Background
သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၃၇၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၂၇၉ တန်ခန့်ကို တမူးမှ ၁၃၇ တန်၊ ရိဒ်မှ ၉၉ တန်နဲ့ မြဝတီမှ ၄၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၀၉ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။တမူးမှ ၉၈ တန်၊ရိဒ်မှ ၈၂ တန်နဲ့ မြဝတီမှ ၅ တန် အသီး သီးပိုမို တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၄ ဆနီးပါးပိုမိုတင်ပို့ခဲ့ပါ တယ်။ MIRT(DOBT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၃၈၂ တန်၊ ငါးမှုန့် ၅၀၂ တန်၊ အေးခဲပုစွန် ၅၅ တန်ကျော်၊ အေးခဲကင်းမွန် ၅၂ တန်ခန့်၊ အေးခဲကဏန်းပျော့ ၂၈ တန်ကျော်၊ ရေငန်ပုစွန် ၁၉ တန်ဝန်းကျင်နဲ့ ကင်းမွန်ပြုတ်ခြောက် ၁ တန်ကျော်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်စစ်တွေနဲ့ တောင်ဘက် ကမ်းရိုးတန်း တစ် လျှောက်က ရေငန် ပုစွန်ကျားတွေကို တစ်ဖက်နိုင်ငံက ကုန်သည်တွေက ဈေးကောင်းမပေးနိုင်တာကြောင့် အရှေ့ ရိုးမကို ကျော်ပြီး ရန်ကုန်ဘက် အဆင်းများနေတာ ယခု ဘဏ္ဍာနှစ် အစောပိုင်းကတည်းက ဖြစ်ပါတယ်။ မောင်တော ဒေသတစ်ဝိုက် က ရေငန်ပုစွန်ကျားတွေသာလျှင် ရန်ကုန်ပို့ရ မယ့် စရိတ်နဲ့ တစ်ဖက်ကဝယ်ဈေးကို တွက်ချေကိုက်ချိန်ညှိပြီး အနီးဆုံးနဲ့အလွယ်ဆုံးဖြစ်တဲ့ တက္ကနဗ်ကို သွားနေတာ တွေ့ရ ပါ တယ်။
သြဂုတ်လပထမပတ်နဲ့ ဇူလိုင်လပထမပတ်သယ်ယူပို့ဆောင်စရိတ်များကို နှိုင်းယှဉ်ကြည့်လျှင် ပို့ကုန်ပိုင်းမှာ ပြောင်း/ဆန် ၁ ပိသာ ၁၃ ကျပ်၊ ပဲတီစိမ်း ၁၂ ကျပ်၊ရော်ဘာ ၁၂ ကျပ်နဲ့ နှမ်း ကျပ်၂၀ အသီးသီးေ လျာ့ကျလျက်ရှိပါတယ်။ သွင်းကုန်ပိုင်းမှာတော့ မြေဆီ ၁ ပိသာ ၅ ကျပ်မှ ၁၀ ကျပ်နဲ့ ဖယောင်း ၁ ပိသာ ၉ ကျပ်ခန့်မြင့်တက်လျက်ရှိပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၅ သန်းတန်ဖိုးရှိ ဆိုင်ကယ်အသစ် ၃၃၉၅ စီးကို သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ၁၄၈၁ စီး အသွင်းပိုခဲ့ပါ တယ်။သုံးဘီးဆိုင်ကယ် ၁၁၇ စီး (ကန်ဒေါ်လာသုညဒသမ ၁၅၃ သန်း) ဖိုး အသွင်း ရှိခဲ့ပြီး ယခင်အပတ်တင်သွင်းမှု ထက် ၁ စီးသာ လျော့နည်းခဲ့ပါတယ်။ မြိတ် နယ်စပ်မှလည်း ယခင်အပတ်နည်းတူ ကန်ဒေါ်လာသုညဒသမ ၀၀၅ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇ စီး အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)
