Main menu

Background

Wednesday, 16 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း မှ ဇန်နဝါ ရီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ် လာ ၂ ဒသမ ၂၉၀ သန်းတန်ဖိုးရှိရေထွက်ကုန် ၁၀၁၈ တန် ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၉၀၅ တန် ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၁၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ မူဆယ် မှ ကန်ဒေါ်လာ ၁ ဒသမ ၆၃၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၈၃၄ တန်ဖြစ်ပါတယ်။ အဆိုပါရေထွက်ကုန်များမှာ ကဏန်း ၅၁ တန်ခန့်၊ ငါးရှဉ့် ၆၄ တန်ခန့်၊ ရေခဲငါး ၂၂၈ တန်ခန့်၊ ငါးဆားနယ် ၅၆ တန်ခန့်၊ ငါးခြောက် ၆၈ တန်ကျော်၊ ပုစွန် ခြောက် ၃၆ တန်ခန့်၊ ငါးမှုန့် ၂၀၉ တန်ကျော်နဲ့ ကင်းမွန် ခြောက် ၁၂၂ တန်ခန့်ဖြစ်ပါတယ်။

Wednesday, 16 Jan 2013

မြန်မာ-အိန္ဒိယနယ်စပ်မှ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ကန် ဒေါ်လာ သုည ဒသမ ၀၁၅ သန်း ဖိုး ရှိဝက်အရှင် ၉၁၆၅ ကီလိုဂရမ်ကို ရိဒ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်နှစ် နှစ်ကုန်ပိုင်းကာလမှာတော့ ၁၁၇၀ ကီလိုသာတင်ပို့နိုင်ခဲ့တဲ့အတွက် ၇၉၉၅ တန်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ ဝက်အရှင်များဟာ ကလေး- ကလေး၀ ဘက်မှ လာတဲ့ဝက်များဖြစ်ပြီး ဝက်အရှင် ၁ ကောင်ရဲ့အလေးချိန်ဟာ ၈ ကီလိုဂရမ်ခန့်ပျမ်းမျှရှိတာ တွေ့ရပါတယ်။ ဝယ်လက် လို အပ်ချက်ပေါ်မူတည်ပြီး ဝက်အရှင်များကို ကလေး-ကလေး၀ ဘက်မှ ဂျစ်ကားများဖြင့် သယ်ယူပြီး တစ်ဖက်နိုင်ငံချန်ဖိုင်မြို့ ထိ တင်ပို့လျက်ရှိတာတွေ့ရပါတယ်။ မိမိဘက်ဈေး ၁ ကီလို ဂရမ်ကို ၄၀၀၀ ကျပ်နဲ့ တစ်ဖက် နိုင်ငံမှာတော့ ၁ ကီလို ဂရမ်ကို ၂၅၀၀ ရူပီးဈေးပေါက်လျက်ရှိတယ်လို့ ရိဒ်နယ်စပ်မှ သိရပါတယ်။                               MIRT(DOBT)

Wednesday, 16 Jan 2013

နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှာ Individual Trading Card ကို အသုံးပြုပြီးကုန်သည်ငယ်များအား ကုန် သွယ်မှု လုပ်ဆောင်ခွင့်ပြုထားခဲ့ပြီး ဖြစ် ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်ထဲ  ITC ၃၆ ကတ်ထုတ်ပေးထားပြီးကြောင်းနဲ့ လိုင်စင် လာရောက် လျှောက်ထား ဆောင်ရွက်သူ (၁၁) ဦးရှိနေပြီလို့ သိရ ပါတယ်။ ပို့ကုန်အမယ် (၂) မျိုးကို  ITC အသုံးပြုတင်ပို့ထားပြီးဖြစ်ပါတယ်။ ဒေသထွက်ပဲပုပ်စေ့နဲ့ ကုလားပဲ လုံးဝါ ၇၅၀၀ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကျပ် ၉ သန်းကျော်ဖိုးဆောင်ရွက်ထားပြီးပြီလို့ သတင်းရရှိပါတယ်။ သွင်းကုန်ပိုင်းမှာ ပစ္စည်းအမယ် (၉) မျိုး တန်ဖိုးကျပ် ၃၃ သန်းကျော်ဖိုး တင်သွင်းထားပြီး ဖြစ်ပါ တယ်။ ပစ္စည်းအမယ်တွေကတော့ ရွှေ ရည်စိမ် လက်ကောက်၊ လုံချည်၊ ဖိနပ် မျိုးစုံ၊ လက်နှိပ်ဓာတ်မီး၊ ခေါင်းလိမ်းဆီ၊ အမွှေးတိုင်၊ ပါတိတ်၊ ဆာရီစနဲ့ ကတ် ကြေး တို့လို့သိရပါတယ်။ ITC  နဲ့ ကျပ် ၄၃ သန်းကျော်ဖိုးေ ဆာင်ရွက်ထားပြီး    ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများနဲ့  ITC ထုတ်ပေးခြင်းကို ပိတ်ရက် မရှိ ဆောင်ရွက်ပေးေ နတယ်လို့ တမူး နယ် စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန် ကြားရေးမှူး ဦးဝင်းတင့်ထံမှ သတင်း ရရှိပါတယ်။Souce:နကသ(တမူး)၊ဂန္ဓမာ

Wednesday, 16 Jan 2013

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ထုတ်နုတ်အင်အား ဖြင့် ဖွဲ့စည်းထားတဲ့ Mobile Team  အဖွဲ့ဟာ စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့် တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက်ရေးတို့အတွက် တမူး-ကလေး ကားလမ်းမပေါ်ရှိ တမူးမှ ၁၅ မိုင်အကွာ ခွန်မွန်းနွန်ရွာမှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအားစစ်ဆေး ရှာဖွေမှုများပြုလုပ်ခဲ့ပါတယ်။ ပြည်သူများစားသုံးရန် မသင့်သော ၇၃ ကီလို ဂရမ်ခန့်ရှိသော ကွမ်းပေါင်းထုပ်ကြီး ၂၅ ထုပ်၊ အကောက်ခွန်မဲ့ သယ်ဆောင် လာသော ၁၈၀ ကီလိုဂရမ်ခန့်ရှိသော စွန်ပလွန်ယို အိတ်ကြီး ခြောက်အိတ်၊ ပါတိတ်လုံချည် ၂၇၅ ထည်၊ မစီးဖိနပ် ၄၅ ရံ၊Sandal Wood  တံဆိပ်အမွှေးတိုင် ၁၂ ထုပ်ပါ အထုပ်ကြီး ၁၆၀၊ Sirode Luxe   တံဆိပ် အမွှေးတိုင် ၇၂ ထုပ်ပါ အထုပ်ကြီး ၇၆ ထုပ် စုစုပေါင်းခန့်မှန်း သိန်း ၂၀ ကျော်ဖိုးကို Mobile Team  အဖွဲ့မှ စစ်ဆေးဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

Wednesday, 16 Jan 2013

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ကုန်သွယ်မှုတိုးတက် စေရန်နဲ့ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့ရန်အတွက် မူဆယ်-မန္တလေးလမ်းကြောင်းနဲ့ မြဝတီ-ရန်ကုန်ကုန်သွယ်မှု လမ်းကြောင်းများေ ပါ်မှာရှိတဲ့ တရားမဝင် ကန့်သတ်ကုန် စစ် ဆေးရေးဂိတ်များဖြစ်တဲ့ ရေပူနဲ့မရမ်းချောင်း နှစ်ဂိတ်ကို ဖယ်ရှားဖြေေ လျာ့ပေးခဲ့ပါတယ်။ ကုန်သွယ်မှုလမ်းကြောင်း ပေါ်မှာ အတားအဆီး သဖွယ်ဖြစ်နေတဲ့ အတွက် ဖြေေ လျာ့ ပေးခြင်းဖြင့် ကုန်သွယ်မှုချောမွေ့ လျင်မြန်စေရန်ရည်ရွယ်ပြီး ဖယ်ရှားပေးခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့နောက်ပိုင်းမှာ ဖမ်းဆီးမှုများမပြုလုပ်တော့တဲ့ အတွက် ဈေးကွက် အတွင်းတရား မျှတသောယှဉ်ပြိုင်နိုင်မှုမရှိတော့ခြင်း၊ စားသုံးသူများအတွက် အရည်အသွေးမှန် စံချိန်စံညွှန်းမီ စား သောက်ကုန်များ၊ ဆေးဝါးများ၊ ဆီများတရားမဝင် တင်သွင်း နေကြတဲ့အတွက် စားသုံးသူအကာ အကွယ်ပေးရေးနဲ့ တရား မဝင်ကုန်သွယ်မှုများလျော့နည်းပပျောက်ရေး Mobile Team များဖွဲ့စည်းပြီး နိုဝင်ဘာလ ၁ ရက်နဲ့ နိုဝင်ဘာလ ၂၀ ရက် တို့မှစပြီး ပညာပေးကာလအဖြစ် သတ်မှတ်ကာ စစ်ဆေး ပညာပေးဆောင်ရွက်လျက်ရှိပါတယ်။

Wednesday, 16 Jan 2013

Mobile Team  ပညာပေးကာလအတွင်းမှာ ကန့်သတ်ကုန်များသိမ်းဆည်း ခြင်း၊ ခွင့်ပြုပစ္စည်းများအား လိုင်စင် ခွင့်ပြု၍ အခွန်ဆောင်ခြင်းများဆောင်ရွက်ပေး လျက်ရှိနေပြီး ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တွေ့ရှိပစ္စည်းများအား သိမ်းဆည်းခြင်း၊ ပိုင်ရှင်နဲ့သယ်ယူသူများအားဥပဒေနဲ့အညီအရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားတော့ မှာ ဖြစ်တဲ့အတွက် ဒေသနေပြည်သူများပူပေါင်းပါဝင် ဆောင်ရွက်မှသာ နိုင်ငံတော်ရဲ့လမ်းညွှန် ချက် များ အောင်မြင် နိုင်မှာ ဖြစ်တယ်၊ တစ်ဘီးတည်းလိမ့်နေလို့ခရီးရောက်မည်မဟုတ်ကြောင်း ကုန်သွယ် ရေးနဲ့ပ တ်သက်ပြီး လုပ်ငန်း ဆောင်ရွက်ရမှာ တွေ့ကြုံရတဲ့အခက်အခဲများကို ပွင့်လင်းမြင်သာ တဲ့ခေတ်နဲ့ အညီ ပွင့်ပွင့် လင်းလင်းဆွေးနွေးကြဖို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က တမူးနယ်စပ်ကုန်သွယ်ေ ရး ညွှန်ကြားရေးမှူး ဦးဝင်းတင့်က လစဉ်   ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်း ရရှိပါတယ်။

