မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ မြန်မာ့ဆီအိုးကြီး ဟု တင်စားခေါ်ဝေါ်ကြသည့်အတိုင်း ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် အဓိကကျသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နှမ်းသီးနှံ စိုက်ဧရိယာသည် ဆီထွက်သီးနှံ စိုက်ပျိုးမှုများအနက် ၅၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးကြသည်။ ထိုအထဲတွင် နှမ်းနက်Black Sesame သည် ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပပို့ကုန်ကဏ္ဍတွင်ပါ အလွန်အရေးပါသော စီးပွားဖြစ် သီးနှံတစ်ခုဖြစ်သည်။
နှမ်းစိုက်ပျိုးမှု
မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူ နှင့် ဂန့်ဂေါခရိုင်များတွင် နှမ်းကို အဓိကထား စိုက်ပျိုးကြသည်။ အဓိကအားဖြင့် မိုးနှမ်းနှင့် ဆောင်းနှမ်းဟူ၍ စိုက်ပျိုးကြပြီး ဆည်ရေ ရရှိသော ဒေသများတွင်မူ နွေနှမ်းကိုလည်း စိုက်ပျိုးကြသည်။
နှမ်းနက်ထုတ်ကုန်များ
မြန်မာ့နှမ်းနက်(နှမ်းနက်စမုန်)သည် ကမ္ဘာ့ဈေးကွက်တွင် အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် သတ်မှတ်ခြင်းခံထားရသည်။ နှမ်းနက်စမုန်သည် နိုင်ငံခြားဈေးကွက်တွင် ဝယ်လိုအားအမြင့်ဆုံး ဖြစ်ပြီး ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများမှ အဓိကထား ဝယ်ယူကြသည်။ မြန်မာ့နှမ်းနက်ကို ဂျပန်နိုင်ငံမှ ကျန်းမာရေးနှင့် ဖြည့်စွက်စာအတွက်သော် လည်းကောင်း၊ တရုတ်နိုင်ငံမှ ဆီထုတ် လုပ် ခြင်းနှင့် မုန့်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သော်လည်း ကောင်း၊ တောင်ကိုရီးယားနိုင်ငံမှ ဟင်းခတ်အမွှေးအကြိုင်နှင့် ဆီ အဖြစ်အသုံးပြုရန်အတွက်သော် လည်းကောင်း ဝယ်ယူလျက်ရှိသဖြင့် နိုင်ငံခြား ပို့ကုန်အဖြစ် တန်ဖိုးမြှင့်ထုတ်ကုန် (Value-Added)) အဖြစ် နှမ်းကို အခွံချွတ်၍ သန့်စင်ပြီး ပြည်ပသို့ တင်ပို့လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသော နှမ်းနက်များကို အကြမ်း ထည်Raw Material) အတိုင်းသာမက တန်ဖိုးမြှင့်ထုတ်ကုန် (Value-added Products) များအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပသို့ ဖြန့်ဖြူးလျက်ရှိသည်။ နှမ်းနက်ဆီသည် နှမ်းနက်ကို အအေး စာနည်း (Cold Pressed) ဖြင့် ကြိတ်ခွဲထားသော ဆီဖြစ်ပြီး အနံ့မွှေး ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်းတို့ကြောင့် ဟင်းချက်ရာတွင်သော် လည်းကောင်း၊ အသုပ်များတွင် ဆမ်း၍သော်လည်းကောင်း အသုံးပြု ကြသည်။ သန့်စင်ပြီး နှမ်းနက်စေ့သည် (ဖုန်၊ သဲ၊ ခဲ) ကင်းစင်အောင် စက်ဖြင့် သန့်စင် ထားသော နှမ်းစေ့များ ဖြစ်သည်။ ၎င်းကို ပေါင်မုန့်၊ ကိတ်မုန့်နှင့် ဘီစကစ်လုပ်ငန်းများတွင် အပေါ်ယံဖြူးရန် အသုံးပြုကြ သည်။ ထို့အပြင် မြန်မာ့ရိုးရာ သရေစာများဖြစ်သော နှမ်းယို၊ နှမ်းလိပ် နှင့် နှမ်းလှော်ထုပ်များအဖြစ်လည်း ထုတ်လုပ်သည်။ ဆံပင်သန်စွမ်း ဆေး Hair Oil)သည် နှမ်းနက်ဆီကို အခြေခံ၍ ထုတ်လုပ်ထားပြီး အသားအရေ စိုပြည်စေရန်အတွက် နှိပ်နယ်ဆီ (Massage oil)) နှင့် ဆပ်ပြာ Natural Soap) များ ထုတ်လုပ်ရာတွင် နှမ်းနက်ကို အသုံးပြု သည်။
