Main menu

Background

လှမ်းခဲ့ပါလေ တို့ဌာနေ ကျွန်မတို့ရဲ့ ရွှေညာမြေ

Mon, 07/03/2023 - 13:26 -- journal_editor

မကွေးတိုင်းဒေသကြီးသည်   မြန်မာနိုင်ငံ၏အလယ်ပိုင်းတွင် တည်ရှိပြီး ဧရိယာကျယ်ဝန်း၍ တိုင်းဒေသကြီးခုနစ်ခုအနက်  ဒုတိယ မြောက်အကြီးဆုံးတိုင်း  ဖြစ်သည်။ ဧရိယာစတုရန်းမိုင်  ၁၇၃၀၅ ကျယ်ဝန်း၍ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ မြန်မာပြည်အလယ် ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိ ပါသည်။ အနောက်မြောက်ဘက်တွင်   ချင်းပြည်နယ်နှင့် အနောက် တောင်ဘက်တွင် ရခိုင်ပြည်နယ်၊  တောင်ဘက်တွင် ပဲခူးတိုင်းဒေသ ကြီး အရှေ့ဘက်တွင်   မန္တလေးတိုင်းဒေသကြီး၊    မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် ထိစပ်လျက်ရှိသည်။ တိုင်းဒေသကြီး အတွင်း ခရိုင် ငါးခရိုင်၊ မြို့နယ် ၂၅ မြို့နယ်ရှိပြီး စုစုပေါင်း လူဦးရေ  ၃ဒသမ၉ သန်းရှိသည်။ မကွေးတိုင်းတွင်  (ဗမာ)လူမျိုးများ အဓိက နေထိုင်ကြပြီး အခြားတိုင်းရင်းသားလူမျိုးများဖြစ်သော  ချင်း၊ ရခိုင်၊ ရှမ်းနှင့် ကရန်းလူမျိုးများလည်း နေထိုင်ကြသည်။   အဓိကအားဖြင့် မြန်မာစကားကို အသုံးပြုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာကိုးကွယ်သူများ အသီ းသီး နေထိုင်ကြသည်။ 
မကွေးတိုင်းဒေသကြီး   အနောက်ခြမ်း   ဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ   နေထိုင်ကြသောကြောင့်   ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရသည်။ ထို့ပြင်  ပခုက္ကူ တောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့်မြို့ သုံးမြို့သည် ဗမာမျိုးနွယ်စုတွင် ပါဝင်သော ယောလူမျိုးများနေထိုင်ရာအရပ်ဖြစ် ပြီး ယောဒေသဟု ခေါ်တွင်သည်။    စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော  ယောလုံချည် ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြ သည်။
