Main menu

Background

ဒေသထွက် ရာသီစာ ဒူးရင်းသီးဈေးနှုန်း

Wed, 09/03/2025 - 14:16 -- journal_editor

ကရင်ပြည်နယ်ဒေသထွက် ဒူးရင်းသီးများ ဘားအံမြို့ပေါ် ဈေးကွက်အတွင်း၌ ဈေးကောင်းရကာ အရောင်းသွက်လျက် ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်လုံးတွင် ဒူးရင်းသီး ထွက်ရှိသော်လည်း ဖာပွန်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီးနှင့် ကာ့ကရိတ်မြို့နယ်များတွင် ဒူးရင်းသီးပိုမိုထွက်ရှိပြီး ပို၍လည်း အရသာ ရှိလှသည်။ ကရင်ပြည်နယ်တွင်စိုက်ပျိုးသည့် ဒေသထွက် ဒူးရင်းသီးပင်သည် အပင်မြင့်မျိုးဖြစ်ပြီး ကျောက်စရစ် မြေနီကို ပိုကြိုက်သည်။ ဒူးရင်းသီးပင်မြင့်သော်လည်း ဒူးရင်းသီးမှည့်လျှင် အလိုအလျောက် ြွေကကျကာ ပျက်စီးခြင်းမရှိဘဲ ပင်ကိုအတိုင်းပင် တည်ရှိသည်။ 
ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့ နယ်ထွက် ဒူးရင်းသီး များသည် အရသာ အလွန်ချိုမြကာ အခါးသက်နေ၍ လူကြိုက်များ လှသည်။ ယခုအခါ တွင် ကရင်ပြည်နယ်ဒေသထွက် ဒူးရင်းသီးစစ် စစ်ရှိသလို ထိုင်း ကိုင်းဆက် ဒူးရင်းသီးပင်များကိုလည်း စီးပွား ဖြစ် စိုက်ပျိုးနေကြောင်း သိရသည်။
ဒူးရင်းသီးသည် စပွင့်ချိန်မှ မှည့်ချိန်အထိ ငါးလခွဲမှ ခြောက် လခွဲထိ ကြာသည်။ ကရင်ပြည်နယ်ဒေသထွက် ဒူးရင်းသီးများမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများမှစပွင့်ပြီး ဇွန်၊ဇူလိုင်လများတွင် စတင်ခူးဆွတ်ရောင်းချကြသည်။ ယခင် ဇူလိုင်တွင် ဒေသထွက် ဒူးရင်းသီး ဈေးနှုန်းများမှာ ဒူးရင်းသီး အလုံးကြီးတစ်လုံးလျှင် ကျပ် ၃၀ဝ၀ဝ- ၄၀ဝ၀ဝ၊ ဒူးရင်းသီး အလုံးလတ်  တစ်လုံးလျှင် ကျပ် ၁၅၀ဝ၀-၂၀ဝ၀ဝ၊ ဒူးရင်းသီး အလုံးငယ်  တစ်လုံး လျှင် ကျပ် ၅၀ဝ၀-၁၂၀ဝ၀ တို့ဖြစ်ကြပြီး  သြဂုတ်လ နောက်ဆုံးပတ်တွင် ဒူးရင်းသီးဈေးနှုန်းများမှာ  အလုံးကြီး တစ်လုံးလျှင် ကျပ် ၄၀ဝ၀ဝ-၅၅၀ဝ၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၂၅၀ဝ၀၊ ၃၀ဝ၀ဝ၊ အလုံး ငယ် တစ်လုံးလျှင် ကျပ် ၁၀ဝ၀ဝ၊ ၁၈၀ဝ၀ တို့ဖြင့် ရောင်းချလျက် ရှိကြောင်းနှင့် သြဂုတ်လတွင် မြင့်တက်လာကြောင်း တွေ့ရသည်။   
ယခုကဲ့သို့ ဈေးမြင့်လာရခြင်းမှာ ဒူးရင်းသီးရာသီ ကုန်ဆုံး ချိန် နီးသောကြောင့်ဖြစ်ကြောင်း သိရသည်။        

သီတာဌေး(ကရင်)