္ဘာ့စီးပွားရေး ပြန်လည်အားကောင်းလာမှု တုံ့ဆိုင်းသွားလိမ့် မယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုမိုခိုင်မာလာပြီး အမေရိကန်ဒေါ်လာတန်ဖိုး လေးရက်မြောက်အဖြစ် မြင့်မားလာခဲ့ပါတယ်။  ယူရိုငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းတွင် ၉လမြောက်အဖြစ် ဆက်လက် တန်ဖိုးကျ ဆင်းလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဥရောပမှ ဘဏ္ဍာရေးဝန်ကြီးများတွေ့ဆုံပြီး ဂရိအတွက် ကယ်ဆယ်ရေးအစီအစဉ် အသေးစိတ်ကို ထုတ်ပြန်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဂရိရဲ့ ကြွေးမြီအပေါ် စိုးရိမ်ပူပန်မှုက အမေရိကန်ဒေါ်လာ အားကောင်းစေတဲ့ အဓိကအချက်ဖြစ်ကြောင်း သိရပါတယ်။

Monday, 1 Mar 2010

  ဂရိနဲ့ ဒူဘိုင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ ကြွေးမြီပြဿနာများကြောင့်  ကမ္ဘာ့စီးပွားရေး ပြန်လည်အားကောင်းလာမှု တုံ့ဆိုင်းသွားလိမ့် မယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုမိုခိုင်မာလာပြီး အမေရိကန်ဒေါ်လာတန်ဖိုး လေးရက်မြောက်အဖြစ် မြင့်မားလာခဲ့ပါတယ်။  ယူရိုငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းတွင် ၉လမြောက်အဖြစ် ဆက်လက် တန်ဖိုးကျ ဆင်းလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဥရောပမှ ဘဏ္ဍာရေးဝန်ကြီးများတွေ့ဆုံပြီး ဂရိအတွက် ကယ်ဆယ်ရေးအစီအစဉ် အသေးစိတ်ကို ထုတ်ပြန်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဂရိရဲ့ ကြွေးမြီအပေါ် စိုးရိမ်ပူပန်မှုက အမေရိကန်ဒေါ်လာ အားကောင်းစေတဲ့ အဓိကအချက်ဖြစ်ကြောင်း သိရပါတယ်။

Monday, 1 Mar 2010

  ဂရိနဲ့ ဒူဘိုင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ ကြွေးမြီပြဿနာများကြောင့်  ကမ္ဘာ့စီးပွားရေး ပြန်လည်အားကောင်းလာမှု တုံ့ဆိုင်းသွားလိမ့် မယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုမိုခိုင်မာလာပြီး အမေရိကန်ဒေါ်လာတန်ဖိုး လေးရက်မြောက်အဖြစ် မြင့်မားလာခဲ့ပါတယ်။  ယူရိုငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းတွင် ၉လမြောက်အဖြစ် ဆက်လက် တန်ဖိုးကျ ဆင်းလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဥရောပမှ ဘဏ္ဍာရေးဝန်ကြီးများတွေ့ဆုံပြီး ဂရိအတွက် ကယ်ဆယ်ရေးအစီအစဉ် အသေးစိတ်ကို ထုတ်ပြန်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဂရိရဲ့ ကြွေးမြီအပေါ် စိုးရိမ်ပူပန်မှုက အမေရိကန်ဒေါ်လာ အားကောင်းစေတဲ့ အဓိကအချက်ဖြစ်ကြောင်း သိရပါတယ်။

Monday, 1 Mar 2010

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့လိမ္မော်သီး တန်ချိန် ၄၈၅ခန့် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် ၉ဝ ခန့်သာတင် ပို့နိုင်ခဲ့သဖြင့် ယခု အပတ်မှာ တန်ချိန် ၃၉ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။

