Main menu

Background

Monday, 4 Feb 2013

မြန်မာ-အိန္ဒိယနယ်စပ်မှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၄၄၁ တန်ခန့်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၈၈ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ ၁၅၃ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကွမ်းသီးခြောက်များကို အိန္ဒိယ ဘက်မှ ကုန်အမှာစာများအရ ပစ္စည်းစုဆောင်းတင်ပို့လေ့ရှိတာမို့ ယခုတစ်ပတ်မှာ ပိုမိုတင်ပို့နိုင်တာဖြစ်ပါတယ်။ ဇန်နဝါရီလတစ်လလုံးမှာ ကွမ်းသီးခြောက် တန်ချိန် ၁၃၀၀ ကျော် တင်ပို့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယဘက် မှာ ကွမ်းသီးခြောက် များကို ကွမ်းပေါင်းပြုလုပ်ရာမှာ ကုန်ကြမ်းအဖြစ် အဓိက အသုံးပြုတယ်လို့ သိရပါ တယ်။                                MIRT (DOBT)

Monday, 4 Feb 2013

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့လျက်ရှိသောဝါးများမှာ ဝါးကြီးဝါးသေးဟူ၍နှစ်မျိုးရှိပြီး ဝါးကြီးမှာ အရပ် ဒေသအခေါ်သာဖြစ်ပြီး ကရင်ဝါး၊ ကျသောင်းဝါးနှင့်မျှင်ဝါးစတဲ့ သစ်တောဦးစီးဌာန ရဲ့ ဝါးသေးအုပ်စုအတွင်းမှဝါးများသာဖြစ်ပါတယ်။ ဝါးသေးအမည်နဲ့တင်ပို့လျက်ရှိတဲ့ ဝါးများမှာ ကွမ်းတိုင်ဝါး၊ ကျူရိုးဝါးများသာဖြစ်ပြီး သစ်တောဦးစီးဌာနရဲ့ အခြား အုပ်စုအတွင်းမှဝါးများဖြစ်ပါတယ်။

Monday, 4 Feb 2013

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်စခန်းမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၆၄ သန်းတန်ဖိုးရှိ လိမ္မော်သီး ၂၉၀ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၁၄၅ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ဇန်နဝါရီလတစ်လလုံး လိမ္မော်သီး ၅၄၁ တန်ကျော်ကိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှလည်း ကန်ဒေါ် လာ ၁ ဒသမ ၉၈၇ သန်းတန်ဖိုးရှိ ဖရဲသီး ၁၃၁၁၂ တန်တင်ပို့ ခဲ့ ပါတယ်။ ယခင်အပတ်ကထက် ၂၄၇၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဖရဲသီးကားများ တစ်နေ့ပျမ်းမျှအစီး ၁၀၀ ခန့် အဝင်ရှိနေပြီး နှစ်သစ်ကူးရာသီချိန်မို့ ဖရဲသီးများအဝယ် လိုက်နေခြင်းဖြစ်ပါတယ်။

Monday, 4 Feb 2013

တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်များမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၄ ဒသမ ၄၄၃ သန်းတန်ဖိုးရှိ Brand New ဆိုင်ကယ် ၁၂၅၇၄ စီးကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်က ၁၁၀၉၄ စီးသာ တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ၁၄၈၀ စီး ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ ၁၂၄၇၄ စီးနဲ့ မြန်မာ-ထိုင်းနယ်စပ်မှ ၁၀၀ အစီး တင်သွင်း နိုင်တာတွေ့ရပါတယ်။ တရုတ်ဆိုင်ကယ်များဟာ ဈေးနှုန်းချို သာပြီး ကျေးလက်များမှာ အသုံးများတာမို့ တင်သွင်းမှုများနေ တာ ဖြစ်ပါတယ်။ Brand New ဆိုင်ကယ်အပြင် တရုတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၈၉ သန်းတန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၃၀၉ စီးနဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၂၂ သန်းတန်ဖိုးရှိ ဆိုင်ကယ်အပိုပစ္စည်းများကို တင်သွင်းနိုင် ခဲ့တယ်လို့ သိရပါတယ်။ ယခုဇန်နဝါရီလတစ်လလုံးမှာ Brand New  ဆိုင်ကယ် ၄၅၃၉၄ စီးနဲ့ သုံးဘီးဆိုင်ကယ် ၇၅၂ စီး တင်သွင်းလျက်ရှိတာ တွေ့ရပါတယ်။ MIRT (DOBT)

