ကုမ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခု သည် ရင်းနှီးငွေတိုးချဲ့ ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေမည်ဆို သည်ကို စဉ်းစားရာတွင် ထုတ်ဝေနိုင်သော အမျိုးအစားနှင့် နည်း လမ်းမျိုးစုံကို တွေ့မြင်နိုင်သည်။ အဆိုပါ နည်းလမ်းများကို ထုတ်ဝေမည့်ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်တို့ ဆွေးနွေးကာ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ကြရန်လိုအပ်သည်။ အထူး သဖြင့် ငွေချေးစာချုပ်များ ထုတ်ဝေမည်လား၊ စတော့ရှယ်ယာ များ ထုတ် ဝေမည်လား၊ ရောစပ်ငွေချေးသက်သေခံလက်မှတ်များ Hybrid securities) ထုတ်ဝေမည်လား ဆိုသည်ကို အကျေ အလည် စဉ်းစားကြရန်လိုအပ်သည်။
အကယ်၍ ကုမ္ပဏီသည် ငွေချေးစာချုပ်များကို ထုတ်ဝေ ရန် ဆုံးဖြတ်ပြီးပါက ကုမ္ပဏီသည် ကြွေးမြီး အဆင့်အတန်းသတ် မှတ်သည့်အဖွဲ့ Rating Agency) များ၏ အကဲဖြတ်မှုကို ခံယူကာ မိမိကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုအဆင့်ရှိသည့် ကုမ္ပဏီ ဟုတ်၊ မဟုတ် စစ်ဆေးကြရသည်။ ကမ္ဘာပေါ်တွင် Rating Agency များ စွာရှိသည့်အနက် ထင်ရှားသည့်အဖွဲ့သုံးခုဖြစ်သည့်Standard & Poors, Moody’sနှင့်Fitch တို့၏ အကဲဖြတ်ပုံကို လေ့လာနိုင် သည်။Standard & Poors နှင့် Fitch တို့သည်BBB(-) နှင့် အထက်ကို ရင်းနှီးမြှုပ်နှံမှုအဆင့်အဖြစ် သတ်မှတ်ပြီး Moody’s သည်Baa3 နှင့်အထက်ကို ရင်းနှီးမြှုပ်နှံမှုအဆင့်အဖြစ် သတ် မှတ်သည်။ ရင်းနှီးမြှုပ်နှံမှုအဆင့်ဆိုသည်မှာ ကုမ္ပဏီ၏ လက် ကျန်ရှင်းတမ်း တောင့်တင်းမှုနှင့် ငွေသားလက်ကျန် လိုအပ် ချက်ကို တောင့်ခံနိုင်သည့် စွမ်းရည်မည်မျှရှိသည် ဆိုသည့်အပေါ် ကြည့်ကာ ဆုံးဖြတ်လေ့ရှိသည်။
Moody’s မှBa1နှင့် အောက်အဆင့်များကိုလည်းကောင်း၊S&P နှင့် Fitch မှBB+ နှင့် အောက်အဆင့်ကို လည်းကောင်း ရင်းနှီးမြှုပ်နှံရန်မသင့်သော အဆင့်ဟု သတ်မှတ်လေ့ရှိသည်။ ြွေကးမြီစာချုပ်စာတမ်းများကို လေ့လာရာတွင် ရင်းနှီးမြှုပ်နှံမှု အဆင့်နှင့် ရင်းနှီးမြှုပ်နှံရ န် မသင့်သောအဆင့်ဟု ခွဲခြားသတ်မှတ် ပြီး ရင်းနှီးမြှုပ်နှံမှုအဆင့်ပေါင်းများစွာ ခွဲခြားထုတ်ဝေကြသည်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုအဆင့် High Grade ငွေချေးစာချုပ် များ၊ ရင်းနှီးမြှုပ်နှံရန်မသင့်သော အဆင့် (ပြန်ရမှုနှုန်း မြင့်ပြီး စိတ်မချရသည့် ငွေချေးစာချုပ်Junk Bond ) များ၊ အခြေပစ္စည်း ကျောထောက်နောက်ခံပြုသည့် ငွေချေးသက်သေခံလက်မှတ်များ နှင့် ကော်မာရှယ် စာတမ်းများကို ထုတ်ဝေကြသည်။
ငွေချေးစာချုပ်များ