မကွေးတိုင်းဒေသကြီး၏ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသ များသည် မြေပြန့်များဖြစ်ပြီး   အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏အရှေ့ဘက် ရေဝေကြောဖြစ်ပါသည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်ပါသည်။ဧရာဝတီမြစ်သည် မကွေးတိုင်း၏အလယ် ဗဟိုကိုဖြတ်၍ မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းသည်။ ဧရာ ဝတီမြစ်သို့အရှေ့ဘက်ခြမ်းမှ  စီးဝင်သော ချောင်းကြီးများမှာ ပင်း ချောင်း၊ ယင်း၊ ဒေါင်းသေချောင်းတို့ဖြစ်ကြပြီး အနောက်ဘက်မှစီးဝင် ကြသော မြစ်ချောင်းများမှာ  ချင်းတွင်းမြစ်၊ စလင်းချောင်း၊မုန်းချောင်း၊ မန်းချောင်း နှင့် မင်းတုန်းချောင်းတို့  ဖြစ်ကြသည်။ ဧရာဝတီမြစ်၏ အဓိကမြစ်လက်တက်ဖြစ်သော ချင်းတွင်းမြစ်သည်  ပခုက္ကူမြို့အနီး မှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ သယ်ယူပို့ဆောင်ရေး၊ သွား လာရေးတို့အနေဖြင့် ကုန်းကြောင်းအား  အဓိကအသုံးပြုပြီး   နှမ်း၊ မြေပဲနှင့် ကောက်ပဲသီးနှံအမျိုးမျိုး စိုက်ပျိုးကြသည်။ မြန်မာတစ်နိုင်ငံ လုံးတွင် ဆီနှင့်ဓာတ်ငွေ့ထုတ်လုပ်မှု  အများဆုံးသော ဒေသတစ်ခု လည်းဖြစ်သည်။
ကျွန်မတို့ဌာနေ   ဖန်ခါးမြေတွင်   စေတီပုထိုးများစွာရှိသည်။ တန်ခိုးကြီးဘုရားများရှိသလို  နှစ်စဉ်မပြတ်   ဘုရားပွဲတော်များလည်း ကျင်းပလေ့ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ  ထင်ရှားကျော် ကြားသည့်နေရာများမှာ   မြသလွန်စေတီတော်(မကွေးမြို့)၊ မန်းရွှေ စက်တော်ဘုရား (မင်းဘူးမြို့)၊ စက္ကိန်းတဲဘုရား(မင်းဘူးမြို့)၊  နဂါး ပွက်တောင်(မင်းဘူးမြို့)၊ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား (ပွင့် ဖြူမြို့)၊  သီဟိုဠ်ရှင်ဘုရား(ပခုက္ကူမြို့)၊  တန့်ကြည့်တောင်စေတီ(ပခုက္ကူ မြို့)၊ ဖောင်တော်ဦးဘုရား(ဆင်ဖြူကျွန်းမြို့)၊  ငါးမျက်နှာစေတီနှင့် ငါးမျက်နှာကန်ဆုတောင်းပြည့်ဘုရား (ဆင်ဖြူကျွန်းမြို့)၊ စလေရုပ်စုံ ကျောင်း၊ ဗိဿနိုးမြို့ဟောင်း(တောင်တွင်းကြီးမြို့)၊ ဗိုလ်ချုပ်အောင် ဆန်းပြတိုက်(နတ်မောက်မြို့)၊    မဟာဝိသုတာရာမပါဠိတက္ကသိုလ် (ပခုက္ကူမြို့)၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်တို့သည်  ထင်ရှားကျော် ကြားလှသည်။ 
