Main menu

Background

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်များ ပြပွဲနှင့် ဈေးရောင်းပွဲတော်

Fri, 11/11/2022 - 14:59 -- journal_editor

အသေးစား၊ အငယ်စားနှင့်အလတ်စား  စီးပွားရေးထုတ်ကုန် လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို  အောက်တို ဘာ ၃၁ ရက် နံနက် ၈နာရီက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ထုတ်ကုန်လုပ်ငန်းရှင်များနှင့်  ပြပွဲသို့လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။
ပြပွဲတွင် ဆိုင်ခန်းပေါင်း ၈၀ ကျော်ဖြင့်  ပြသလျက်ရှိပြီး တိုင်း ဒေသကြီးအတွင်း  တန်ဖိုးမြှင့်ထုတ်လုပ်သော  ဒေသထွက်ကုန်များ ဖြစ်သည့် JUMJEL ဆီးနှင့်မန်ကျည်းဖျော်ရည်၊ ပုန်းရည်ကြီး၊ ပဲကြော်၊ အောင်လံဒေသထွက် ဇင်ယော်အမှတ်တံဆိပ်ပဲယို၊  နှမ်းယို၊ နှမ်းနက် ယို၊ မကွေးမြို့မှ ကောင်းမွန်အမှတ်တံဆိပ် BAKERY၊ ပဲယို၊ နှမ်းယို နှင့် မိုမိုဒိန်ချဉ်၊ မင်းဘူး(စကု)ဒေသထွက်   အေဝမ်းအမှတ်တံဆိပ် မီးဖိုများ၊ ကြယ်ဖြူအမှတ်တံဆိပ် ခေါင်းလျှော်ရည်နှင့် ဆပ်ပြာ၊ ဝင်း အမှတ်တံဆိပ် သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ပခုက္ကူဒေသထွက် Pro-1 Natural Shampoo လုပ်ငန်းမှ ရှန်ပူနှင့် ဆပ်ပြာများ၊ MOM အမှတ်တံဆိပ် ဒန့်သလွန်ခေါက်ဆွဲ၊ ဒန့်သလွန် ရွက်ခြောက်အမှုန့်၊ ချယ်ရီစံ ရှမ်းရိုးရာ  စားသောက်ကုန်လုပ်ငန်းမှ နေကြာစေ့လှော်၊ ဆီတိုဟူးနှင့် ဒေသထွက် စပျစ်သီးတို့မှ တန်ဖိုးမြှင့် ထုတ်လုပ်ထားသည့် စပျစ်ဝိုင်၊ Good Right စပျစ်ဝိုင်လုပ်ငန်းမှ စပျစ် ဝိုင်နှင့် ငပိကြော်၊ ရွှေစင်အမှတ်တံဆိပ် အာလူးကြော်နှင့် မုန့်မျိုးစုံ၊ မင်းလှမြို့မှ ဒေသထွက်ကုန်တို့ကို တန်ဖိုးမြှင့်ထုတ်လုပ်ထားသည့် မခါနှင့်ညီအမများ သဘာဝဆိုးဆေး၊ လက်ရက်ကန်းလုပ်ငန်းမှ ချည်ထည်နှင့်သဘာဝဆိုးဆေး၊ ပဝါမျိုးစုံ၊ ပခုက္ကူ ဒေသထွက်ဂဠုန်မင်း ညီနောင်အထည်လုပ်ငန်းမှ ချည်ထည်စောင်၊ ပဝါ၊ ဂျစ်ကားဖိနပ်နှင့် အခြားဖိနပ်မျိုးစုံ၊ သက်ဦးစံ ရှင်မတောင်သနပ်ခါး၊ အမှုန့်၊ အခဲ၊အတုံး၊ ဇီဝခွန်အား သဘာဝမြေသြဇာလုပ်ငန်းမှ သဘာဝမြေသြဇာ၊ သဘာဝ ပိုးပြေးဆေး၊ ထင်းအစားထိုး  လောင်စာတောင့်များ၊  ပန်ထွာအမှတ် တံဆိပ်လောင်စာတောင့်များ၊ အမေထွားပဲဆီသန့်လုပ်ငန်းမှ ပဲဆီနှင့် နှမ်းဆီ၊ ငွေဇင်ယော်မြေပဲဆီလုပ်ငန်းမှ ပဲဆီသန့်များ၊ ရွှေတိမ်လွှာ ရွှေယာမြေ ပဲဆီသန့် လုပ်ငန်းမှ ပဲဆီသန့်များ၊  ကောင်းသန့်မြေပဲဆီ စက်လုပ်ငန်းမှ ပဲဆီသန့်များ၊ ငဖဲမြို့မှ နတ်ရေကန်တောင်ပေါ် ဒေသထွက် စိုက်ပျိုးရေးတန်ဖိုးမြှင့်ထုတ်ကုန်ပြခန်းအနေဖြင့် ကော်ဖီ၊ ဝိုင်၊ လက်ဖက်ခြောက်၊ တိုင်းရင်းသား ဝတ်စုံများ၊  သစ်ရာကောက်မှ  မိုးခ ဆိတ်သားခြောက်မီးကင်၊ နေခြည်အမှတ်တံဆိပ် အာလူးကြော်၊ Daily ဒိန်ချဉ်နှင့် နွားနို့များ၊ မင်းဘူးမြို့နယ် ပေါက်ကုန်းကျေးရွာထွက် တောင်း၊ ဆန်ခါမျိုးစုံ၊ မဟူရာစွမ်းအားနှမ်းလှော်မှုန့်လုပ်ငန်းမှ နှမ်းလှော်မှုန့်များ၊ Beik hano Thu ဘက်စုံသုံးဆပ်ပြာဆီလုပ်ငန်းမှ တိုင်းရင်းဆေးမျိုးစုံနှင့်  ဘက်စုံသုံးဆပ်ပြာဆီများ၊  ခန့်ခန့်ဆီချက် ခေါက်ဆွဲလုပ်ငန်းမှ ဆီချက်ခေါက်ဆွဲ၊ မာလာရှမ်းကော၊ မာလာရှူးရှဲ၊ သိန်းသီတာ အမှတ်တံဆိပ်  ဂျုံခေါက်ဆွဲခြောက်၊ ဆန်ခေါက်ဆွဲခြောက် များကို ရောင်းချခဲ့သည်။
ထို့ပြင် ရေနံချောင်းမြို့ ဒေသထွက် စမတ်အမှတ်တံဆိပ် ငရုတ်သီးမှုန့်မျိုးစုံ၊ ခိုင်ဇော်ဦး ကြိမ်လက်မှုထည်လုပ်ငန်းမှ ခြင်းလုံး၊ကလက်၊ လက်ဆွဲခြင်း၊ တစ်ရှူးဘောက်နှင့်ဦးထုပ်များ၊ ယောဧကရီ ပိုးထည်ချည်ထည်များ၊  တောင်တွင်းကြီး မြို့မှ ဝါစေ့ဆီနှင့် ဝါထွက်ပစ္စည်းမျိုးစုံ၊ 9 Colour သွပ်ပြားမျိုးစုံ၊ မောင်မော်၊ ချိုက်ကွမ်းညှပ်နှင့် ကတ်ကြေးလုပ်ငန်းမှ ကတ်ကြေး၊ ကွမ်းညှပ်၊ ဓား၊ မီးညှပ်၊ တာလဘာ၊ဆီမီးခွက်နှင့် မုန့်လင်မယားဗန်းများ၊ ပွင့်ဖြူမြို့ ရတနာစိန် ဆန်စက်လုပ်ငန်းမှ ဧရာပဒေသာဆန်များ၊ ကောင်းသန့်ဆန်စက်လုပ်ငန်းမှ  ကုန်းဇောင်းဧရာ ပဒေသာဆန်များ၊ ပွင့်ဖြူမြို့ ကောင်းရမြတ်ဆန်စက်လုပ်ငန်းမှ ကုန်းဇောင်းဧရာပဒေသာဆန်များ၊ ဖူးပွင့်ကုမ္ပဏီမှ ပေါ်ဆန်းမွှေးနှင့် ဆန် အနက်၊ စိန်ပန်းခိုင်း ပျိုးဥယာဉ်လုပ်ငန်းမှ ပျိုးပင်မျိုးစုံ၊ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ နှမ်း၊ မြေပဲ၊ ပဲတီစိမ်းနှင့် ယာသီးနှံများ၊ သရက်မြို့ဒေသထွက် ရွှေဟင်္သာနို့ထွက်ပစ္စည်းလုပ်ငန်းမှ မလိုင်လုံး၊ အခြောက်၊ အခဲ၊ အိုးမလိုင်များ၊ မင်းခန့် ရှင်မတောင် သနပ်ခါးလုပ်ငန်းမှသနပ်ခါး မျိုးစုံနှင့် နိဗ္ဗာန်ကုန်များ၊  Ruby Super Bocashi တောင်သူအကျိုးပြု အကောင်းဆုံး  သဘာဝမြေသြဇာလုပ်ငန်းမှ မြေသြဇာအမျိုးမျိုး၊ ပခုက္ကူဒေသထွက် ချည်ထည်၊ သနပ်ခါး၊ ပုန်းရည်ကြီး၊ ဆီးယို၊ ဆီးဖျော်ရည်၊ နတ်မောက်မြို့ ဆောင်းအင်ကြင်းအမှတ်တံဆိပ် သဘာဝစပျစ် သီးခြောက်များ၊ လှယဉ်ကျေးမယ်ယိုစုံလုပ်ငန်းမှ  သရက်ယို၊ ဆီးယို၊ သံပရာယို၊ ရှောက်ချိုမျှင်များ၊ စိုးမိုးအောင်သံသေတ္တာနှင့် သံဖြူမျိုးစုံ၊ မကွေးတိုင်းဒေသကြီး ရေသန့်စက်ရုံများအသင်းမှ ရေသန့်မျိုးစုံ၊ ရွှေလက်ရာ အုန်းသီးခြောက်၊ လက်မှုအနုပညာလုပ်ငန်းမှ အုန်းသီး ခြောက် လက်မှုထည်များ၊ ပခုက္ကူဒေသထွက် ဒန့်သလွန်နှင့် လျှော်ဖြူထုတ်ကုန်များ၊ မကွေး ဒိန်ချဉ်လုပ်ငန်းမှ ဒိန်ချဉ်၊ TipTop အမှတ်တံဆိပ် ရွက်ဖျန်းမြေသြဇာများ၊ ပျားနှင့် ပျားထွက်ပစ္စည်းများလုပ်ငန်းမှ ပျားရည်များ၊ မေတ္တာရှင်အမှတ်တံဆိပ် တိုင်းရင်းဆေးမျိုးစုံ၊ မြထည်ဝါ ကြာချည်လုပ်ငန်းမှ ကြာချည်၊ ကြာစေ့၊ ကြာဝတ်ဆန်များ၊ Good Brother မှ လယ်ယာသုံးစက်ကိရိယာများအား ရောင်းချခဲ့သည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို နေ့စဉ် နံနက် ၇ မှ  ည ၈ နာရီအထိ ဖွင့်လှစ်ပြသရောင်းချခဲ့ပြီး ညစဉ် ညနေ ၆နာရီမှ ည ၈ နာရီထိ မိဘ ပြည်သူများ ရယ်မောခြင်းဖြင့် ဘဝအမောများပြေစေရန် အငြိမ့်ပွဲဖြင့် လည်းကောင်း၊ လူငယ်များ အတွက် ခေတ်ပေါ်တီးဝိုင်းနှင့် DJ တို့ဖြင့် လည်းကောင်း ဧည့်ခံဖျော်ဖြေခဲ့ကြောင်းနှင့်  ဒေသတွင်း ထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်ထိ  မကွေးခရိုင် အားကစားကွင်းအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။  ယခုကဲ့သို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းများ ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ပြုလုပ်ခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့်လည်း  မိမိတို့ ထုတ်ကုန်များအတွက် အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်မည်ဖြစ်သည့်အပြင်  မိဘပြည်သူများအနေဖြင့်လည်း တစ်နေရာတည်း၌ ဒေသထွက်ကုန်များကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင် ခြင်း၊  ဈေးနှုန်းသက်သာစွာ ဝယ်ယူအားပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည် ဖြစ်သည်။ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအတွက်ရော  မိဘပြည်သူများအတွက်ပါ အကျိုး များစေမည့် ဈေးရောင်းပွဲတော်အခမ်းအနားတစ်ခုဖြစ်ကြောင်းနှင့် ထို ကဲ့သို့သောဈေးရောင်းပွဲတော်များကိုလည်း စဉ်ဆက်မပြတ် နှစ်စဉ် ကျင်းပပေးသင့်ကြောင်း ရေးသားတင်ပြလိုက်ရသည်။
စန္ဒာစိုးလွင်(မကွေး)