နှမ်းနက်နှင့် ကျန်းမာရေး
နှမ်းနက် Black Sesame)သည် ရှေးယခင်ကတည်းက]]အသက် ရှည်ဆေး}}ဟု တင်စားရလောက်အောင် ကျန်းမာရေးအတွက် အလွန် အကျိုးပြုသော အစားအစာတစ်ခုဖြစ်သည်။ ၎င်းတွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်တီအောက်ဆီးဒန့် (Antioxidants)များ ြွကယ်ဝ စွာ ပါဝင်သည်။ နှမ်းနက်ကို စားသုံးခြင်းဖြင့် အရိုးနှင့် သွားများကို သန်မာစေခြင်း၊ သွေးတိုးကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန် စေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေခြင်း၊ အသား အရေနှင့် ဆံကေသာကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံစားစနစ်ကို မြှင့် တင်ပေးခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။
ဈေးနှုန်းဈေးကွက်နှင့် တင်ပို့နိုင်မှု
ဈေးနှုန်းဈေးကွက်အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ၂၅-၁၂-၂၀၂၅ ရက်နေ့တွင် နှမ်းနက်စမုန် တစ်တင်းလျှင် ကျပ် ၂၃၀ဝ၀ဝ၊ ၂၅-၁-၂၀၂၆ရက်နေ့တွင် နှမ်းနက်စမုံ တစ်တင်းလျှင် ကျပ် ၂၃၃၀ဝ၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်း နှိုင်း ယှဉ်ပါက နှမ်းနက်စမုန်ဈေးနှုန်း အနည်းငယ် တက်လျက်ရှိကြောင်း တွေ့ရသည်။ မကွေးတိုင်းဒေသကြီးမှထွက်ရှိသော နှမ်းနက်များကို ပြည်ပဈေးကွက်နှင့် ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ စားသောက်ကုန်လုပ်ငန်းများသို့လည်းကောင်း တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
လက်တွဲဖြေရှင်း
မကွေးတိုင်းဒေသကြီး၏ နှမ်းနက်ကဏ္ဍသည် ယခင်က ကုန် ကြမ်းတင်ပို့မှုအပေါ်၌သာ အဓိကထားခဲ့သော်လည်း ယခုအခါ MSME (အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်း) များမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာခြင်းဖြင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတစ်ရပ် ဖြစ်လာသည်။ ခေတ်မီလာသော စိုက်ပျိုးရေး နည်းစနစ်များ၊MSME လုပ်ငန်းများ၏ တန်ဖိုးမြှင့်ထုတ်ကုန် ဖန်တီးမှုများနှင့် ပြည်ပ ဝယ်လိုအား အလားအလာကောင်းများသည် မကွေးတိုင်းရှိတောင်သူ များနှင့် လုပ်ငန်းရှင်များအတွက် တောက်ပသောအနာဂတ်ကို ညွှန်ပြ နေသည်။ သို့သော်လည်း ရာသီဥတုပြောင်းလဲမှု၊ ပိုးသတ်ဆေးအြွကင်း အကျန် ကင်းစင်ရေးနှင့် ခေတ်မီထုပ်ပိုးမှု နည်းပညာစိန်ခေါ်မှုများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ လက်တွဲဖြေရှင်းသွားနိုင်ပါက မြန်မာ့ နှမ်းနက်သည် ကမ္ဘာ့ဈေးကွက်တွင် ထိပ်တန်းအဆင့်၌ ဆက်လက် ရပ်တည်နေမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ "အရည်အသွေးမြင့် နှမ်းနက် ထုတ်လုပ်မှုမှသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့"ဟူ၍ မကွေးတိုင်း၏ နှမ်းနက် ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတစ်ခုအဖြစ် ဆက်လက်ရှင်သန်နေဦးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါ သည်။
စန္ဒာစိုးလွင် (မကွေး)
