အသားခြောက်လုပ်ငန်းသည် မြန်မာနိုင်ငံတွင် ရှေးအကျဆုံး စားသောက်ကုန်ထုတ်လုပ်မှု တစ်ခုဖြစ်ပြီး ယခုအခါရိုးရာဓလေ့ ခေတ်မီစက်မှုလုပ်ငန်းတစ်ခုအဖြစ် ကူးပြောင်းလာပြီး အရေးပါသော အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာသည်။ အသားခြောက်သည် ကြာ ရှည်ခံခြင်း၊ အာဟာရြွကယ်ဝခြင်း၊ အရသာ ကောင်းမွန် ခြင်းနှင့် သယ်ဆောင်ရလွယ်ကူခြင်း စသည့် အားသာချက် များကြောင့် လူအများ ကြိုက်နှစ်သက်သည့် အစားအစာ အဖြစ် ရပ်တည်လျက်ရှိသည်။ ရမည်းသင်းမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် မွေးမြူရေးလုပ်ငန်း များလည်း လုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် ြှနြ လုပ်ငန်းများ လည်းရှိသည်။ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများမှ နွား မွေးမြူရေးလုပ်ငန်းများအား တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြ ပြီး ထွက်ရှိသော အသားများကို ဒေသတွင်းစားသုံးမှုအပြင် တန်ဖိုးမြှင့်ထုတ်ကုန် အသားခြောက်များ ထုတ်လုပ်ရောင်း ချလျက်ရှိသည်။
ရမည်းသင်းမြို့နယ်၌ ဒေသတွင်းနွားမွေးမြူရေးလုပ် ငန်းများမှထွက်ရှိသော အမဲသားများကို တန်ဖိုးမြှင့်ထုတ် ကုန် အသားခြောက်လုပ်ငန်းများထုတ်လုပ်သည့် လုပ်ငန်း ရှင် ခြောက်ဦးခန့်ရှိ သည်။ သားခြောက်လုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းကို ဒေသတွင်း လိုင်စင်ရ သားသတ် လုပ်ငန်းများမှ ဝယ်ယူထုတ်လုပ်ကြသည်။
အသားခြောက် ပြုလုပ်ရာတွင် ပထမဦးစွာ အမဲသား များကို ဆား၊ ချင်း၊ အချိုမှုန့်နှင့် စားသောက်ကုန်များတွင် ထည့်သွင်းအသုံးပြုသည့် ပွဆေး အနည်းငယ်ဖြင့်ရောနယ် ၍ နေလှန်းပြီး ညဘက်ရောက်လျှင် မီးဖိုဖြင့် မီးကင်ပြီး ဒုတိယနေ့တွင် ထပ်မံနေလှန်းကြောင်း၊ တတိယနေ့တွင် နေလှန်းပြီး အသားများကို ကြော်၍ အပူရှိန်မကျမီ မိုးကာ ကုန်းဖြင့် အုပ်ထားသဖြင့် အနည်းငယ် ပျော့လာသည့်အခါ မော်တာဖြင့်ပြန်ကြိတ်၍ မီးကင်ပြီး အအေးခံကာ ဏခေုငညါ ထုပ်ပိုးမှုများ ပြုလုပ်ကြောင်း သိရသည်။
ထုတ်လုပ်မှုအနေဖြင့် ဒေသတွင်း လိုင်စင်ရ သား သတ်လုပ်ငန်းများထံမှ အမဲသားအစိုတစ်ပိဿာလျှင် ကျပ် ၂၆၀ဝ၀ ဖြင့် ဝယ်ယူရကြောင်း၊ အမဲသား အစိုကုန်ကြမ်း ပိဿာချိန် ၁၀ဝ လျှင် အမဲသားခြောက် (အစိမ်း)ပိဿာ ၄၀ ခန့်ထွက်ရှိကြောင်း၊ အမဲသားအစို ပိဿာ ၂၀ဝ လျှင် အမဲသားခြောက် (မီးကင်)ပိဿာ ၄၀ ခန့်ထွက်ရှိကြောင်း၊ အောက်တိုဘာလမှ ဧပြီလအထိ အရောင်း အဝယ်ကောင်း ၍ တစ်လလျှင် ကုန်ကြမ်းပိဿာ ၂၀ဝ၀-၃၀ဝ၀ အထိ ထုတ်လုပ်နိုင်ပြီး ကုန်ချောပိဿာ ၄၀ဝ-၆၀ဝ ခန့်ထွက်ရှိ ကြောင်း၊ ကျန်ကာလများတွင် အရောင်းအဝယ် အေး သဖြင့် တစ်လလျှင် ကုန်ကြမ်းပိဿာ ၁၂၀ဝ ခန့်သာ ထုတ် လုပ်နိုင်သဖြင့် ကုန်ချောပိဿာ ၂၄၀ ထိ ထုတ်လုပ်နိုင် ကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ထွက်ရှိသော ကုန်ချောများကို ၂၅ ကျပ်သား၊ ၅၀ ကျပ်သား၊ တစ်ပိဿာ စသဖြင့်အထုပ်များ ထုပ်၍ လက်လီရောင်းချပြီး လက်ကားအနေဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးမြို့များသို့ ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း၊ ရန်ကုန်မြို့ရှိ စားသောက်ကုန် လုပ်ငန်း များမှ ပြန်လည်ထုပ်ပိုး၍ ပြည်တွင်းဈေးကွက်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချကြကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် လက်လီဈေး အမဲသားခြောက် (အစိမ်း) တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၀၊ အမဲသားခြောက် (မီးကင်)တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀ဝ၊ လက်ကား အမဲ သားခြောက် (အစိမ်း) တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ဝ၊ အမဲသားခြောက် (မီးကင်)တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
အသားခြောက်လုပ်ငန်းများသည် ဒေသတွင်းမွေးမြူ ရေး ထွက်ကုန်များကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန် ဖြစ်၍ ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများနှင့်အတူ ဝင်ငွေ တိုးတက်ရရှိလာပြီး နိုင်ငံ့စီး ပွားမြှင့်တင်ရာတွင်လည်း အဓိကကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှပါဝင်နေသဖြင့် မွေးမြူရေးထွက် ကုန် တန်ဖိုးမြှင့်အသားခြောက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့ရီ (MDY DOCA )