Monday, 4 Feb 2013

တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံထွက် ဂျုံစေ့များအား တင်သွင်းလျက်ရှိရာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဂျုံစေ့တန်ချိန် ၁၈၇ တန်၊ တန်ဖိုး ကျပ် ၁၅ ဒသမ ၆၉၀ သန်း တင်သွင်းနိုင်ခဲ့ပြီး ယခင် အပတ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ဂျုံစေ့တန်ချိန် ၆၈ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၄၂ ဒသမ ၈၃၂ သန်းသာ တင်သွင်းနိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တန်ချိန် ၁၁၈ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၂၇ ဒသမ ၁၄၀ သန်း ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ၎င်းင်းတင်သွင်းသောဂျုံစေ့များ ကို မုံရွာစက်မှုဇုန်မှာရှိတဲ့ ဂျုံစက်ရုံများကိုအဓိကပေးပို့ပြီး ဂျုံမှုန့်အဖြစ်ကြိတ်ခွဲဖြန့်ဖြူးရောင်းချကြောင်းနဲ့ ဂျုံစေ့တင်သွင်း တဲ့ရာသီချိန်ဖြစ်သဖြင့် ဂျုံစေ့များ ပိုမိုတင်သွင်းလာနိုင်မယ်လို့ ခန့်မှန်းလျက်ရှိကြပါတယ်။အောင်ကျော်မိုး (တမူး)

Monday, 4 Feb 2013

ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၂၇၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၃၉၉ တန်ကျော် ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၂၉ တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုတွေ ကတော့ မူဆယ်မှ ကန်ဒေါ်လာ ၂ ဒသမ ၅၆၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၂၃၂ တန်ကျော်နဲ့ချင်းရွှေဟော်မှ ကန်ဒေါ် လာ သုည ဒသမ ၇၀၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၆၇ တန်နီးပါးဖြစ်ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ မူဆယ်မှ ကဏန်း ၁၀၃ တန်ကျော်၊ ငါးရှဉ့် ၉၂ တန်ကျော်၊ ရေခဲငါး ၃၁၃ တန်ခန့်၊ ငါးဆားနယ် ၁၀၂ တန်ခန့်၊ ကင်းမွန်ခြောက် ၁၇၉ တန်ခန့်၊ ငါးခြောက် ၂၆ တန်ခန့်၊ ငါးမှုန့် ၃၀၃ တန်ကျော်၊ ငါးလေး ခြောက် ၁၀၉ တန်ကျော်၊ ပြည်ကြီးငါး ၅ တန်ကျော်နဲ့ ငါးစည် ဖောင်း သုည ဒသမ ၁၃၃ တန်ဖြစ်ပါတယ်။ မူဆယ်မှ ယခု အပတ်မှာ ယခင်အပတ်ထက် ၃၀၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ပိုမိုရခြင်းအကြောင်းကတော့ ငါးရှဉ့်၊ ကဏန်းနဲ့ ငါးမှုန့်တို့ကိုပိုမိုတင်ပို့နိုင်လို့ဖြစ်ပါတယ်။ ငါးရှဉ့်၊ ကဏန်းကို ယခင်အပတ်က ကြိုက်ရောင်းကြိုက်ဝယ် စမ်းသပ်ကာလ စတင်ခဲ့ရာ ယခုအပတ်မှာလည်း ကုန်သည်များ ဆက်လက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ငါးရှဉ့်တစ်တန် ၄၇၁၉၀၀၀ ကျပ်၊ ဒေါ်လာ ၅၅၀၀ နဲ့ ကဏန်းတစ်တန် ၃၁၁၄၅၄၀ ကျပ်၊ ဒေါ်လာ ၃၆၃၀ ဈေးနဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

Monday, 4 Feb 2013

တမူးနယ်စပ်ကုန်သွယ်ရေး စခန်း မှ ညွှန်ကြားရေးမှူးဦးဆောင်ပြီး နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ကုန်သည်များအသင်း၊ သတင်း မီဒီယာတို့ပါဝင်သော  Mobile Team အဖွဲ့သည် ဇန်နဝါရီလ ၂၆ရက်နေ့ ၁၉း၃၀ အချိန်မှစ၍ တမူးမြို့နဲ့ ၆ မိုင်ခန့်အကွာ တမူး-ကလေးကား လမ်းမ ပေါ်မှာ မော်တော်ယာဉ်များ အား ရှောင်တခင်စစ်ဆေးရှာဖွေမှုပြုခဲ့ ပါတယ်။ ထိုသို့ရှောင်တခင်ရှာဖွေ စစ် ဆေးရာမှာ ကျပ် ၆၁ သိန်းကျော်တန်ဖိုး ရှိ အကောက်ခွန်မဲ့သယ်ဆောင် လာသော အိန္ဒိယနိုင်ငံလုပ် ဘီစကစ် မုန့်၊ နို့မှုန့်၊ သကြားလုံး၊ စွန်ပလွန်ယို၊ ခေါင်းလိမ်းဆီ၊ ဓာတ်မီးများ၊ ဓာတ်ခဲ များ၊ ကျောက်မှုန့်၊ ခေါင်းလျှော်ရည်၊ လက်အလှ ဆိုးဆေး၊ ပေါင်ဒါ၊ ရေမွှေး၊ ဆာရီစ၊ ကသည်းလုံချည်၊ ဖိနပ်မျိုးစုံနဲ့ ပြည်သူများစားသုံးရန်မသင့်တဲ့ ကွမ်း ငုံဆေး တို့နဲ့သစ်တောထွက် ပစ္စည်းများ ဖြစ်တဲ့ သစ်ခွပန်းရိုးခြောက်များနဲ့ သင်း ခွေချပ်အကြေးခွံတို့ကိုလည်းသိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။လှဌေး (တမူး)

