Main menu

Background

မြစ်ကြီးနား ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိ

Thu, 08/07/2025 - 09:44 -- journal_editor

Rambutan ဟု အမည်ရှိသော ကြက်မောက်သီးပင်သည်Sapindaceae မျိုးနွယ်ပင်ဖြစ်ပြီး အပူပိုင်းဒေသတွင် ကောင်းစွာ ဖြစ် ထွန်း၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။အပင်၏ ပုံစံ က Christmas သစ်ပင်နှင့်ဆင်တူပြီး အရွက်အညှာမှ အပြွတ်လိုက်၊ အခိုင်လိုက် အသီးသီးလေ့ရှိသည်။ ကြက်မောက်သီး၏ ပုံသဏ္ဌာန် မှာ အတန်ငယ်လုံးဝန်းသော ကြက်ဥပုံဖြစ်၍  အမွေးရှည်လေးများ ဖုံးအုပ်ထားသော   ကြက်မောက်သီးအခွံသည်  ရင်မှည့်ပါက အနီ ရောင်ရှိသည်။ မြန်မာပြည်တွင် ကြက်မောက်သီးကို သရေစာအဖြစ် သာ အစားများလေ့ရှိသည်။ ကြက်မောက်သီးယို၊ သီးစုံဒိုဖိနို၊ သံဘူး စသည်ဖြင့်လည်း စားသုံးနိုင်သည်။ မြန်မာပြည် ရေမြေ ရာသီဥတု ပေါ်မူတည်၍ ကြက်မောက်ပင်သည် စိုက်ပျိုးပြီးနောက် ခြောက်နှစ် ခန့်အကြာ အသီးစတင်သီးပြီး နှစ်ပေါင်း ၅၀ အထိ သက်တမ်းရှည် လျားပြီး တစ်နှစ်ထက်တစ်နှစ် အသီးပိုသီးလေ့ရှိသည်။
အများအားဖြင့် အသီးထွက်ရှိချိန်မှာ မေနှင့် ဇွန်လတို့ ဖြစ် သည်။ကြက် မောက်သီးမျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရရှိနိုင်မှု ပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကြွပ်ကပ်နှင့် အစေ့မကပ်မျိုး ဟူ၍ ခွဲခြားထားသည်။ ရာသီစာသီးနှံဖြစ်သောကြောင့် ယခုလို မိုး ရာသီတွင်သာ  ရရှိနိုင်သည့် ဆေးဖက်ဝင် ကြက်မောက်သီးများကို ကျန်းမာရေးလိုက်စားသူတိုင်း ဝယ်ယူစားသောက်ကြသည်။
ကြက်မောက်သီးတွင် ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ အဆီ ဓာတ်၊ ပရိုတင်း၊Thiamine( ဗီတာမင်B1)၊ Riboflavin  ( ဗီတာမင်B2)၊ Niacin ( ဗီတာမင်B3)၊( ဗီတာမင်B6) ဗီတာမင် ဃ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဇင့် စသည့် အာဟာရဓာတ်များ ပါဝင်သောကြောင့် ကြက်မောက်သီးကို စားသုံး ခြင်းအားဖြင့် ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကျန်းမာခြင်း၊ ြွကက်တက် သက်သာစေခြင်း၊ ဝမ်းချုပ်သက်သာစေခြင်း၊ အရိုး သန် မာစေခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာစေခြင်း၊ သွေး အားနည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း စသည့်     ကျန်းမာ ရေးဆိုင်ရာ အကျိုးကျေးဇူးများစွာရသော သီးနှံတစ်မျိုးဖြစ်သည်။ ကြက်မောက်သီးမှည့်သည် စပျစ်သီးထက် အရည်ရွှမ်းပြီး လိုက်ချီးသီး အရသာနှင့်လည်းဆင်တူသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကြက် မောက်ပင်ကိုခြံမြေများနှင့် အိမ်ခြံဝင်းများအတွင်း စိုက်ပျိုးလေ့ရှိ ကြသည်။ ကြက်မောက်သီးပေါ်ချိန်မှာ ဇွန်လ တတိယပတ်မှ  ဇူလိုင် လအတွင်း လှိုင်လှိုင်ပေါ်၍ သြဂုတ်လတွင် ထွက်ရှိမှု နည်းပါးလေ့ရှိ သည်။ ယခု ဇူလိုင်လတွင် မြစ်ကြီးနား ကြက်မောက်သီး လှိုင်လှိုင် ထွက်ပေါ်နေပြီးဖြစ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုနှစ်တွင် ရာသီဥတုအပူချိန်ကြောင့် ယခင်နှစ်ထက် အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကွက်အတွင်း၌ ဈေးကောင်းရရှိလျက် ရှိကြောင်း   ကြက်မောက်သီး  စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။ 
မြစ်ကြီးနားကြက်မောက်သီးကို သီးနှံဝယ်ယူသူများအနေဖြင့် အပင်ပြတ်ဝယ်ယူကြပြီး အပင်ရှိအသီးအရေအတွက်ပေါ်မူတည်၍ အစေ့ကြွပ်ကပ်မျိုးကို ကျပ် ၁၅၀ဝ၀ဝ မှ ၂၀ဝ၀ဝ၀ အထိ၊ အစေ့မကပ် မျိုးကို ကျပ် ၂၅၀ဝ၀ဝ မှ ၃၀ဝ၀ဝ၀ အထိ အရောင်းအဝယ်ဖြစ်နေပြီး လက်လီဈေးကွက်တွင် အလုံး ၅၀ ပါ အတွဲတစ်ခုလျှင် အစြွေ့ကပ်ကပ် မျိုးကို ကျပ် ၄၀ဝ၀၊ အစေ့မကပ်မျိုး ကျပ် ၅၀ဝ၀ ဖြင့် ရောင်းချလျက် ရှိပြီး  အရောင်းအဝယ်သွက်နေကြောင်းနှင့်  ဒေသတွင်းဈေးများ၊ သစ်သီးဆိုင်များတွင်  လက်လီရောင်းချလျက်ရှိသကဲ့သို့  ယခင်က မန္တလေးဈေးကွက်သို့ တင်ပို့ခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့နိုင်ခြင်း မရှိကြောင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်းမြို့တို့ တင်ပို့နေ ကြောင်း သိရသည်။
ဒေသစိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ   အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများအနေဖြင့်   ဒေသထွက်ကုန်ဖြစ်သည့်   ဝယ်လိုအား ကောင်းပြီး ဝင်ငွေများများရသည့် ကြက်မောက်ပင်များကို စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

ဆွမ်လွတ်ဇယ်လမ်း (ကချင်)