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်တည်ရှိသော  မြသလွန် ဘုရားသည် မကွေးတိုင်းဒေသကြီး၏အထင်ကရ ဘုရားတစ်ဆူလည်း ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့၏  အနောက်မြောက် ဘက်အစွန်   ဧရာဝတီမြစ်ကမ်းဘေး နဂုတ္တမတောင်ကုန်းပေါ်တွင် တည်ရှိသည်။ မြို့လယ်မှတစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိပြီး ရင်ပြင် ပေါ်သို့ကားဖြင့်ဖြစ်စေ၊ စောင်းတန်းအတိုင်း လမ်းလျှောက်၍ဖြစ်စေ တက်ရောက် ဖူးမြော်နိုင်သည်။ မကွေးမြသလွန်၊  မလွန်မြသပိတ်ဆို သည့်အတိုင်း မြန်မာနိုင်ငံရှိ   တန်ခိုးကြီးဘုရားများတွင်  မြသလွန် ဘုရားလည်း အပါအဝင်ဖြစ်သည်။   လုံးတော်ပြည့်ရွှေချထားသည့် ဘုရားတစ်ဆူဖြစ်ပြီး စုစုပေါင်းအချပ်ရေမှာ ဒွေးအစ်အဌဇေယျသတိ ချပ်ရေရှိ လုံးပြည့်ရွှေရောင်ဖြိုးဟု ဆိုရိုးစကားရှိပါသည်။ ဧရာဝတီ မြစ်ကမ်းပေါ်တွင်  တည်ရှိသော မြသလွန်ဘုရားသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က  ဤဒေသသို့ ဒေသစာရီ ြွကရောက်ခဲ့ရာ တွင် မြသလွန်ဘုရားတွင် ကျိန်းစက်ရန်နေရာအဖြစ် သတ်မှတ်ဋ္ဌာပနာ ထားခဲ့သည်။ မြသလွန်ဘုရားတွင် အံ့သြချီးမွမ်းဖွယ်ကောင်း၍သပ္ပာယ် လှသော ဗိသုကာလက်ရာများအား ဘုရားဖူးဧည့်သည်များ၊ နိုင်ငံခြား သား ဧည့်သည်များမှ မှတ်တမ်းဓာတ်ပုံများရိုက်ခြင်း၊ အမှတ်တရပုံ များ ရိုက်ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ မကွေးမြို့မြသလွန်ပွဲတော် ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း(၈)ရက်မှ သီတင်းကျွတ်လ ပြည့်ကျော်(၈)ရက်နေ့အထိ  စည်ကားသိုက်မြိုက်စွာ  ကျင်းပလျက် ရှိသည်။ ရှေးအခါက မကွေးမြသလွန်ဘုရားပွဲသည် အထက်အောက် ကုန်စည် ဖလှယ်ရာဈေးကြီးအဖြစ် အရောင်းအဝယ်စည်ကားခဲ့သည်။ အိုးပုတ်၊ ချိုးရုပ်အစရှိသဖြင့်   ကစားစရာစုံလင်စွာ   ရောင်းချသည့် အပြင် ဒေသထွက် အဝတ်အထည်များ၊ သနပ်ခါး၊ ကရမက်၊ နံ့သာဖြူ အစရှိသည့် အမွှေးနံ့သာတုံးများ၊  နှီးချောဖျာ၊ ခြင်းတောင်း၊ စကော၊ ဇကာ  အစရှိသဖြင့် ဝါး၊ ကြိမ်တို့ဖြင့် ပြုလုပ်ထားသော မြန်မာ့ရိုးရာ လက်မှုလက်ထည်များ၊ ကလေးများအတွက်  ချား၊ ရဟတ်၊ ပင်လယ် ဓားပြ အစရှိသည့် ကစားစရာများ၊ ဇာတ်ပွဲများ၊ ရုပ်သေးပွဲများ၊ခြင်းလုံး ခတ်ပွဲများတို့အပြင် အကြော်၊ မုန့်ဟင်းခါး၊ ထမနဲ၊ ကရေကရာ အစရှိ သဖြင့် စားစရာအစုံအလင်တို့ကို ဝယ်ယူစားသုံးနိုင်သည့် စည်ကား သိုက်မြိုက်လှသည့် ပွဲတော်ဖြစ်သဖြင့် ရပ်နီး၊ ရပ်ဝေး  ဘုရားဖူးများ လာရောက်ကြသည့်အတွက် အထူးစည်ကားလျက်ရှိသည်။