ငွေချေးစာချုပ်ဆိုသည်မှာ ကုမ္ပဏီတစ်ခုသို့ အဖွဲ့အစည်း တစ်ခုက ထုတ်ဝေသည့် ကာလရှည် ြွေကးမြီစာချုပ်စာတမ်းများ ဖြစ်ပြီး ယင်းတွင် ထုတ်ဝေမည့်ကာလသက်တမ်း၊ ပေးမည့်အတိုး နှုန်း၊ ရောင်းချမည့်တန်ဖိုး စသည်ဖြင့်ပါဝင်သည်။ ယင်းငွေချေး စာချုပ်ကို ဝယ်ယူသူများသည် သတ်မှတ်ကာလများတွင် သတ် မှတ်ထားသည့် အတိုးနှုန်းကို ပုံမှန်ရရှိသလို ကာလသက်တမ်း ပြည့်ချိန်တွင် အရင်းငွေကို ပြန်လည်လက်ခံရရှိသည်။ ကာလ သက်တမ်းမပြည့်မီ တစ်ဦးနှင့်တစ်ဦး လက်လွှဲရောင်းချ၍ရသည်။
ရင်းနှီးမြှုပ်နှံမှုဘဏ်၏ ငွေချေးစာချုပ် ရောင်းဝယ်ရေး ဌာနခွဲသည် ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ ထုတ်ဝေရောင်းချ မည့် ငွေချေးစာချုပ်များကို တာဝန်ခံဝယ်ယူ၍ တစ်ဦးချင်းနှင့် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများသို့ ပြန်လည်ရောင်းချလေ့ ရှိသည်။ ယင်းသို့ဆောင်ရွက်ခြင်းကို underwriting လုပ်သည် ဟုခေါ်သည်။ ယင်းသို့ ငွေချေးစာချုပ်များကို တာဝန်ခံ ရောင်းချ ရာတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော် မရှင်တွင် ကြိုတင်မှတ်ပုံတင်ကာ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရ သည်။ အဆိုပါ ငွေချေးစာချုပ်များကို တာဝန်ခံ၍ရောင်းချရာတွင် နည်းလမ်းသုံးသွယ်ဖြင့် ရောင်းချလေ့ရှိသည်။ ပထမနည်းမှာBest effort နည်းစနစ်ဖြစ်သည်။ ဒုတိယနည်းမှာ Bought Deal underwriting ဖြစ်ပြီး တတိယနည်းစနစ်မှာBackstop Commit- ment နည်းစနစ်ဖြစ်သည်။
Best Effort နည်းစနစ်မှာ ရင်းနှီးမြှုပ်နှံမှုဘဏ်သည် ကုမ္ပဏီ က ထုတ်ဝေရောင်းချသည့် ငွေချေးစာချုပ်များကို အများပြည်သူသို့ ကြိုတင်သတ်မှတ်ထားသည့် ဈေးဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ရောင်းချ၍မကုန်သော ငွေချေးစာချုပ်များကို ကုမ္ပဏီသို့ ပြန် လည်ပေးအပ်နိုင်သည့်စနစ်ဖြစ်သည်။ သို့အတွက် ရောင်းချခြင်း နှင့်ပတ်သက်၍ Risk များကို ကုမ္ပဏီမှ ခံယူရခြင်းဖြစ်သည်။
Bought Deal underwriting စနစ်မှာ ရင်းနှီးမြှုပ်နှံမှုဘဏ် သည် ရောင်းချမည့်ဈေးနှုန်း၊ အရေအတွက် စသည်တို့ကို တာဝန် ခံရပြီး ထုတ်ဝေသည့်ကုမ္ပဏီ၏တာဝန်ကို ပခုံးပြောင်းရယူလိုက် ခြင်းဖြစ်သည်။ သို့အတွက် ရရှိမည့် ဝန်ဆောင်စရိတ်သည်လည်း ပထမနည်းထက် ပိုမိုများပြားမည်ဖြစ်သည်။
Backstop Commitmentနည်းစနစ်မှာ ငွေချေးစာချုပ်များ ကို ရင်းနှီးမြှုပ်နှံမှုဘဏ်မှ အများပြည်သူသို့ တာဝန်ယူ ရောင်းချ ပေးရာတွင် အကယ်၍ ရောင်းမကုန်ခဲ့သည့် ငွေချေးစာချုပ်များ ရှိပါက ဘဏ်အနေဖြင့် ယင်းတို့ကို ဝယ်ယူပါမည်ဟူသည့် အာမခံ ချက်ပေးသည့်စနစ်ဖြစ်သည်။
အခြေပစ္စည်းကျောထောက်နောက်ခံပြု ငွေချေးသက်သေခံ လက်မှတ်များ