Tuesday, 23 Feb 2010

 ယူနန်ပြည်နယ်အတွင်း ၂၀၀၉ ခုနှစ် ဇူလိုင်လခန့်ကစပြီး မိုးရွာသွန်းမှုမှာ မှတ်တမ်းများအရ အနည်းဆုံးဖြစ်ခဲ့ပြီး ပြည်နယ်တစ်ခုလုံးဧရိယာရဲ့ ၈၀ရာခိုင်နှုန်းကျော် မိုးခေါင်ရေရှားမှုဘေးဒဏ် ခံစားနေရပါတယ်။ နယ်မြေအတွင်းရှိ ခရိုင် ၁၆ခုရှိတဲ့အနက် ပေါင်ဆန်းခရိုင်၊ ဝင်ဆန်းဒေသ တာလီခရိုင်၊ လင်ချမ်းမြို့၊ ကူမင်းခရိုင်ချုစုံ၊  ရိုစီး၊ချုချင့်နဲ့ ဟုန်ဟော်ဒေသ တွေဟာ အဆိုးရွားဆုံး တွေ့ကြုံရခဲ့ကြရပါတယ်။ယခုနွေဦးမှ  ရှေ့လာမယ့်  နွေမိုးဆောင်းရာသီများအထိ ဆက်လက်ခံစားရဖွယ်ရှိကြောင်းနဲ့ လွန်ခဲ့တဲ့နှစ် ၆၀က ကြုံတွေ့ခဲ့ရတဲ့ မိုးခေါင်ရေရှားမှုမျိုး ပြန်လည်ကြုံတွေ့ရတာဖြစ်ပြီး မြင်း၊ လား၊ လူဖြင့် ပုခုံးထမ်းပြီး ရေသယ်ယူ စုဆောင်းရ မှုမျိုးကို ပြန်လည်တွေ့မြင်နေကြပါတယ်။ယူနန်ပြည်နယ် အလယ်ပိုင်းနဲ့ အထက်ပိုင်းတွေကို အရေးပေါ်ကာလ အနီရောင်သင်္ကေတပြ သတိပေးထားလျက်ရှိပြီး မိုးခေါင်ရေရှားမှုဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင ်ပညာရှင် ၁၀၀၀ ကျော်ကို စိုက်ပျိုးခင်းများသို့ စေလွှတ် လေ့လာမှုများ ပြုလုပ်စေလျက်ရှိပါတယ်။ကူမင်းခရိုင်မှာ လယ်စိုက်ဧက သိန်း ၂၀ကျော်ခန့် ပျက်စီးဆုံးရှုံးသွားပြီး လူဦးရေ ၆သိန်းခွဲကျော်၊ တိရစ္ဆာန်ကောင်ရေ ၃သိန်းခွဲကျော်တို့ သောက်ရေအခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။  ပြည်နယ်အတွင်းရှိ ရေကန် ၃၃ ခုမှ ရေများလည်း ခန်းခြောက်သွားပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေး  စခန်း ၂၇ ခုမှ လျှပ်စစ်မီးပေးဝေနိုင်မှုလည်း ပြတ်တောက်ခဲ့ရပါတယ်။ကူမင်းအစိုးရမှ မိုးခေါင်ရေရှားဘေးဒဏ် ကာကွယ်ရေးအတွက် ၂၀၀၉ ခုနှစ် နိုဝင်ဘာလက ယွမ်ငွေ  ၄၇ သိန်းကျော်နဲ့ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလမှာ ယွမ်ငွေ သိန်း ၈၀ အသီးသီးခွင့်ပြု ထားခဲ့ပြီးဖြစ်ပါတယ်။ယခုအခါမှာတော့ ကူမင်းခရိုင်နဲ့မြို့နယ်အဆင့်တို့ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းချမှတ်ကာ ယွမ်ငွေသိန်း ၉၅၀ ကျော် အသုံးပြုသွားမှာဖြစ်ပြီး လူအင်အား ၁၇သိန်းကျော်၊ စက်ယန္တရား ၁သိန်းကျော်၊ ရေသယ်ယာဉ် ၁၄၀၀၀ ကျော် စက်သုံးဆီတန်ချိန် ၁၂၀၀ ကျော်အသုံးပြုကာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ကယ်ဆယ်ရေးလုပ်ငန်း ၁၇၀ကျော်နဲ့ ဆောင် ရွက်သွားမယ်လို့ သတင်းရရှိပါတယ်။       Source : ယူနန်ချွန်းချိမ်ဝမ်ပေါင်သတင်းစာ  (သောင်းနိုင်၊မူဆယ်)