နဂါးပွက်တောင်သည်   မင်းဘူး(စကု)မြို့နယ်   အမှတ်(၁) ရပ်ကွက်တွင်တည်ရှိပြီး ယခုမှပေါ်ပေါက်လာသော   ရွှံ့မီးတောင်၊ မီးငြိမ်းတောင်များမဟုတ်ဘဲ   မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်မှသုနာပရန္တတိုင်းရှိ စန္ဒကူးနံ့သာကျောင်း တော်ရာကြီးဆီသို့ ြွကတော်မူလာပြီး ခုနစ်ရက်ပတ်လုံး  သီတင်းသုံး တော်မူ၍ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား   တရားရေအေး တိုက်ကျွေးတော်မူသည်။ ထို့နောက် သာဝတ္ထိပြည်သို့ ပြန်အြွကတွင် နောင်တော်ဘုရားများ    ြွကရောက်သီတင်းသုံးတော်မူမြဲဖြစ်သော ယခု မင်းဘူးမြို့ရှိ  ကေလာသဘတောင်ပေါ်တွင်  သီတင်းသုံးတော်မူ စဉ် နမ္မဒါမြစ်ကမ်းမှ  နမ္မဒါနဂါးမင်း၏ စားတော်နန္ဒနှင့်သမီးတော် သုစိတာတို့သည်ဖခင်နဂါးမင်းကြီးထံ ခွင့်ပန်၍ဘုရားရှင်အား ဖူးမြော် ရန် အလာ၌  ကေလာသဘတောင်နှင့်   မလှမ်းမကမ်းတောင်တစ်တောင် ပေါ်အရောက် သိမ်းငှက်တစ်ကောင်၏ ကိုက်ချီသတ်ဖြတ်စားသောက် ခြင်းခံရသဖြင့် ထိုတောင်ကို သိမ်းကုတ်တောင်ဟုခေါ်တွင်ရာမှ ယခု အခါ သိမ်ကုန်းတောင်ဟု  ခေါ်ကြလေသည်။ နဂါးမောင်နှမလည်း ထွေးလုံးရစ်ပတ်ကာ ယခုနဂါးလူးအိုင်နေရာတွင် ပြုတ်ကြ၍ လူးလိမ့် သေပွဲဝင်ရသဖြင့် ထိုနေရာကို နဂါးလူးအိုင်ဟုခေါ်ကြသည်။
သက္ကရာဇ် ၁၂၃ခုနှစ် ဒွိတ္တဘောင်မင်းကြီး တိုင်းခန်းလှည့်လည် လာပြီး မင်းဘူးစက္ကိန္တဲစေတီတော်ကြီးသို့  ဘုရားဖူး လာရောက်၍ ယာယီတဲနန်းထိုးစံမြန်းစဉ် သေပွဲဝင်၍ နတ်စိမ်းများဖြစ်နေကြသော နဂါးမောင်နှမလည်း ကိုယ်ထင်ပြပြီး နေရာများအပိုင်စား   တောင်း သည့်အခါ   သိမ်ကုန်းတောင်အနီးမှ  ယခုနဂါးပွက်တောင်နေရာကို အပိုင်စားပေး   သနားတော်မူခဲ့လေသည်။   ထိုအချိန်မှစ၍   နဂါး မောင်နှမ စောင့်ရှောက်သည့် နဂါးပွက်တောင်ဟု ထင်ရှားပြီး  အနယ် နယ်အရပ်ရပ်မှ  ဘုရားဖူးပြည်သူများသည် နဂါးပွက်တောင်ကို  လာ ရောက်ကြ၍   နွားနို့နှင့်ပေါက်ပေါက်များ   ဆက်ကပ် အဓိဋ္ဌာန်ပြု ဆုတောင်းကြရာ ဆုတောင်းပြည့်ဝသည်ဟု