Main menu

Background

ကျောက်ဆည်မြို့နယ်မှ ခေတ်မီနို့ချက်လုပ်ငန်း

Mon, 12/01/2025 - 13:29 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ဆန်စပါး၊ ပဲမျိုးစုံ၊  ဆီထွက်သီးနှံ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စသည့် သီးနှံများအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းသည့် နိုင်ငံဖြစ် သည့်အလျောက်   စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ  မွေးမြူရေး လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။ ၎င်း မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများအား အသုံး ပြု၍ ပြည်ပမှသွင်းကုန်များကို အသုံးပြုခြင်းမရှိဘဲ ပြည်တွင်းထွက် ကုန်ပစ္စည်းများဖြင့် စက်ရုံ၊ အလုပ်ရုံများ နိုင်ငံအတွင်း  လည်ပတ် လျက်ရှိရာ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲစုရပ်ကွက်ရှိ နို့ချက်လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါ လုပ်ငန်း အား ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်က စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးမှုမရှိသေးသည့်အတွက် နို့ဆီချက်လုပ်ရာတွင် ကန်များအတွင်း နွားနို့များအား အပူပေးပြီး လူအင်အားကိုအသုံးပြု၍ သစ်သားယောက်မများဖြင့်မွှေပြီး ဒေသရိုးရာနည်းစနစ်ဖြင့် နို့ချက် ခဲ့ကြောင်းသိရသည်။ 
၁၉၈၉ ခုနှစ်မှစ၍ ယခုအချိန်အထိ နည်းပညာများ တိုးတက် လာသည့်ခေတ်တွင် လူအင်အားကိုအသုံးပြု  ထုတ်လုပ်မှုအစား ခေတ်မီ စက်ပစ္စည်းများကို အသုံးပြုလာခဲ့ကြသည်။ ထုတ်လုပ်မှုအနေ ဖြင့် နို့ထွက်ပစ္စည်းများဖြစ်‌သော နို့ဆီ၊ နို့မှုန့်၊ နို့စိမ်းများအား ထုတ် လုပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ထုတ်လုပ်ရန်အတွက် ကုန် ကြမ်းအဖြစ် နွားနို့၊ သကြားများကို  အသုံးပြုရသည်။   နွားနို့အား ကျောက်ဆည်၊ မြစ်သား၊ စဥ့်ကိုင်နှင့် တံတားဦးမြို့နယ်များရှိ နွား မွေးမြူသည့် တောင်သူများထံမှ ငွေကြိုပေး၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ဝယ်ယူရရှိသလို စက်ရုံအတွင်း၌ လည်း နို့စားနွားအကောင် ၄၀ဝ ခန့်မွေးမြူပြီး ၎င်းတို့ထံမှလည်း နို့ ကုန်ကြမ်းရရှိသည်။ 
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစက်မှုဇုန်ရှိ နွားမွေး မြူရေးခြံများမှ နွားနို့များအားဝယ်ယူပြီး မုံရွာစက်ရုံ၌ နို့ဆီအကျဲ ချက်ပြီး ကျောက်ဆည်ရှိ ပင်မနို့ချက်စက်ရုံသို့ပို့ကာ နို့ဆီများကို ထုတ်လုပ်လျက်ရှိသည်။ တောင်သူများထံမှ နွားနို့ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဈေးဖြင့် ဝယ်ယူလျက်ရှိပြီး စက်ရုံလည်ပတ်မှုအနေဖြင့် တစ်ရက်လျှင်  နွားနို့ပိဿာ ၄၀ဝ၀ဝ ခန့် ချက်လုပ်နိုင်သော်လည်း နို့ကုန်ကြမ်း ပုံမှန်မရရှိခြင်း၊ ဈေးကွက်ရှာဖွေရခြင်းတို့ကြောင့် ပုံမှန် အားဖြင့် တစ်ရက်လျှင် စက်ရုံ၌ နွားနို့ပိဿာချိန် ၂၀ဝ၀ဝ-၂၅၀ဝ၀ ခန့်သာ ချက်လုပ်လျက်ရှိသည်။ 
၎င်းမှ နို့ဆီကုန်ချောအနေဖြင့်နို့ဆီအခဲ ပိဿာ ၆၄၀ဝ ထွက် ရှိပြီး နို့မှုန့်၊ နို့စိမ်း၊ ဒိန်ချဉ်များလည်း ထုတ်လုပ်လျက်ရှိသည်။ နွား မွေးမြူ‌ရေးလုပ်ငန်းများတွင် စက်တင်ဘာ ၊ အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများတွင် နွားနို့များ  အထွက်နည်းသည့်အတွက်  ၎င်း လများတွင် နွားနို့အစား စက်ရုံ၌  ထုတ်လုပ်ထားပြီး သိုလှောင်ထား ရှိသည့်  နို့မှုန့်များအား ပြန်လည်အသုံးပြုလျက်ရှိသည်။ ယခင်က ၎င်းနို့မှုန့်အား  ပြည်ပမှ မှာယူတင်သွင်းပြီး ယခုအခါတွင် မိမိစက်ရုံ၌ ထွက်သော နို့မှုန့်အားပြန်လည် အသုံးပြုနိုင်သလို သကြားအား ရှမ်း ပြည်နယ်၊ ရွှေညောင်ရှိ တောင်လေးလုံး သကြားစက်ရုံမှ ရရှိသည့် အတွက် ပြည်ပမှသွင်းကုန်များအား အစားထိုးထုပ်လုပ်နိုင်ခဲ့သည်။ 
ဈေးနှုန်း အနေဖြင့် နို့ဆီခဲတစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀၊ နို့မှုန့် ၁၅ ဂရမ်အထုပ် ၂၀ ပါ တစ်ထုပ်လျှင် ကျပ်၇၆၀ဝ၊ နို့ဆီ ၃၉၀ ဂရမ် တစ်ဘူးလျှင် ကျပ် ၄၀၅၀ ဖြင့်  ရောင်းချလျက်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများသို့ အဓိက ထားပြီး ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ နို့ချက်စက်ရုံ၌ ဝန်ထမ်း‌ပေါင်း ၁၈၅ ဦးဖြင့် လည်ပတ်လျက်ရှိပြီး ဒေသတွင်း အလုပ်အကိုင် အခွင့် အလမ်းများအား ဖြည့်ဆည်းပေးလျက်ရှိသည်။  
နို့ချက် စက်ရုံများက နိုင်ငံအတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှု များကို လုံလောက်စွာဆောင်ရွက်နိုင်မည်ဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအား မျှတလာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ပြည်ပအစားထိုး သွင်းကုန်များအား မိမိ နိုင်ငံအတွင်း၌  အရည်အသွေးမီ ထုတ်လုပ်ခြင်းမှသည် ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက ပြည်ပဝင်ငွေများရရှိပြီး နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်လာမည် ဖြစ်ပါ ကြောင်း ရေးသားအပ်ပါသည်။

ဇော်မင်းလတ်၊ mdydoca