Monday, 4 Feb 2013

နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့သစ်ခွများကို နယ်စပ် ကုန်သွယ်ရေးနည်းလမ်းအရ သွင်းကုန်လိုင်စင်နဲ့တင်သွင်းမယ်ဆိုလျှင် သစ်တော ရေးရာဝန်ကြီးဌာနရဲ့ CITES  ပါမစ်ရယူဆောင်ရွက်ရန်လို မလိုနဲ့ လိုအပ်ပါက သစ်ခွအမျိုးအစားအလိုက်လိုအပ်ချက်သဘောထား များ ပြန်ကြားပေးရန် နယ်စပ်ကုန်သွယ်ေ ရး ဦးစီးဌာနမှတောင်းဆိုချက်အရ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနဲ့သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ CITES ပါမစ်ရယူ ဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့ သစ်ခွအမျိုးအစားအလိုက် လိုအပ်ချက် များ ကိုသိရှိနိုင်ရန် အတွက် အသိပေးလိုက်ရပါတယ်။

Monday, 4 Feb 2013

မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ် မှ Mobile Team -အဖွဲ့ (၂)ဟာ ထပ်သွားကုန်ဘူတာအနီးနဲ့ ရှောင်ကွင်း လမ်းပေါ်မှာ Beer Chan  များကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။

Monday, 4 Feb 2013

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်း ပေါ်ရှိ Mobile Team အဖွဲ့၂ ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၃း၂၀ ခန့်မှာ မော်လမြိုင်မြို့မှ ပုလင်းခွံနဲ့ ဂျပ်ဖာအဟောင်းများတင်ဆောင် လာ တဲ့ယာဉ်ကို Spot Check  ဆောင်ရွက် ရာမှာ ကျပ် ၁၆၂၀၀၀၀ိ/- တန်ဖိုးရှိ Diablo  အမှတ်တံဆိပ်ပါ Extra Strong Beer   ၁၅၀ ဖာကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့  သတင်းရရှိပါတယ်။ တစ်ဖာမှာ ၅၀၀ မီလီလီတာပါ သံဘူး ၂၄ ဘူးပါရှိတာဖြစ်ပါတယ်။ ပညာပေး ကာလ ၂ လမှာလည်း ကန့်သတ်ကုန် ဘီယာ၊ ဝိုင်များ၊ ဝေဖာ၊ ပီကေ၊ ချော ကလက်မုန့်၊ ဘီစကစ်များသယ်ယူမှု ရှိသလို ခွင့်ပြုထားသောပစ္စည်းများကို လိုင်စင်မဲ့တင်သွင်းခြင်း၊ လိုင်စင်ပါအရေ အတွက်ထက်ပိုမိုတင်သွင်းခြင်း၊ အမယ် လွဲများတင်သွင်းခြင်းများကို လုပ်ဆောင် နေခဲ့ကြရာမှာ ကန့်သတ်ကုန်မှအပကျန် ပစ္စည်းများကို လိုအပ်သောေ ထာက်ခံ ချက် (စားသောက်ကုန်/ ဆေးဝါးဖြစ် လျှင်FDA)များရယူစေပြီးနောက် လိုင် စင်လျှောက်ထားစေတာ၊ ယာယီ သိမ်း ဆည်းထားသော ပစ္စည်းများကို ပြန် လည် လွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့ ကြက်သား အစို၊ ပုစွန်၊ ကြက်ဥစတာတွေကိုတော့ FDA ထောက်ခံချက်ရယူစောင့်ဆိုင်းရန် မဖြစ်နိုင်ခြင်း၊ ကြိုတင် တင်သွင်းခွင့် လျှောက်မထားခြင်း၊FDA  ထောက်ခံ ချက်ယူမထားခြင်းတို့ကြောင့် မီးရှို့ ဖျက် ဆီးမှုများပြုလုပ်တယ်လို့ သိရပါတယ်။

Pages