ယုံကြည်ကြသည့်အပြင် ၎င်းတောင်ပေါ်တွင် နဂါးတစ်ကောင် နေထိုင်လျက်ရှိသည်ဟုဒေသခံ များက အယုံအကြည်ရှိ ကြပါသည်။ ၎င်းမီး ငြိမ်းတောင်ပေါ်ရှိ ရွှံ့ပွက် ရာများသည် နဂါးအသက်ရှူလိုက်သောကြောင့် ဖြစ်လာရသည်ဟု လည်းယုံကြည်လျက်ရှိကြသည်။ ယခုအခါ  ဘုရားဖူးဧည့်သည်များ သည် နဂါးပွက်တောင်သို့လည်း  တက်ရောက်၍ နဂါးများရှိသည်ဟု ယုံကြည်ကြလျက် အစာများကျွေးခြင်း၊ ချော်ရည်ရွှံ့ရည်များကို လိမ်း ကျံခြင်းအားဖြင့်  ကျန်းမာရေးကောင်းမွန်သည်ဟု  ယူဆကြလျက် ခရီးသွားဧည်သည်များ အထူးစည်ကားလျက်ရှိသည်။ 
စက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက်  ၂၆ မိုင်ကွာဝေးသော  အနောက်ရိုးမအရှေ့ဘက်ဆုံး  တောင်စွယ် ပေါ်တွင် တည်ရှိသည်။ စက်တော်ရာစေတီကို ရွှေစက်တော်ဟူ၍ လည်းကောင်း၊ မန်းစက်တော်ရာဟူ၍လည်းကောင်း၊  မန်းရွှေစက် တော်ဟူ၍လည်းကောင်း  ခေါ်ကြသည်။  စက်တော်ရာသို့ ဘုရားဖူး သွားလိုလျှင် မင်ဘူးနှင့်စကုမြို့များမှတစ်ဆင့်  ကားလမ်းဖြင့် အလွယ် တကူ သွားရောက်နိုင်သည်။ စက်တော်ရာသည်  စကုမြို့၏အနောက် ဘက်  ၁၆ မိုင်အကွာတွင် တည်ရှိသည်။ စက်တော်ရာသည် အောက် စက်တော်ရာနှင့် အထက်စက်တော်ရာဟူ၍ နှစ်ဌာနရှိသည်။ တောင် ပေါ်တွင်ရှိသော  ဗုဒ္ဓမြတ်စွာဘုရားရှင်၏   ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာဟုခေါ်ကြ၍  တောင်အောက်မန်းချောင်းဘေး ၌ရှိသော  ခြေတော်ရာတစ်ဆူကို အောက်စက်တော်ရာဟု ခေါ်ကြ သည်။ စက်တော်ရာအနီးအနားရှိ   တောင်များ၊  ဒေသများကို  ဘုရား သခင်၏ခြေတော်ရာကို ချထားပေးသနားရန် တောင်းပန်ခဲ့သော ပစ္စ ဗန္ဓမထေရ်အား အစွဲပြု၍ ယခုအခါမှည့်ခေါ်ထားသည်ကို တွေ့ရ၏။ ထိုမထေရ်သည် ရှေးအခါ မုဆိုးအဖြစ်ဖြင့်အသက်မွေးခဲ့စဉ်ကနေထိုင် သည်ကို အစွဲပြု၍ အထက်စက်တော်ရာဘေးမှ   တောင်ကို  မုဆိုး တောင်ဟုလည်းကောင်း  ထိုတောင်အောက်ရှိသော  သားကောင်မှရ သည့် သားရေ ကြက်ရာနေရာဖြစ်၍  သားရေကြက်တောင်ဟုလည်း ကောင်း ခေါ်ဝေါ်ကြသည်။မုဆိုးတောင်၏လကျာ်အစွန်းတွင်ထူးခြား စွာ တည်ရှိနေသော ကျောက်တုံးကြီးတစ်ခု၌  မုဆိုး၏ဒူးထောက်ရာ နှင့်ခြေရာများရှိ၍ ထိုခြေရာတို့တွင် တင်ရှိနေသောရေများကိုမျက်စဉ်း အဖြစ်ခတ်ပါက မျက်စိရောဂါများ ပျောက်သည်ဟု ယုံကြည်ကြသည်။