Wednesday, 16 Jan 2013

စားသုံးသူအကာအကွယ်ပေးရေးနဲ့ ကုန်သွယ်မှုမြှင့်တင် ရေးအတွက် တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းချုပ် ရန် မြဝတီ-ရန်ကုန်လမ်းကြောင်းမှာ လှုပ်ရှားရှာဖွေတားဆီး ရေးအဖွဲ့ (၂) ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၀ ရက်နေ့မှစတင် ကာ ပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိပါ တယ်။ ပညာပေးကာလမှာ ၂၀၁၃ ခုနှစ်ဇန်နဝါရီလ၂၀ ရက် နေ့မှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။

Sunday, 6 Jan 2013

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တမူးနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း များမှယခုအပတ်မှာ ကန်ဒေါ်လာသုညဒသမ ၂၂၉ သန်းတန်ဖိုး ရှိ ကွမ်းသီးခြောက် ၂၁၇ တန်ခန့်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၆၄ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၄၇ တန် လျော့ကျတင်ပို့ခဲ့ပေမဲ့ ကွမ်းသီး တင်ပို့မှု ပုံမှန် ဖြစ်နေပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ ကွမ်းသီး ၂၅၅၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၃၅ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကွမ်းသီး ခြောက်များဟာ မုံရွာဒေသမှထွက်ရှိတဲ့ ကွမ်းသီးခြောက်များ အပြင် ရေး၊ မြိတ်၊ ထားဝယ်ဘက်မှလာတဲ့ ကွမ်းသီးခြောက်များကိုပါ တစ်ဘက်နိုင်င ံမိုရေးမှတစ်ဆင့် အိန္ဒိယသို့တင်ပို့နေတာ ဖြစ်ပါတယ်။ ကွမ်းသီးခြောက်များကို မိမိဘက်မှာ ၁ ကီလို ကို ၉၀၀ ကျပ်ဈေးပေါက်ပြီး တစ်ဖက်နိုင်ငံမှာတော့ ၁ ကီလို ၆၅ ရူပီးနဲ့ ၇၀ ရူပီး (၁ ဒသမ ၁၈ - ၁ ဒသမ ၂၇ ဒေါ်လာ) ကြားဈေးရှိတယ်လို့လည်း တမူးနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် သိရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိမှာတော့ ၁၀၄၂၅ တန် တန်ဖိုး ကန်ဒေါ်လာ ၁၃ ဒသမ ၄၂၄ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                       ခင်မိုးသူ၊ MIRT (DOBT)

Sunday, 6 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် ထိကာလအတွင်းမှာ ကန် ဒေါ်လာ သုည ဒသမ ၇၂၂ သန်းတန်ဖိုးရှိ လိမ္မော်သီး ၂၀၆၁ တန်ကျော်တင်သွင်း နိုင်ခဲ့ပါတယ်။ လိမ္မော်သီးရာသီဖြစ်တဲ့အတွက် ယခင်အပတ်ထက် ၂၈၂ တန်ကျော် အသွင်း ပိုမိုခဲ့ပါတယ်။ လိမ္မော်သီးနဲ့အတူ ကန်ဒေါ်လာ ၁ ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပန်းသီး၊ သစ်တော်သီးများကိုလည်း ၂၆၁၅ တန်ကျော်တင်သွင်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မြင့်မြင့်မာ၊ MIRT (DOBT)

Sunday, 6 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ဒီဇင် ဘာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၇၉၈ သန်းတန်ဖိုးရှိ  ကောက်ညှင်းဆန် ၁၇၇၅ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါတယ်။ ဒီဇင်ဘာလ အတွင်းအပို့ရှိခဲ့တဲ့ ကောက်ညှင်းဆန်တွေကတော့ ပထမပတ်မှာ တန်ချိန် ၁၁၄ တန်ခန့်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၅၁ သန်း၊ ဒုတိယပတ်မှာတန်ချိန် ၃၈၇ တန်ခန့်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်း၊တတိယပတ်မှာတန်ချိန် ၄၄၇ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်း၊ စတုတ္ထပတ်မှာတန်ချိန် ၄၂၁ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၉၀ သန်းနဲ့နောက်ဆုံးပတ်မှာ တန်ချိန် ၄၀၅ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။မြင့်မြင့်မာ၊ MIRT (DOBT)

Pages