Tuesday, 23 Feb 2010

မြန်မာ-အိန္ဒိယနယ်စပ်  ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ ဝက်အရှင်၊ ဆပ်ပြာမှုန့်၊ ပလတ်စတစ်အိတ် တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကို ဖော်ပြလိုက်ပါ တယ်- ပစ္စည်းအမည်  ရေတွက်ပုံ  မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး) ဝက်အရှင် ကီလိုဂရမ်   ၂၀၀၀  ၉၈ ဆပ်ပြာမှုန့်  ဖာ  ၉၀၀၀  ၄၃၀ ပလတ်စတစ်အိတ်  အိတ်  ၁၈၀၀၀  ၈၆၀  မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် ထိုင်း နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံ မဲဆောက်ပေါက်ဈေးတွေကို ဖော်ပြလိုက်ပါတယ်- ပစ္စည်းအမည်  ရေတွက်ပုံ  မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ဘတ်)   ပဲတီစိမ်း  တန် ၁၀၄၄၄၇၅  ၃၃၉၃၃ ပဲလွန်းဖြူ  တန်  ၇၀၆၂၂၅  ၂၂၉၄၄ ပဲကြီး  တန်  ၅၈၃၂၂၅  ၁၈၉၄၈ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေနယ်စပ်စခန်းမှ တစ်ဖက်ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဆီးသီခြောက်၊ နနွင်းတက်၊ မန်ကျည်းစေ့တို့ တင်ပို့လျက် ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက် ဈေးတွေကို ဖော်ပြလိုက်ပါတယ်-  ပစ္စည်းအမည်  ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်)  တစ်ဖက်နိုင်ငံဈေး (တာကာ) ဆီးသီးခြောက်    တန်  ၁၅၀၅၅၂  ၁၇၁၁၂ နနွင်းတက်  တန် ၁၂၈၈၈၇၂   ၉၉၅၄၃ မကျည်းစေ့  တန်  ၁၀၁၅၉၂  ၁၂၃၃၃ခိုင်ဝင်းကေသွယ်

