Background
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်း သည် ၂၀၁၂ နိုဝင်ဘာလတွင် ပို့ကုန်ကန်ဒေါ်လာ ၁၁ ဒသမ ၂၅၇ သန်း၊သွင်းကုန်ကန်ဒေါ်လာ ၃ ဒသမ ၆၆၅သန်း၊ ကုန် သွယ်မှုပမာဏ ၁၄ ဒသမ ၉၂၂ သန်း ဆောင်ရွက်နိုင်ခဲ့ ပြီး လျာထားချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါ တယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ပို့ကုန် ကန်ဒေါ် လာ ၁၇ ဒသမ ၅၁၈ သန်းနဲ့သွင်းကုန်ကန်ဒေါ်လာ ၁ ဒသမ ၉၄၄ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေနှင့် ကန်ဒေါ်လာ ၁၉ ဒသမ ၄၆၂ သန်းဖိုး ဆောင် ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာနဲ့နှိုင်းယှဉ်ပါက ပို့ကုန် ကန် ဒေါ်လာ ၆ ဒသမ ၇၈၉ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၇၁၄ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ၈ ဒသမ ၅၀၃ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သလို ယမန်နှစ်အလားတူ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလနဲ့နှိုင်းယှဉ်ပါကလည်း ပို့ ကုန်ပိုင်းတွင် ဒေါ်လာသန်းပေါင်း ၉ ဒသမ ၉၇၆ ၊ သွင်း ကုန်ပိုင်းတွင် ဒေါ်လာသန်းပေါင်း ၁ ဒသမ ၉၃၆ ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၁၁ ဒသမ ၉၁၂ ပိုမိုဆောင်ရွက်နိုင်ခဲ့ ပါတယ်။
ကာလအတန်ကြာဈေးကွက်ပျောက်ဆုံးနေတဲ့ နေလှန်း ဆားများပြန်လည်တင်ပု့ိနိုင်ရေးအတွက် ပြည်နယ်အစိုးရမှ တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ခံဆောင်ရွက်ပေးခဲ့သလို မိမိ တို့ ကုန်သည်လုပ်ငန်းရှင ်များ၊ ဆားတောင်သူများအနေနဲ့ ဈေး ကွက်ပြန်လည်ရရှိချိန်မှာ အရည်အသွေးကောင်းမွန်ပြီး တန် ချိန်နှင့် ဈေးနှုန်းမှန်ကန် တိကျစွာဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း၊ ဒါမှသာ မိမိတို့ရခိုင်ပြည်နယ်ရဲ့ နေလှန်းဆားဈေး ကွက်တည်တံ့ နိုင်မှာဖြစ်ကြောင်း၊ စစ်တွေနယ်စပ် ကုန်သွယ် ရေးစခန်းရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ကုန်သွယ်မှုမြှင့်တင် ရေး အစည်းအဝေးမှာ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရွှေထွန်း အောင်က ပြောကြားခဲ့ပါတယ်။ မကြာမီက ဆားလုပ်ငန်း ဌာနမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်၊ ရခိုင်ပြည်နယ်တို့မှ ကိုယ်စားလှယ်များနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံမှ ဆားတန်ချိန် ၅၀၀၀၀ ဝယ်ယူရန် သဘောတူ ထားသော်လည်း စာချုပ် မချုပ်ရသေး ကြောင်း သိရှိရပါတယ်။
စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ် ရေးအဖွဲ့ Mobile Team သည် မူဆယ်-ကွတ်ခိုင်လမ်းတလျှောက် လှုပ်ရှား ရှာဖွေ စစ်ဆေးခဲ့ရာ လားရှိုးအေးရှားဝေါလ်ဂိတ်အလွန်တွင် စုပုံထားသောကန်ဒေါ်လာ ၆၂၈ ကျော်တန်ဖိုးရှိ လိုင်စင်မဲ့ကဏန်းဖော့ဘူး (၁၀)ဘူး၊ အလေးချိန် ၂၇၈ ကီလို အား တားဆီးနိုင်ခဲ့ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်လိုင်စင်ပြုလုပ် ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိပါတယ်။ Source: နကသ(လရ-၁)၊အေးအေးမြ
မြန်မာ-တရုတ်နယ်စပ်တစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလပထမပတ်အတွင်းမှာ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်းဖိုးရှိ လိမ္မော်သီး ၁၃၆၂ တန်၊ တင်သွင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်မှာ လိမ္မော်သီးနဲ့အတူ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းဖိုးရှိ ပန်းသီး ၁၀၈၆ တန်ကျော်ကိုပါ တင်သွင်းနိုင်ခဲ့ပါတယ်။ တရုတ်ဘက်မှ ရာသီသီးနှံများ အထွက်များချိန်ဖြစ်တဲ့အတွက် လိမ္မော်သီး၊ ပန်းသီးများ အများ အပြား တင်သွင်းလျက်ရှိတာ တွေ့ရပါတယ်။ ခင်မိုးသူ
နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိ ကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကွမ်းသီးခြောက် ၃၂၇ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၂၉၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်မှ တန် ၃၀၀ ကျော်တင်ပို့နိုင်ပြီး မြန်မာ-ထိုင်းနယ်စပ်မှ ၁၀ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ နယ်စပ်စခန်းများမှ ၉၇၇ တန်ကျော် တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၆၂ သန်းဖိုးတင်ပို့ နိုင်ခဲ့တယ် လို့သိရပါတယ်။ ခင်မိုးသူ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ယခု အပတ် နိုဝင်ဘာလ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်ထိကာလ အတွင်း တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၁၈၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၁၇ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က ၇၉၈ တန်ခန့် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခု အပတ်မှာတန် ၁၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ မူဆယ်နယ်စပ်မှ တန်ဖိုးကန် ဒေါ်လာ ၂ ဒသမ ၃၁၆ သန်းဖိုးရှိ ငါးရှဉ့် ၃၅ တန်ခန့်၊ ကဏန်းတန် ၅၀ ကျော်၊ ပုစွန်ခြောက် ၁၆ တန်နီးပါး၊ ရေခဲငါး ၂၀၉ တန်၊ငါးစည်ဖောင်း သုညဒသမ ၉၇၀ တန်ကျော်၊ ငါး လေးခြောက် ၅၈ တန်ခန့်၊ ငါးဆားနယ် ၆၃ တန်ကျော်၊ ငါး အသားလွှာ ၇၉ တန်နဲ့ ပုစွန်ခြောက် ၁၈၂ တန်ခန့်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ငါးရှဉ့်၊ ငါးအသားလွှာနဲ့ ကင်းမွန်ခြောက်များကို ယခုအပတ်မှာ တင်ပို့ နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ထက်တန် ၂၀၀ ကျော်ပိုမို တင် ပို့နိုင်တာတွေ့ရပါတယ်။ ချင်းရွှေဟော်စခန်းမှ တန်ဖိုးကန် ဒေါ်လာသုညဒသမ ၈၇၃ သန်းဖိုးရှိ ငါးရှဉ့် ၁၃၆ တန်ခန့်နဲ့ ကဏန်း ၈၈ တန်ကျော်တင်ပို့နိုင်ခဲ့ပေမဲ့ ယခင်အပတ်ကထက် တန် ၁၀၀ ကျော် လျော့နည်းတင် ပို့ခဲ့ပါတယ်။ ယခုနှစ် နိုဝင် ဘာလအတွင်းမူဆယ်နဲ့ ချင်းရွှေဟော်မှကန်ဒေါ်လာ ၈ ဒသမ ၄၀၃ သန်းဖိုးရှိ ရေထွက်ကုန် ၂၈၇၅ တန်ကျော် တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ယခုအပတ်ကဏန်းလေလံ ဈေးများ ကိုကြည့်လျှင် ယခင်အပတ်ထက်သိသိသာသာဈေးပိုရလျက်ရှိတာကို တွေ့ရ ပါတယ်။ ယခုအပတ် နဲ့ယခင်အပတ်ေ လလံဈေးများကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ် -
တရားမဝင်ကုန်သွယ်မှုများ အားတားဆီးထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာကုန်သွယ်ရေး စခန်းနယ်မြေ အလိုက် ဆောင်ရွက်လျက်ရှိရာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း အနီးတစ်ဝိုက်တွင်လည်း ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ စခန်း ထုတ်နှုတ်အင်အားဖြင့် မော်တော်ယာဉ်များကို စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုမြှင့်တင် ရေး အစည်းအဝေးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ တယ်။
နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ ၁၉၄၄၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၂ တန်တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်က ဖိလစ်ပိုင်နိုင်ငံသို့ ၆၂၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်ပြောင်းတင်ပို့မှုမှာ တန် ၅၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ယခုအပတ် မြန်မာ-တရုတ်နယ်စပ်မှ ကန်ဒေါ်လာ ၄ ဒသမ ၉၇၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၇၂၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင်ဒေါ်လာ ၂၇၀ ဖြစ်ပါတယ်။ MIRT (DOBT)