မြဝတီနယ်စပ်မှ သြဂုတ် ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ ချင်း ခြောက် ၁၄ တန် (သုညဒသမ ၀၃၃ ကန်ဒေါ်လာသန်း)၊ ကွမ်းသီး ၁၂ တန်ခန့် (သုညဒသမ ၀၁၈ ကန်ဒေါ်လာသန်း)၊နနွင်းတက် ၂၃ တန်ခန့်(သုည ဒသမ ၀၄၀ ကန်ဒေါ်လာသန်း)နဲ့ သီဟိုဠ်စေ့ ၁၆ တန်ကျော် (သုညဒသမ ၁၂၁ ကန်ဒေါ် လာသန်း) အပို့ရှိခဲ့တယ် လို့သိရပါတယ်။ ယခင်အပတ်ကထက် ချင်းခြောက်၊ နနွင်း တက်နဲ့ သီဟိုဠ်စေ့များအပို့ပိုခဲ့တယ်လို့ သတင်းရရှိပါတယ်။MIRT(DOBT)
မောတောင်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင်သစ်များ တင်ပို့မှုမရှိ စေရေးဇူလိုင် ၁၁ ရက်ကစပြီး မောတောင်မှာ သစ်တောစစ်ဆေးရေးဂိတ် ဖွင့် လှစ်ထားတယ်လို့ သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး (မြိတ်) ဦးမြင့်ဟန်က မြိတ်နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ မောတောင်မှ မြို့နယ်ခွဲသစ်တောရုံးဖွင့်လှစ်ရန် စီစဉ်ထားကြောင်းနဲ့ ကုန်သည်လုပ်ငန်းရှင်များအနေ နဲ့ မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ပါက ပရိဘောဂနဲ့ သစ်အချောထည်များတင်ပို့နိုင်ရေး သစ်တောဦး စီး ဌာနမှာ ပရိဘောဂအချောထည်လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားရယူရန် လိုအပ်တယ်။ ပရိဘောဂလုပ်ရန် တရားဝင် သစ်ကုန်ကြမ်းနဲ့ ဆောင်ရွက်ရမှာ ဖြစ်တယ်။ လိုအပ်တဲ့လုပ်ထုံးလုပ်နည်းများ သိရှိလိုလျှင်နဲ့ အခက်အခဲများ ရှိပါက သစ်တောဦးစီးဌာနခရိုင်ရုံးကို လာရောက်စုံစမ်းမေးမြန်းနိုင်တယ်လို့ ကုန်သည် လုပ်ငန်းရှင်များကို ခရိုင်ဦးစီးမှူး ဦးမြင့်ဟန်က အသိပေးရှင်းလင်းပြောကြား ခဲ့တယ်လို့ သိရှိရပါတယ်။ ဂန္ဓမာ
မြန်မာ-အိန္ဒိယနယ်စပ်နဲ့ ထိုင်းနယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် တန် ၇၀ ဝန်းကျင်ကို သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ တမူးမှ ၃၈ တန်ကျော်၊ရိဒ်မှတန် ၂၀ ခန့်နဲ့ မြဝတီမှ၁၂ တန် ခန့် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၇၄ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ယခုအပတ်မှာ ကန်ဒေါ်လာသုည ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ကွမ်းသီးခွံ ၂၆ တန်ကျော်ကိုလည်း ယခုအပတ်မှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)
၂၀၁၂ ခုနှစ် ဇွန် ၂၃ ရက်မှစ၍ ဂျုံစေ့ကို Automatic Licensing စနစ်ဖြင့် တင်သွင်းလျက်ရှိရာ လိုင်စင် အရ ဇွန်လတွင် ၈၄၉ တန်ကျော်၊ တန်ဖိုး သုည ဒသမ ၂၂၈ ဒေါ်လာသန်း၊ ဇူလိုင်တွင် ၂၆၄၈ တန်ခန့်၊ တန်ဖိုးသုည ဒသမ ၆၉၀ ဒေါ်လာသန်း၊ သြဂုတ်လတွင် ၁၀၈၈ တန်ကျော်၊ တန်ဖိုးသုညဒသမ ၂၈၅ ဒေါ်လာသန်းတို့ဖြစ် ပြီး စုစုပေါင်း ၄၅၈၆ တန်ခန့်၊တန်ဖိုးသုညဒသမ ၂၀၃ ဒေါ်လာသန်း လိုင်စင် ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်။