Tuesday, 23 Feb 2010

ဖိုးမှန်က မြန်မာ-တရုတ် မူဆယ်နယ်စပ်မှာ ပို့ကုန်၊ သွင်း ကုန် ဆောင်ရွက်နေတဲ့ ကုန်သည် စ်ဦၤးပါ။ ဖိုးမှန်ကိုယ်တိုင် သစ်သီးဝလံများ တင်ပို့ပြီး ရရှိတဲ့ Export Earningနဲ့ သွင်းကုန်ပစ္စည်း တွေ တင်သွင်းနေတာပါ။ နယ်စပ်ကုန်သွယ် ရေး စပေါ်ကတည်းက လုပ်နေတာ အတော်ကြာ နေခဲ့ပါပြီ။ နယ်စပ်ကုန်သွယ်ရေးဌာနက ဖိုးမှန်တို့လို နယ်စပ်ကုန်သည် တွေအကျိုးကို အမှန်တကယ်ကူညီဆောင်ရွက်ပေးနေတဲ့ ဌာန တစ်ခုပါ။ နယ်စပ်ကုန်သွယ်ရေးဌာနရဲ့ ရည်ရွယ်ချက်ထဲမှာ ကိုက ကုန်သည်များလုပ်သာကိုင်သာရှိရေးနှင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုတဲ့  အချက်တွေပါရှိပြီးဖြစ်တာကို တွေ့ရပါတယ်။ ရှင်းရှင်းပြောရရင် နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်^သွင်းကုန် လိုင်စင်လျှောက်ရတာ အတော်လေး မြန် ဆန်တာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် ရဲ့မူကိုက နယ်စပ်နေ ပြည်သူတွေ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ရေး အတွက် ရည်ရွယ်ပြီး နယ်စပ်ကုန်သွယ် ရေးစခန်းတွေမှာ စခန်းအစီအစဉ်နဲ့ လိုင်စင်ခွင့်ပြုပေးတာတွေ ရှိသလို နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ သွင်းကုန်ဌာန (နေပြည်တော်)မှာ လိုင်စင်လျှောက်ထားရာမှာလည်း   ပိုကုန်၊ သွင်းကုန် လုပ်ငန်း ညှိနှိုင်းအဖွဲ့နဲ့စိစစ်ပြီး ယနေ့လျှောက် မနက်ဖြန် လိုင်စင် ထုတ်ပေးတာတွေ ဆောင်ရွက် ပေးလျက်ရှိတာ တွေ့ရပါ တယ်။ ဆိုလိုတာကတော့ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ကုန်သည်များ လုပ်သာကိုင်သာရှိရေး အတွက် အတတ်နိုင်ဆုံး ဖြေလျှော့ပြီး ကုန်သွယ် မှုတွေ လျင်မြန် အောင် ကူညီဆောင်ရွက်ပေးနေတာ တွေ့ရှိရပါတယ်။  ကုန်ပစ္စည်း ဈေးနှုန်းအပိုင်းဆိုရင် နယ်စပ် ပြင်ပဈေး ကွက်ပေါက်ဈေးအတိုင်း ဆောင်ရွက်ပေး နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နယ်စပ်ကုန်သွယ်ရေး စခန်းတိုင်း မှာ  အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းOne Stop Services (OSS) ဆိုတဲ့ ဌာနခြောက်ခုပါဝင်တဲ့ တာဝန်ရှိသူတွေနဲ့ နယ်စပ်ကုန် သည်အသင်း၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေး ပြီး နယ်စပ်မှာ ကူးသန်းရောင်းဝယ်နေတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို လက်ရှိပြင်ပဈေးကွက ်ပေါက်ဈေးနဲ့ စိစစ်ညှိနှိုင်း ပေးလျက်ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုစိစစ်ညှိနှိုင်းထား တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကို နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာနက အတည်ပြုပေးပြီး လုပ်ငန်းရှင်များ လွတ်လွတ်လပ် လပ် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို ဈေးကွက် ပေါက်ဈေးအတိုင်း ခွင့်ပြုပေးနေတာဖြစ်ပါတယ်။ ဒီလို အခြေ အနေမှန်ကို မသိဘဲနဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ ကုန်သည်တွေ အကြား အထင်အမြင်ကွဲလွဲအောင် မဟုတ်မမှန် ချဲ့ထွင်ပြီး လိုင်စင်များကြန့်ကြာလို့ ကုန်သွယ်ရေးပဲ ကျဆင်း နေသလိုလို၊ ကုန်သည်တွေပဲ အခက်အခဲဖြစ်သလိုလိုမျိုး ကမ္ဘာ့မီဒီယာနဲ့  အင်တာနက်သတင်းတချို့မှာ ဖော်ပြနေတာတွေကို တွေ့နေ ရတာကြောင့် ဖိုးမှန်တို့လို အမှန်တကယ် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေတဲ့ ကုန်သည်တွေအနေနဲ့ အဖြစ်မှန်ကို ကုန် သည်များ အထင်အမြင် မမှားရအောင် ရေးသားလိုက်ရပါ တယ်။                             ဖိုးမှန် (မူဆယ်)

Tuesday, 23 Feb 2010

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ လိမ္မော်သီး တန်ချိန် ၄၈၅ခန့် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် ၉၀ခန့်သာတင် ပို့နိုင်ခဲ့သဖြင့် ယခုအပတ်မှာ တန်ချိန် ၃၉၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း မှ သိရပါတယ်။ မိုင်းဆတ်မြို့နယ်၊ နန်ကျမ်းကျေးရွာ၊ တာချီလိတ်မြို့နယ်   ဝမ်ကျောက်လုံ ကျေးရွာများက   စိုက်ပျိုးထွက်ရှိတဲ့ လိမ္မော်သီးများကို တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ တင်ပို့ခြင်း ဖြစ်ပါ တယ်။ အချိုရည်ပြုလုပ်ရန်  ကုန်ကြမ်း အဖြစ်   ဝယ်ယူကြတာဖြစ်တဲ့အတွက် အသီးအရွယ်အစားမရွေး အရိုင်းအဖြစ် တန်ချိန်ဖြတ်ဝယ်ယူနေကြတာလို့လည်း သိရပါတယ်။ လိမ္မော်သီး တစ်တန်ကို ၁၈၅ ဒေါ်လာနှုန်း ဈေးပေါက်လျက်ရှိပါ တယ်။ှSource: နကသ (တာချီလိတ်)(MIRT-DOBT)

