တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိ်ုင်ငံ ၏ တောင်ဘက် အကျဆုံးတိုင်းဒေသကြီး တစ်ခု ဖြစ်ပြီး တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ ပေါများကာ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ အရှေ့ဘက်တွင် တနင်္သာရီ တောင်တန်းနှင့် ဆက် စပ်လျက်ရှိသည်။ ကမ်းရိုးတန်းလွင်ပြင် ကျဉ်း မြောင်းကာ တနင်္သာရီတောင်တန်းသည် ကမ်းရိုးတန်းနှင့်အပြိုင်တည်ရှိနေသည်။ ထားဝယ်မြစ်နှင့် တနင်္သာရီမြစ်တို့မှာ ရေဝေကုန်းတန်း (ျွှအေနမ ှ့နနအ)အဖြစ် တည်ရှိသဖြင့် ထားဝယ်လွင်ပြင်နှင့် မြိတ်လွင်ပြင်များသည် တိုင်းဒေသကြီး အမြင့်ပေ ၅၀ အောက် နိမ့်ဆင်းသွားသော ပင်လယ်ဒီရေ ရောက်ရှိရာ ဒေသများဖြစ်ကြသည်။
ဓနိပင်သည် ပင်လယ်ဒီရေ ရောက်ရှိသော နေရာများဖြစ်သည့် မြစ်ကမ်းစပ်၊ ချောင်းကမ်းစပ် များတွင် ပေါက်ရောက်ပြီး တနင်္သာရီတိုင်းဒေသ ကြီးတွင် သဘာဝအလျောက် ဓနိပင်များ စီးပွားဖြစ် များစွာပေါက်ရောက်လျက်ရှိသည်။
ထို့ကြောင့် ဒေသတွင်း ဓနိခြံများကို ပိုင် ဆိုင်မှုများအဖြစ် အရောင်းအဝယ်ပြုလုပ်လာကြပြီး ဒေသခံများမှ ဓနိပင်များကို စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ဓနိပင်များမှ ရရှိသော ဓနိဖက်များကို ဓနိပျစ် များ အဖြစ် ဒေသတွင်း လုပ်သားများနှင့် လုပ်ကိုင်ကြပြီး အိမ်အမိုး၊ အကာများအဖြစ် အသုံးပြုရန်အတွက် ပြန်လည်ရောင်းချကာ ဓနိပျစ် တစ်ထောင်လျှင် ကျပ် ၂၅၀ဝ၀ဝ ဈေးရရှိသည်။ ထို့ပြင် ဓနိဖူးခိုင် များ၏ အရင်းမှ အညှာတံအား အချိန်တစ်လနီးပါး လူအားဖြင့် ဖိနှိပ်ချိုးကာ ဓနိသီးများ မှည့်ချိန်၌ အသီးများအားခုတ်ယူပြီး ကျန်သည့် အညှာတံ အရင်းအား ထိပ်မှ ဓားဖြင့်လှီး၍ ပလတ်စတစ်ဘူး၊ ကျည် တောက်များဖြင့် ခံယူပါက ဓနိရည်ချိုအား ရရှိသည်။ ဓနိပင် တစ်ပင်လျှင် ဓနိရည်ချို နှစ်လခန့် ခံယူရရှိကြောင်း သိရသည်။ ဓနိသီးများမှာ တစ်နှစ် ပတ်လည် အသီးသီးသော်လည်း နွေရာသီတွင် အပူရှိန်မြင့်တက်လာသဖြင့် အခိုင်များ ခြောက် သွေ့ကာ ဓနိရည်ထွက်ရှိမှုနှုန်း နည်းပါးသော ကြောင့် ဓနိရည်မခံတော့ကြောင်း သိရသည်။
ညနေဘက် စလှီးပြီး ခံ၍ရသော ဓနိရည်ကို ကြာစစ်ရည် သို့မဟုတ် ဓားဦးရည်ဟုခေါ်ပြီး အလွန်ချိုကြောင်း၊ တစ်ရက် အချိန်လွန်အောင် ထားပါက ချဉ်ခါးအရသာရှိသဖြင့် ဓနိခါးရည်ဟု ခေါ်ကြောင်း၊ အဆိုပါ ဓနိခါးရည်အား ဖောက် ဆေး တစ်မျိုးဖြင့်ရောစပ်၍ အရက်ချက်လုပ် ကြောင်း၊ ဓနိရည်ချိုများကို မိုးဗြဲဒယ်တွင်ထည့်၍ မီးဖိုတွင် ဒေသထွက်ရှိသည့် သီဟိုဠ် ခွံခြောက်များ၊ ထင်းများ၊ စပါးကြိတ်ခွဲရာမှရရှိသော စပါးခွံများဖြင့် မီးအပူပေးကာ ပျစ်ခဲအောင် ကျိုချက်ပြီး အအေးခံ ပါက ဓနိသကြား ဒေသအခေါ် နိဂြား၊ နိပျားများကို ရရှိကြောင်း သိရသည်။ အဆိုပါ ဓနိသကြားများ အား ၁၂ ပိဿာခန့်ဆံ့သည့် ပလတ်စတစ်ပုံး အဝါ များတွင်ထည့်သွင်း၍ ဒေသတွင်း စားသောက်ဆိုင် များ၊ ရိုးရာမုန့်လုပ်ငန်းများ၊ ထန်းလျက်ချက်လုပ် ငန်းများသို့သာမက အိမ်နီးချင်းနိုင်ငံအထိပါ တင်ပို့ရောင်းချနေကြောင်းနှင့် တစ်ပုံးလျှင် ပျမ်းမျှ ကျပ်လေးသောင်းခန့် ရရှိကြောင်း သိရသည်။
