Main menu

Background

Friday, 15 Jun 2018

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၀၃ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၉၇၂၀ စီးတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၉၈၆၈ စီးတင်သွင်းခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၁၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၄၆၉ သန်းတန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၃၆၃ စီးကိုလည်း တင်သွင်းခဲ့ပါတယ်။

Thursday, 31 May 2018

မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅  ဒသမ ၅၆၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၆၈၂၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀၇၈၁ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၉၆၁ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။

Thursday, 31 May 2018

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မေ ၁၂ ရက်မှ ၁၈ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၀၈ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် (၁၅) မျိုးကို တန်ချိန်အားဖြင့် ၈၈၃ တန်ကျော်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၇၈၈ တန်ကျော်နဲ့နှိုင်းယှဉ် ပါက ၉၅ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ ဖန်းခါးသီး ခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊ နနွင်းခေါင်း၊ ဆီးဆန်၊ ကွမ်းစားဂမုန်း၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်လျှာစေ့၊ ခပေါင်းစေ့၊ ဝဥ ခြောက်၊ နာနတ်လျှော်၊ ဒရင်ကောက်မြစ်၊ ချဉ်ပေါင်ဖာလာ(အခွံပါ)နဲ့ (အခွံမပါ)တို့ဖြစ် ပါတယ်။

Thursday, 31 May 2018

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၈၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၆၇၃ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက်တင်ပို့မှုမှာ မူဆယ်မှ ၁၄၇၆၆ တန်၊ လွယ်ဂျယ်မှ ၃၆၆၉ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၃ တန်နဲ့ ကန်ပိုက်တီမှ ၂၀၅ တန်ဖြစ်ပါတယ်။ ယခင်တစ်ပတ် က မူဆယ်မှ ၂၁၄၆၂ တန်၊ လွယ်ဂျယ်မှ ၁၉၃၆ တန်၊ ချင်းရွှေဟော်မှ ၃၂ တန်နဲ့ ကန်ပိုက်တီမှတန် ၂၀၀ တင်ပို့ခဲ့တဲ့ အတွက် ကျန်စခန်းသုံးခုမှ ပိုမိုတင်ပို့ခဲ့ တာတွေ့ရပြီး မူဆယ်မှအဆိုပါ ရက်သတ္တပတ်အတွင်း  ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် တင်ပို့မှုလျော့န

Thursday, 31 May 2018

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၄၀ သန်း တန်ဖိုးရှိသကြား(ရိုးရိုး) တန်ချိန် ၁၃၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က  တင်ပို့ခဲ့တဲ့ ၆၄၈၇ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခု တစ်ပတ် တန် ၇၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ အလားတူ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ သကြား ၇၇ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Thursday, 31 May 2018

ရှမ်းပြည်နယ်အတွင်း အကြီးမားဆုံး ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၁ ရက်မှ ၁၅ရက် အထိကျွဲ၊ နွား ၆၆၈၀ ကောင်ကို တစ်ဖက်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 23 May 2018

မေလ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်းတန်ချိန်  ၄၃၀ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် အင်ဒိုနီးရှားနိုင်ငံသို့ ၂၅ တန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  တန် ၅၀၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၄၀ နဲ့ စင်ကာပူနိုင်ငံသို့ ၁၁၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခင် သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်း ၃၉၈ တန်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၃၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၂၄၆၀၀င်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။                

 သီတာဝင်း( DOT )

Wednesday, 23 May 2018

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ မေ ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၃၂၀ သန်းတန်ဖိုးရှိ ကြက် သွန်နီ ၁၀၆၈ တန်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၁၂၄၀ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မှာ ၁၇၂ တန်လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှလည်း အဆိုပါ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၁၇၆ တန်ဖိုးရှိ ကြက်သွန်ဖြူ  ခြောက်တန်ကျော်ကို အိန္ဒိယ နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Friday, 30 Mar 2018

           ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ မတ် ၁၀ ရက်မှ ၁၆ ရက်ထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၃၁ တန်ကို တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က ၃၄၄ တန်တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၃ တန်တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။  ယခုတစ်ပတ်မှာ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်တင်ပို့မှု ပိုမိုခဲ့သော်လည်း မောင်တော ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်တင်ပို့မှု ကျဆင်းခဲ့တဲ့အတွက် ယခုလို ကျဆင်းခြင်းဖြစ်ပါတယ်။တင်ပို့ မှုကိုကြည့်ပါက စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးမှ ရေထွက်ကုန် ငါးမြစ်ချင်း၊ ငါးခေါင်းပွတို့ကို  ၂၈၁ တန်နဲ့ မောင်တော ကုန်သွယ်ရေးစခန်းရ

Friday, 30 Mar 2018

      မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း     အမေရိကန် ဒေါ်လာ ၆၈၂၂၅၂ တန်ဖိုးရှိ နို့ဆီ ၆၂၆ ဒသမ ၀၄၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်   မလေးရှား နိုင်ငံမှ ၃၁၉ ဒသမ ၆၄၄ တန်နဲ့ စင်ကာပူနိုင်ငံမှ ၃၀၆ ဒသမ ၄၃၂ တန်တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ် များမှာ တီးပေါ့၊ မာရီဂိုးနဲ့ အိုကေတို့ဖြစ် ပါတယ်။ ယခင်သီတင်းပတ်က    တင် သွင်းခဲ့တဲ့   နို့ဆီတန်ချိန် ၂၁၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန်၄၁၀ ကျော် တင်သွင်းမှုပိုခဲ့တယ်လို့  သိရ ပါတယ်။နို့မှုန့်က  ဒီတစ်ပတ်မှာ  နယူး ဇီလန်နိုင်ငံမှ    ၈  ဒသမ ၀၅၈ တန်နဲ့ မလေးရှားနိုင်ငံမှ  ၃၀ ဒသမ ၄၂ တန် ၊ စုစု ပ

Pages