Thursday, 28 Jan 2010

   မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့နယ်တွင် တမူးရှိ နမ့်ဖာလုံဈေးကဲ့သို့နယ်စပ်ဈေးတစ်ခု တည်ဆောက်ရန် ဒေသခံကုန်သည် များနဲ့ ပြည်သူလူထုကလိုလားနေကြပါတယ်။   ဈေးတည်ဆောက်မယ့်နေရာကို နယ်စပ်ဂိတ်နဲ့ ဂိုက်၇၀၀ခန့်အကွာမှာရှိတဲ့ ဘောလုံးကွင်း နေရာဟောင်းမှာ ဆောက်လုပ် ဖို့ရွေးချယ်အတည်ပြုထားပြီးဖြစ်ပါတယ်။ နယ်စပ်နဲ့နီးတဲ့အတွက် တစ်ဖက်နိုင်ငံက ဈေးဝယ်လိုသူများ မိမိဘက်သို့လာရောက်နိုင်ပြီး ကားလမ်းဘေးမှာဖြစ်လို့သွားရေးလာရေးလွယ်ကူကြောင်းသိရပါတယ်။ တစ်ဖက်နိုင်ငံသို့ သွားရောက်ရောင်းချရ၍ ဈေးနှိမ်ခံနေရတဲ့ အခြေအနေကနေ မိမိဘက်မှာဈေးကွက်ရြှိပီဖြစ်တဲ့အတွက် မိမိစိတ်ကြိုက်ရောင်းချနိုင်တဲ့ အခြေအနေကိုရရှိမှာဖြစ်ပါတယ်။   ဒေသခံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်များကိုလည်း နေရာတကျ သတ်သတ်မှတ်မှတ်ရောင်းချ နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်နိုင်ငံမှ လာရောက်ဈေးဝယ်သူများ နေ့စဉ်လာရောက်မှာ ဖြစ်တဲ့အတွက် နယ်စပ်ဖြတ်ကျော် ဝင်ကြေးများလည်းပိုမိုရရှိလာမှာဖြစ်ပါတယ်။   မိမိဘက်မှကုန်ပစ္စည်းများကို တစ်ဖက်နိုင်ငံ ချန်ဖိုင်၊ အိုက်ဇောမြို့များကို တစ်လကိုးသီတင်း သွားရောက်ရောင်းချမယ့်အစား ရိဒ်ခေါ ဒါရ် ဈေးမှာပဲရောင်းချနိုင်မှာဖြစ်တဲ့အတွက် မြန်မာ-အိန္ဒိယ နယ်စပ်ရှိရိဒ်ခေါဒါရ်တွင် နယ်စပ်ဈေးတစ်ခုတည်ဆောက်သွားရန်ရှိပါတယ်။ အနာဂတ်ကာလမှာ စည်ကားလာမယ့် အလားအလာရှိပြီး ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးပြုမယ့် ရိဒ်ခေါဒါရ် ဈေးကြီးဆောက်လုပ်ရန် စိတ်ပါဝင်စားသူများအနေနဲ့ ရိဒ်ခေါဒါရ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး ဖုံး-၀၇၀ ၅၀၄၀၄ နှင့် ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေးရုံး ဖုံး-၀၇၀ ၅၀၄၆၇ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိပါတယ်။ှSource: နကသ(ရိဒ်)     အောင်ဝင်း

Thursday, 28 Jan 2010

   မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်ထိုင်းနိုင်ငံသို့ ရာသီသီးနှံ လိမ္မော်သီးများတင်ပို့လျက် ရှိရာ  ဇန်နဝါရီလတတိယပတ်တွင် လိမ္မော်သီး တန်ချိန် ၆၅၀ကျော်ကို တန်ဖိုးအားဖြင့် ဒေါ်လာတစ်သိန်းကျော်ဖိုးတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ်နယ်စပ် ကုန်သည်တစ်ဦးထံမှသိရပါတယ်။   ဇန်နဝါရီလဒုတိယပတ်မှာတော့ လိမ္မော်သီး တန်ချိန်၅၀ကျော်ပဲ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၆၀၀ကျော်ပိုမို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။Source: နကသ (တာချီလိတ်)(ခင်မြနွယ် - MIRT)

Pages