အချိုရည်၊ အခါးရည် နှစ်မျိုးစလုံးအား စဉ့်အိုး၊ ပလတ်စတစ်ပုံးများဖြင့် ကြာရှည်စွာ သိုလှောင်ထားပါက ချဉ်စူးစူး အရသာဖြစ်သွားကာ ယင်းအရည်အား ဒေသအခေါ် ပအုံးရည်ဟုခေါ် ဆိုပြီး အချဉ်ရည်(ရှလကာရည်)၊(ဠငညနါနမ)အဖြစ် ဒေသတွင်း အသုံးပြုလျက်ရှိသည်။ အချဉ်ရည် အရသာများနှင့်မတူဘဲ သဘာဝအချဉ်ရည်ဖြစ် သည့်အတွက် အထူးအရသာကောင်းမွန်ပြီး မြိတ် ကတ်ကြေးကိုက်၊ ငါးပြုတ်နှင့် ဒေသအစားအစာ မုန့်လက်သုပ် လုပ်ငန်းများတွင် အသုံးပြုသည်။ တစ်လီတာ တစ်ဘူးလျှင် ကျပ် ၁၀ဝ၀ ခန့်ရှိ ကြောင်း သိရသည်။
ထို့ပြင် ဓနိသီး ဖြစ်မည့် ပန်းဖူးကလေးများကို ဓနိဖူးဟုခေါ်ပြီး ဓနိပင် တစ်ပင်တွင် ဓနိဖူး နှစ်ခိုင် မှ လေးခိုင်အထိရှိကာ အချို့အခိုင်များသည် ပန်း ပွင့်သော်လည်း မျိုးကန်းကာ ဓနိသီးမဖြစ်တော့ သဖြင့် ယင်းဓနိဖူးများအား ခုတ်ယူပြီး ဓားဖြင့် ပါး ပါးလှီးကာ နေလှန်းအခြောက်ခံ၍ ဓနိဖူးခြောက် များအဖြစ် ရေနွေးတွင်ထည့်ကာ သောက်သုံးကြ သည်။ ကျန်းမာရေးအတွက် အထူးကောင်းမွန် ကြောင်း သိရှိရသဖြင့် ယခုအခါ ဓနိဖူးခြောက်များ ကို ခေတ်မီအိတ်များဖြင့် ထုပ်ပိုးကာ ၁၂၀ ဂရမ် တစ်ထုပ်လျှင် ကျပ် ၅၀ဝ၀ ဖြင့် စီးပွားဖြစ် တစ်နိုင်ငံ လုံးသို့ ထုတ်လုပ်ရောင်းချနေကြသည်။ အချို့မှာ ဓနိပန်းများအား ခူးယူပြီး အခြောက်လှန်းကာ ဓနိ ဦးရည်ဖြင့် ကျိုချက်၍ ဓနိပွင့်ယိုများကို ထုတ်လုပ် ကြသည်။ ဓနိပွင့်ယို တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၀ ခန့်ရှိပြီး ဒေသတွင်းသာမက တစ်နိုင်ငံလုံးနှင့် အိမ်နီးချင်းနိုင်ငံအထိပါ ရောင်းချနေကြောင်း သိရ သည်။ ဓနိသီးများကို ဓာတ်ခွဲစမ်းသပ်ရာ အမျှင် ဓာတ်(င်္ငဘနမ)ပါဝင်မှုများကာ ကျန်းမာရေးအတွက် ကောင်းမွန်သဖြင့် ခေတ်မီသော နိုင်ငံများတွင် သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်နှင့် အခြားလူ သုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေ ကြောင်း သိရသည်။
သို့အတွက် တနင်္သာရီတိုင်းဒေသကြီးတွင် သဘာဝအလျောက် ပေါက်ရောက်သော ဓနိပင် များသည် တစ်ပင်လုံး အသုံးဝင်မှုရှိသဖြင့် နည်း ပညာအကူအညီများရရှိပြီး ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်ပါက ဒေသတွင်း၊ နိုင်ငံအတွင်းသာ မက ပြည်ပနိုင်ငံများအထိပါ တင်ပို့ရောင်းချနိုင် မည်ဖြစ်သည်။ ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေပိုမို ရရှိနိုင်မည်ဖြစ် သဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွက် လွန်စွာ အဖိုးတန်ကြောင်း ရေးသားလိုက်ရပါသည်။
စိုးဗြိ (ထားဝယ်)