ယင်းတို့ကို Asset Back Securities (ABS) ဟုခေါ်ဆိုသည်။ ယင်းလက်မှတ်များ၏ အဓိကသော့ချက်မှာ အခြားသော အခြေ ပစ္စည်းများအပေါ်မှ ရရန်ရှိသည့် ငွေသားစီးဆင်းမှုများကို အခြေခံ ကာABS များကို ထုတ် ဝေခြင်းဖြစ်သည်။ ဥပမာ - အပေါင်ပစ္စည်း အခြေခံချေးငွေများ၊ အိမ်ရာချေးငွေများ၊ မော်တော်ကားချေး ငွေများ၊ အြွေကးဝယ်ကတ်များ ထုတ်ဝေထားမှုများ၊ ကျောင်း စရိတ် ချေးငွေများမှ လစဉ် အရစ်ကျ ပြန်လည်ကောက်ခံရရှိမည့် ငွေများကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှုဘဏ်မှ ABS များ ားကို ဖန်တီးထုတ်ဝေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ရရန်ရှိများဖြင့် ငွေသားလည်ပတ်မှု ရပ်တန့်နေသည့်အဖွဲ့ကို လုပ်ငန်းများပြန် လည်သွက်လက်သွားစေရန် ပခုံးပြောင်းတာဝန် ရယူလိုက်ခြင်း ဖြစ်သည်။ ထိုသို့ လွှဲပြောင်းရယူလိုက်ခြင်းကြောင့် မူလက ရရန်ရှိ များဖြင့် လည်ပတ်နေသည့် ကုမ္ပဏီသည် ငွေသားစီးဆင်းမှု ပြေလည်သွားကာ လုပ်ငန်းအသစ်များကို ပြန်လည်ဆောင်ရွက် နိုင်သည့်အခွင့်အရေး ရရှိသွားသည်။ ရင်းနှီးမြှုပ်နှံမှုဘဏ်သည် ဗြှ များထုတ်ဝေခြင်း၊ လစဉ်ကောက်ခံရန်ရှိနေသည့် ရရန် ပိုင်ခွင့်များကို ကောက်ခံခြင်းနှင့် ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲခြင်းကို အထူးပြုကုမ္ပဏီတစ်ခု Special Purpose Vehicle, SPV သို့ အပ်နှံလိုက်ကာ အဆိုပါ ှဏဠ သည် ရင်းနှီးမြှုပ်နှံမှုဘဏ်ကိုယ်စား ဆောင်ရွက်ပေးသည်။
အခြေပစ္စည်းအခြေပြု ငွေချေးသက်သေခံလက်မှတ်တစ်ခု မှာ Collateralized Debt Obligationဖြစ်သည်။ ယင်းမှာ အပေါင် ပစ္စည်းများကို ကျောထောက်နောက်ခံပြုထားသည့် ြွေကးမြီ စာချုပ်စာတမ်းများဖြစ်သည်။ ရှင်းရသော် ငွေရေးကြေးရေးအဖွဲ့ အစည်းတစ်ခုသည် အိမ်၊ ခြံ၊ မြေ၊ ကား အစရှိသည်တို့ကို အပေါင် ပစ္စည်းအဖြစ် လက်ခံကာ လုပ်ငန်းရှင်များသို့ ချေးငွေများထုတ် ချေးလိုက်သည်။ ထိုအခါ အဆိုပါ ငွေရေးကြေးရေးအဖွဲ့ အစည်း မှ ငွေသားများစီးထွက်သွားကာ လက်ထဲတွင် အပေါင်ပစ္စည်း စာချုပ်စာတမ်းများ ကိုင်ဆောင်ထားကာ ငွေချေးယူထားသူများ ထံမှ ပေးအပ်မည့်အတိုးငွေနှင့် အချိန်စေ့ပါက ပြန်လည်ပေးဆပ် မည့်အရင်းငွေကို ပြန်လည်စောင့်ကြရသည်။ ဤသည်မှာ ငွေ ကြေးအဖွဲ့အစည်းတစ်ခု၏ ပုံမှန်လည်ပတ်နေသည့် ယန္တရား တစ်ခုဖြစ်သည်။ အကယ်၍ ဤပုံမှန်လည်ပတ်နေသော ယန္တရား သည် ငွေချေးသူမှ အချိန်စေ့ရောက်၍ ငွေများပြန်လည် မပေး ဆပ်တော့သည်အချိန်တွင် လည်ပတ်မှု နှောင့်နှေးသွားသည်။
ထိုအချိန်တွင် ရင်းနှီးမြှုပ်နှံမှုဘဏ်သည် အဆိုပါ လည် ပတ်မှု နှောင့်နှေးနေသည့် ငွေကြေးအဖွဲ့အစည်းထံမှ အပ်နှံထား သည့် အပေါင်ပစ္စည်းများကို လွှဲပြောင်းယူလိုက်ကာ ရရန်ပိုင်ခွင့် များကို ပခုံးပြောင်းတာဝန်ယူလိုက်ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ဘဏ်သည် အဆိုပါလွှဲပြောင်းရယူထားသည့် အပေါင်ပစ္စည်း (Mortgage) များကို စုစည်းကာ ယင်းတန်ဖိုးနှင့်ညီမျှသည့် ငွေချေးစာချုပ်များကို အများပြည်သူသို့ ထုတ်ဝေရောင်းချခြင်းဖြစ် သည်။