လမ်းခရီးစခန်းများကိုလည်း စက်တော်ရာသမိုင်းနှင့် ဆက်စပ် ၍ အမည်မှည့်ခေါ်ထား၏။  စကုမြို့မှ ခုနစ်မိုင်ခန့်အကွာ  အနောက် ဘက်တွင် မုဆိုးကြီးယုန်လိုက်ကြည့်ရာ  တောအုပ်တစ်ခုရှိခဲ့သည်ဟု ယုံကြည်သဖြင့် ထိုနေရာကို ယုန်ကြည့် တောင်ဟုခေါ်ကြသည်။ မြတ် စွာဘုရားသခင် ြွကရောက်စဉ်က ဆွမ်းစားပြီးနောက်  အာလုပ်တော် ဆေးခဲ့သည်ကို ရည်ညွှန်း၍  လုပ်ဆေးချောင်းဟုခေါ်တွင်ကြသည်။ ထိုချောင်းတွင် ဆန်စေ့နှင့်တူသော ကျောက်ခဲကလေးများကို  အနှံ့ အပြားတွေ့ရှိရ၏။ စက်တော်ရာဘုရားသို့ရောက်ခါနီး တောင်အဆင်း စခန်းတစ်ခုကိုလည်း မုဆိုးကြီး လေးတင်၍ ဆင်းရာအရပ်ဟုယုံကြည် ကြကာ လေးတင်ဆင်းစခန်းဟု  အမည်ပေးထားကြသည်။  အထက် စက်တော်ရာ တောင်ဘေးရှိ လိုဏ်ဂူတစ်ခုကို မြန်မာနိုင်ငံသမိုင်းတွင် မင်းငါးဆက်၏မိဖုရားဖြစ်ခဲ့သော  ရှင်ဘို့မယ်သည်  ရောက်လာ၍ စခန်းချနားနေလျက် ရက်ကန်းခတ်ခဲ့ဖူးသည်ကို ရည်မှတ်၍ရှင်ဘို့ မယ်တွင်းဟု ခေါ်ဝေါ်ကြ၏။ ရှေးယခင်က မိန်းမပျိုများသည် ထိုတွင်း ၏ဘေးတွင် အပေါက်ငယ်များ ပြုလုပ်၍ လက်ညှိုးကိုထားကာ လက် ကန်းတတ်ပါစေ၊  ဗိုင်းတတ်ပါစေဟု ဆုတောင်းလေ့ရှိကြသည်။ စက် တော်ရာတောင်ကို မန်းချောင်းသည် ကွေ့ပတ်၍စီးဆင်းရာ တောင် ခြေရင်းသို့ သုံးကြိမ်တိုင်တိုင် သုံးနေရာတွင် ချဉ်းကပ်ပြီးမှ တစ်ဖြောင့် တည်းစီးဆင်းသွားလေသည်။ ဤသည်ကို  အသက်မရှိသော မန်း ချောင်းပင်လျှင်   မြတ်စွာဘုရား၏ခြေတော်ရာအရပ်ကို ဦးသုံးကြိမ် တိုက်သည်ဟု ပြောစမှတ်ပြုကြလေသည်။ 
ထို့ကြောင့်  ရွှေစက်တော်ဘုရားအား   စက်တော်ရာဘုရားဟု လည်း လူသိများကြပြီး မြတ်စွာဘုရား၏  ခြေတော်ရာများတည်ရှိခြင်း ကြောင့်လည်း ကျော်ကြားလှသည်။    ရဟန်းတော်နှစ်ပါးဖြစ်သည့် ရဟန္တာဆည်းဆာဗန်ဒနှင့် နာဂနာမန်ဒတို့အတွက် ခြေတော်ရာခွင့်ပြု ပေးခဲ့ခြင်းဖြစ်ပြီး ခြေတော်ရာ တစ်ဖက်ချင်းစီသည်  တောင်ပေါ်နှင့် မြစ်ကမ်းပေါ်တွင် အသီးသီးထားရှိတော်မူစေခဲ့ သည်။ ရွှေစက်တော် ဘုရားမှာ    သစ်တောဝန်းရံလျက်ရှိပြီး ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝယှဉ်တွဲတည်ရှိနေသောနေရာလည်းဖြစ်သည်။ 
    (ဆက်လက်ဖော်ပြပါမည်။)

စန္ဒာစိုးလွင် (မကွေး)