Background
ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ပဲလောကမှာ ကြုံတွေ့နေရတဲ့ အခြေအနေလေးကို ပြောပြပေးပါ။ အဓိကကတော့ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ တန်ချိန် နှစ်သိန်းပဲလက်ခံတော့မယ်။ ကျန်တာကို ဆက်လက်တင်သွင်းခွင့် မပြုေ တာ့ဘူး။ နောက်ပြီး သြဂုတ်လ ၂၁ ရက်မှာ မတ်ပဲနဲ့ပဲတီစိမ်း ကို တန်ချိန် သုံးသိန်းပဲ ဝယ်တော့မယ်။ ကျန်တာကိုတော့ မတ်လ ၃၁ ရက် ဘတ်ဂျက်ကုန်တဲ့အထိ မဝယ်တော့ဘူးလို့ကန့်သတ်လိုက်ပါတယ်။ အဲဒီလို ကန့်သတ်လိုက် တဲ့ အခါကျတော့ ကျွန်တော်တို့နိုင်ငံက တကယ်စိုက်ပျိုးပြီး တကယ်ထွက်ရှိတဲ့ ပဲတွေကလည်း မတ်ပဲရယ်၊ ပဲစင်းငုံရယ်၊ ပဲတီစိမ်း ရယ် ဒီသုံးမျိုးက အများဆုံးတင်ပို့တဲ့ပဲတွေဖြစ်နေတယ်။ အများဆုံးတင်ပို့တဲ့ပဲတွေအနက်ကမှ မတ် ပဲနဲ့ ပဲစင်
စီးပွားရေးပေါင်းစည်းမှု (Economic Integration) အောင်မြင်လိုပါက အာဆီယံ နိုင်ငံများသည် မိမိတို့၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို ပြည်သူလူထုသို့ ပိုမိုချပြအသိပေးရန် လိုအပ်သည်။ ထို့ပြင် အာဆီယံနိုင်ငံများ ကြားတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဆိုင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ကို အကောင်အထည်ေ ဖာ်ခဲ့သည်မှာ (၂)နှစ်ပြည့် မြောက်တော့မည်ဖြစ်သော်လည်း အရှေ့ တောင်အာရှဒေသသည် ဒေသဆိုင်ရာ စီးပွား ရေးပူးပေါင်းမှုတွင် ဒေသတွင်းအခက်အခဲများ နှင့် စိန်ခေါ်မှုများ (Internal challenges) ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပျားရည် ကုန်ပစ္စည်း တင်ပို့သည့် ကုန်သွယ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး အကူးအပြောင်းကာလ ၁၈ လကို စီစဉ်ပေး ထားပါကြောင်း၊ အကူးအပြောင်းကာလ ၁၈ လမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၈ ရက် အထိဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်သို့တင်ပို့ရောင်း ချမည့် ပျားရည်၏အစားအစာ ဘေးကင်းလုံခြုံရေး စီမံ ခန့်ခွဲမှုစနစ်၏ စစ်ဆေးအကဲဖြတ်ခြင်း၊ တင်ပို့သည့် ပျား ရည်ကုန်စည်များ အန္တရာယ် ရှိ/မရှိစိစစ်ခြင်း လုပ်ငန်းတို့ ကို အဆိုပါ အကူးအပြောင်းကာလ ၁၈ လအတွင်း ပြီးစီး အောင် ဆောင်ရွက်ရမည့်အပြင် ပျားရည်ကုန်စည် ကျန်း မာရေးသက်သေခံလက်မှတ်ကို တရုတ်နိုင်ငံမှ သက်
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ သီတင်းပတ်အတွင်း တရုတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၈၄၀၀ တန်ဖိုးရှိ ဝါဂွမ်း ၇၂ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၅၀ နဲ့ နှိုင်းယှဉ်ပါက ၂၂ တန် ပိုမိုတင်ပို့ခဲ့ ပါတယ်။ ဝါဂွမ်းအပြင် အမေရိကန် ဒေါ်လာ ၂၈၀၀၀ တန်ဖိုးရှိ ပိုးအိမ် ၈ တန်ကိုလည်း တင်ပို့ခဲ့တာ တွေ့ရပါ တယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ် ဆင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၇၉၂၉၀ တန်ဖိုးရှိ ကော်ဖီစေ့ တန် ၉၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဇွန်လနောက်ဆုံးပတ်က ၂၉ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။
ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၅၀၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၉၆၁ စီးတင်သွင်းခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ ၅၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တမူးကုန်သွယ်ရေးစခန်းများမှ ပိုမို တင်သွင်းခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်တော့ ရှမ်းနနွင်းက အရောင်းအဝယ် ခပ်ပါးပါးဖြစ်နေပါတယ်။ အောင်ပန်း နနွင်းထက် ဟိုပုံးနနွင်းက အရောင်း အဝယ်ဖြစ်နေပါတယ်။ ဟိုပုံးဈေးကွက်မှ နနွင်းတွေကို မူဆယ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်တွေက ဝယ်ယူနေပါတယ်။ မူဆယ်ဝယ်လက်တွေက နံပါတ်(၂) လို့ခေါ်တဲ့ နနွင်းကို တစ်ပိဿာ ကျပ် ၁၁၀၀ နဲ့ဝယ်ယူပြီး ရန်ကုန်ဝယ်လက်တွေကတော့ နံပါတ်(၁)နဲ့ နံပါတ်(၂) ရောနှောထားတဲ့ နနွင်းတွေကို ကျပ် ၁၄၅၀ နဲ့ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ နနွင်းအဝင် နည်းနေပြီး လက်ကျန် နနွင်းတွေကို အရောင်းအဝယ်ပြုလုပ်နေရတယ်လို့ သိရ ပါတယ်။ နနွင်းလက်ကျန်ကလည်း တန်ချိန်ထောင်ဂဏန်းခန့်သာကျန်တယ်လို့လည်း ဈေးကွက်မှသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အရောင်း
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေချိုငါးမြစ်ချင်းပိုမိုတင်ပို့
ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ ကြက်သွန်နီ ၁၁၃ တန်ကို တရုတ် နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၀၂၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၂၄ တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ပါတယ်။အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်း မှ အမေရိကန် ဒေါ်လာ ၅၆၂၉ တန်ဖိုး ရှိ ကြက်သွန်ဖြူ ၂၁ တန်ကျော်ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၄၄၃၁ တန်ဖိုးရှိ ကြက်သွ
ဇူလိုင် ၉ ရက်မှ ၁၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၉၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် စင်ကာပူ နိုင်ငံသို့ ၁၆ တန်နဲ့ မလေးရှားနိုင်ငံသို့၇၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့နနွင်း တန်ချိန်၁၁၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာ တန်ချိန် ၂၀ကျော် တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် နနွင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၈၀၂၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)