ထုတ်ဝေရောင်းချရာတွင် ွှမညေခ့နျ ဟုခေါ်သည့် အလွှာ များခွဲခြားသတ်မှတ်ကာ ရောင်းချလေ့ရှိသည်။ အများအားဖြင့် Senior Tranches, Mezzanine Tranches နှင့် Equity Tranches ဟူ၍ ခွဲခြားရောင်းချလေ့ရှိသည်။ Senior Tranchesသည် ြွေကးမြီ အဆင့်အတန်း သတ်မှတ်သည့်အဖွဲ့တစ်ခုက အဆင့် AAA သတ် မှတ်ထားသည့် လက်မှတ်များဖြစ်သည်။ Mezzanine Tranchesသည် ြွေကးမြီအဆင့် AA မှ BB အထိ သတ်မှတ်ထားသည့် လက်မှတ်များဖြစ်ပြီး ြွေကးမြီအဆင့် သတ်မှတ်ရန်မလိုသည့် Equity Tranches များဟူ၍ ခွဲခြားထားသည်။
အဆိုပါထုတ်ဝေသည့် ြွေကးမြီစာချုပ်စာတမ်းများကို ပေး အပ်သည့် အတိုးငွေ (Coupon rate) အနည်း အများမှာ ြွေကးမြီ အဆင့် သတ်မှတ်ချက်နှင့် ပြောင်းပြန်အချိုးကျသည်။ ခိုင်မာသည့် အဆင့် AAA များအတွက် ပေးမည့်အတိုးငွေမှာ နည်းပါးပြီး AA BBအစရှိသည်တို့အတွက် အတိုးနှုန်းမှာ ပိုမိုများမည်ဖြစ်သည်။ ဆိုလို သည်မှာ ြွေကးမြီစာချုပ်စာတမ်းများသည် ခိုင်မာမှုအားနည်း လေလေ ယင်းကိုဝယ်ယူရန် အတိုးများများပေးပြီး ဆွဲဆောင်ရ လေလေ ဖြစ်သည်ဆိုသည်ကို သိထားသင့်သည်။
၂၀ဝ၀ ပြည့်နှစ်မှ ၂၀ဝ၇ ခုနှစ်များအတွင်း အဆိုပါအခြေ ပစ္စည်းအခြေပြု ငွေချေးသက်သေခံလက်မှတ် ဈေးကွက်ကြီးမှာ လျင်မြန်စွာ တိုးတက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးများနှင့် တာဝန်ခံဖြန့်ချိသူများ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ သို့သော် ြွေကးမြီအကျပ်အတည်းဖြစ်ခဲ့သည့် ၂၀ဝ၇ နှစ်လယ်ပိုင်းမှစတင် ကာ အဆိုပါ စာချုပ်စာတမ်းထုတ်ဝေမှုများ ကျဆင်းခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုဘဏ်ကြီးများစွာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ အဆိုအရ အဆိုပါ ၂၀ဝ၇ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံ မှု ဘဏ်ကြီးများ အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ အရှုံးပေါ်ခဲ့သည်ဟု သိရသည်။
ယင်းသို့ဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်းမှာ အဆိုပါ အခြေပစ္စည်းအခြေပြု ငွေချေးသက်သေခံလက်မှတ် ဈေးကွက် ကြီးသည် လွန်စွာမှ ရှုပ်ထွေးနက်နဲပြီး ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ရင်းနှီးမြှုပ်နှံသူ အများစုမှာ သေချာစွာနည်းမလည်ခြင်းများ ကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ အမေရိကန်အစိုးရသည် ၂၀၁၀ ပြည့်နှစ်တွင် Dodd-Frank Act ကိုပြဋ္ဌာန်းကာ အရင်းအနှီးဈေး ကွက်အတွင်း ပါဝင်ရောင်းဝယ်နေသည့် ရင်းနှီးမြှုပ်နှံသူများ အကာအကွယ်ပေးရေး အစီအစဉ်များကို ချမှတ်ခဲ့ရသည်။
ထွန်းသက်ထွန်း