Main menu

Background

ကန့်ဘလူမြို့နယ်ဒေသထွက် ဝါးဖျာကြမ်း

Sat, 01/10/2026 - 12:11 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူခရိုင်  ကန့်ဘလူမြို့ နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက အသက်မွေး ဝမ်းကျောင်းအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မွေးမြူ ရေးလုပ်ငန်းနှင့် လက်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ဒေသတစ်ခုဖြစ်သည်။ 
ကန့်ဘလူမြို့နယ်၏  လက်မှုလုပ်ငန်းများအနက်မှ ဝါးဖျာကြမ်းလုပ်ငန်းမှာ အခြားဒေသများသို့ တင်ပို့သည်အထိ ထုတ်လုပ်နေသော ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။ 
ဝါးဖျာကြမ်း စတင်ရက်လုပ်နိုင်ရန်အတွက် ကုန်ကြမ်း ဖြစ်သည့် ဝါးနှီး အဓိကလိုအပ်သည်။ ကုန်ကြမ်းရရှိနိုင်ရန် အတွက် ဝါးနှီးထိုးသူများသည် ဆောင်းရာသီရောက်လျှင် ကုန်ကြမ်းများ ရနိုင်သည့် ကောလင်းမြို့နယ် တောင်ပုံတော စခန်းဘက်သို့ စားအိုးစားခွက်များဖြင့်  ရက်ပေါင်းများစွာ တောထဲတွင် တဲထိုး၍ လုံလောက်သည့် ဝါးနှီးရသည်အထိ နေထိုင်ပြီး လုပ်ကိုင်ကြရသည်။ 
]ဝါးနှီးဖျာ}ရက်လုပ်ရာတွင် မျှင်ဝါးတစ်မျိုးသာ အသုံးပြု ရက်လုပ်ရသည်။  ဝါးတစ်ပင်၏ အရှည်မှာ (၁၁)တောင်ခန့် ရှိပြီး ဝါးတစ်ပင်လျှင် နှီးကြမ်း (၈)ပင်ရည်။  ထိုသို့ရရှိလာသော နှီးများကို ]ဝါးနှီးဖျာ}လုပ်ငန်း  လုပ်ကိုင်သည့် လုပ်ငန်းရှင် ပွဲစားများထံသို့ လာရောက်ရောင်းချကြသည်။  နှီးကြမ်းအပင် ၈၀ ပါတစ်ထုပ်လျှင် ကျပ် ၁၈၀ဝ၀၊ အထုပ် ၃၀ ပါ လှည်းတစ်စီး လျှင် ကျပ် ၅၄၀ဝ၀ဝ ဖြင့် ရောင်းချသည်။ ဝါးရင့်ချိန် ဆောင်း ရာသီတွင် သက်တမ်းရင့်ဝါးများကို ရှာဖွေကာ နှီးကြမ်းအဖြစ် ထုတ်လုပ်ကာ  တစ်ရာသီလုံး   ရက်လုပ်နိုင်ရန်အတွက် စုဆောင်းထားရှိရသည်။
ဝါးဖျာကြမ်းလုပ်ငန်း လုပ်ကိုင်သည့် လုပ် ငန်းရှင်ပွဲစား များသည် ရရှိလာသော နှီးကြမ်းများကို ဝါးဖျာကြမ်း ရက်လုပ် နိုင်ရန်အတွက် နှီးကြမ်းတစ်ပင်ကို ဖြာရက်လုပ်၍ရသော အလွှာလေးလွှာ ပြန်၍ခွဲထုတ်ရသည်။  နှီးလွှာသည့် အမျိုး သားတစ်ဦးသည် တစ်ရက်လျှင် နှီးကြမ်းတစ်ထုပ်ခွဲသာ လွှာ နိုင်သည်။ နှီးလွှာခအနေဖြင့် တစ်ထုတ်လျှင် ကျပ် ၂၅၀ဝ ပေး ရပြီး တစ်ရက်လျှင် လုပ်အားခ ကျပ် ၁၀ဝ၀ဝ ရရှိသည်။ ဖျာ ရက်လုပ်သူအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး တစ်ရက် လျှင် လေးချပ်မှ ငါးချပ်အထိ ရက်လုပ်နိုင်သည်။ ရရှိလာသော နှီးသားဖျာကြမ်း  တစ်ချပ်လျှင် ဈေးကွက် ရောင်းဈေး ကျပ် ၁၅၀ဝ၀ မှ ၁၈၀ဝ၀ နှင့် နှီးချောဖျာတစ်ချပ်လျှင် ကျပ် ၂၅၀ဝ၀ မှ ၂၈၀ဝ၀  ရောင်းချသည်။
ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် နှီးကြမ်းများကို တစ်ည ရေစိမ်ရသည်။ ထို့နောက် နှီးကြမ်းတစ်ပင်ကို ဖျာရက် လုပ်နိုင်သည့် နှီးချောလေးပင်ရအောင် လွှာရသည်။ ရရှိလာ သော နှီးချောများကို နာရီအနည်းငယ် ရေထပ်စိမ်ပြီးမှ ဖျာ စတင်ရက်လုပ်ကြရသည်။
တစ်အိမ်လျှင် အမျိုးသားက နှီးဖျာပြီး အမျိုးသမီးက ဖျာရက်လုပ်သည်။ အလျား လေးထောင့်ထွာ၊ အနံ သုံးထောင့် ထွာဖျာ တစ်ချပ်လျှင် နှီးသားအပင်ရေ  ၈၀ မှ ၉၀ ခန့် ကုန် ကျသည်။   ဖျာရက်လုပ်သည့် လုပ်ငန်းကို  နွေရာသီနှင့် ဆောင်းရာသီတွင် အများဆုံး ရက်လုပ်ကြသည်။ မိုးရာသီတွင် ဒေသစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသဖြင့် အနည်း ငယ်သာ ရက်လုပ်ကြသည်။ 
ကုန်ချောထွက်ရှိလာသော   ဝါးဖျာကြမ်းများကို ဒေသ တွင်း ဖောက်သည်များထံသို့ ရောင်းချပြီး အများဆုံးတင်ပို့ သည့်ဒေသမှာ ရှမ်းပြည်နယ်သို့ တင်ပို့ရောင်းချသည်။ ရှမ်း ပြည်နယ်ရှိ  လက်ဖက်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် များမှ အများဆုံး ဝယ်ယူသုံးစွဲကြသည်။
ထို့ကြောင့်  ဝါးဖျာကြမ်းလုပ်ငန်းများ ရေရှည်ရပ်တည် လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းဝါးများကို အစားထိုး စိုက်ပျိုးခြင်း၊ ဝါးတောများကို တောမီးမလောင် အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်းများ  ဆောင်ရွက် ကြရန်လိုအပ်သည်။  ရှားပါးလာသည့် အလုပ်သမား ပြဿနာ အား ဖြေရှင်းနိုင်ရေးလက်မှုမှသည့် စက်မှုဖြင့် ထုတ်လုပ်နိုင် သည့်  အကူပစ္စည်းနှင့် နည်းပညာများလည် လိုအပ်လျက်ရှိနေ သည်မှာ အမှန်ပင်ဖြစ်သည်။ သို့မှသာ ကုန်ချောပစ္စည်းများ ကို အမြန်ဆုံးနှင့် ဈေးနှုန်းချိုသာစွာ ဈေးကွက် သို့တင်ပို့နိုင်ပြီး ပြန်လည်ထိုးဖောက်နိုင်မည်ဖြစ်ကြောင်း  ရေးသားလိုက်ပါ သည်။ 

သင်းသင်းအေး (မုံရွာ)