အမှန်တင်သွင်းမှုကတော့ ဇွန်လတွင် ၃၃၃ တန်ခန့်၊ တန်ဖိုးသုညဒသမ ၀၈၉ ဒေါ်လာ သန်း၊ ဇူလိုင်တွင် တန် ၂၂၉၀ ကျော်၊ တန်ဖိုးသုညဒသမ၅၉၈ ဒေါ်လာသန်း၊ သြဂုတ်လ ၁၅ ရက်ထိတွင် ၉၂၆ တန်ကျော်၊ တန်ဖိုးသုညဒသမ ၂၄၃ ဒေါ်လာသန်း စုစုပေါင်း ၃၅၅၀ တန်ခန့်၊ တန်ဖိုးသုညဒသမ ၉၃၀ ဒေါ်လာသန်းဆောင်ရွက် ခဲ့ကြောင်း သိရပါတယ်။ ပုံမှန်ကုန်သွယ်မှုနည်းလမ်းဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များကို LC/TT ဆောင်ရွက်စဉ်က တမူးစခန်း အနေဖြင့် ဂျုံစေ့ တင်သွင်းခြင်းမရှိခဲ့ပါ။ ယခုအခါ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု လုပ်ငန်း ပိုင်းမှာ ဖြေလျော့မှုများလုပ်ဆောင်ပေးလျက်ရှိပါတယ်။ ကုန် သွယ်မှုလုပ်ငန်းများ လျင်မြန် ချောမွေ့စေရန် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ Automatic Licensing pepfeJY Non Automatic Licensing စနစ်တို့ဖြင့် ဆောင်ရွက်ခွင့်ပြုရပါသည်။ ယခင်ကတင်သွင်းခွင့်မပြုခဲ့သောဂျုံစေ့ကို ယခုတင်သွင်းခွင့် ရရှိလာပြီဖြစ်ပါတယ်။ ယခုတင်သွင်းသော ဂျုံစေ့များသည် အိန္ဒိယနိုင်ငံပန်ဂျပ်ပြည်နယ်နဲ့ ဘီဟာပြည်နယ်တို့မှ ထွက်ရှိ ပိုလျှံသောဂျုံစေ့များ ဖြစ်ပြီး ပြည်ပသို့တင်ပို့ရန် အိန္ဒိယ အစိုးရက သဘောတူခွင့်ပြုထားတဲ့ ဂျုံစေ့များဖြစ်ပါတယ်။ ဂျုံစိုက်ပျိုးမှုနဲ့ပတ်သက်၍ တမူးခရိုင်၊ တမူးမြို့တွင် စိုက်ပျိုးထုတ်လုပ်သူမရှိဘဲ ပြည်တွင်းတွင် မုံရွာ၊ မြင်းမူ၊ ငန်းဇွန်၊ မြောင်၊ ဆားတောင်နဲ့ ရှမ်းပြည်နယ်တို့မှာသာ စိုက်ပျိုးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူများသည် ဆန်အပြင် ဂျုံနဲ့ပြုလုပ်တဲ့ ခေါက်ဆွဲ၊ ပလာတာ၊ ပေါက်စီ၊ ကိတ်မုန့် စသည်များ ပြုလုပ်စားသုံး ကြတာဖြစ်ပါတယ်။ တရားဝင်ဂျုံစေ့များ တင်သွင်းခွင့်ရသဖြင့် တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက်ပြီး နိုင်ငံတော်မှ ရသင့်ရထိုက် သော အခွန်အခများရရှိလာခြင်း၊ ကုန်သွယ်မှုပမာဏ မြင့် တက်လာခြင်းနှင့်ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုလည်း အထောက် အကူပြုလျက်ရှိပါတယ်။ နကသ(တမူး)
သြဂုတ် ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ပန်းသီး ၂၉ တန် ကျော်၊ ကန်ဒေါ်လာ သုညဒသမ ၀၀၄ သန်း တန်ဖိုးရှိ အုန်းသီး ၁၉ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၂၀ သန်းတန်ဖိုးရှိ သရက်သီး တန် ၃၀ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ MIRT(DOBT)