Main menu

Background

ဖန်တီးတီထွင် လက်မှုပညာပင် ဗေဒါရိုးဖြင့် အလှဆင်

Mon, 06/03/2024 - 10:08 -- journal_editor

ဗေဒါပင်သည် အရွက်စိမ်းစိမ်းထူထူ၊ ရိုးတံပွပွ ရှိပြီး ခရမ်းရောင်ဖျော့ဖျော့မှ ရင့်ရင့်အထိ အရောင်ရှိ သည့် ပန်းကလေးများပွင့်သည်။ ဗေဒါပင်သည် ရေထဲ တွင် ပေါက်ရောက်ကာ ရေကို သန့်စင်ပေးသည်။ ရေပေါ်တွင် ပေါ်နိုင်ပြီး အရိုးတံမှ လေအိတ်ကလေး များကဲ့သို့ ထူထူဝိုင်းဝိုင်း  အရွက်ကလေးများရှိပြီး အရောင်မှာ အစိမ်းရောင်ဖြစ်သည်။ အာရှနိုင်ငံအများ စုတွင် ပေါက်ရောက်လေ့ရှိပြီး အများအားဖြင့် အလေ့ ကျပေါက်ရောက်သည်။ 
ဗေဒါပေါက်ရောက်ရာဒေသ
ဗေဒါပင်များသည် အစုလိုက်အပြုံလိုက် ပေါက် ရောက်လေ့ရှိပြီး အများအားဖြင့် မြန်မာနိုင်ငံ  အနှံ့ အပြား၌ ရေငြိမ်သော အင်း၊ အိုင်၊ ချောင်း၊ မြောင်းများ တွင် အများဆုံး ပေါက်ရောက်သည်။ 
ဗေဒါပင် စတင်ဆွတ်ခူးခြင်း
ဗေဒါပင်များကို သီတင်းကျွတ်လ ပထမတစ် ပတ်တွင် စတင်ဆွတ်ခူးနိုင်သည်။ အရှည် တစ်တောင် အထက်ရှိသော ဗေဒါပင်ရိုးများကို ထိပ်မှအရွက်ကို ဖြတ်ကာ အရင်းမှ အမြစ်ကိုဖြတ်ပြီး ဆွတ်ခူးရသည်။ တစ်ပင်ချင်းကို ခွာယူ၍ လက်ထဲတွင် အပင် ၁၀ ပင် ခန့်   စုယူပြီးမှ  ထိပ်နှင့်အရင်းကို ဖြတ်တောက်ယူရ သည်။ သို့ရာတွင် ဆွတ်ခူးပြီးသော ဗေဒါရိုး အစိမ်း များကို သုံးရက်ထက်ပို၍ စုပုံမထားသင့်ပါ။ ထိုသို့ထား ပါက ဗေဒါရိုးများ ပုပ်တတ်သည်။ 
ဗေဒါရိုးအစိမ်းများကို အခြောက်လှန်းခြင်း 
ဆွတ်ခူးသော ဗေဒါရိုး  အစိမ်းများကို သမံ တလင်းပေါ် (သို့မဟုတ်) သွပ်ပြားပေါ်တွင် ညီညာစွာ ဖြန့်၍ နေလှန်းရသည်။ နေလှန်းသည့်အခါ အနည်း ဆုံးငါးရက်မှ ခုနစ်ရက်အထိ နေအပူချိန်ပေါ် မူတည် ပြီး မိမိလိုအပ်သော အရောင်အဆင်း မရမချင်း နေ လှန်းရသည်။ ဗေဒါရိုးသည် ခြောက်လျှင် အဝါရောင် သမ်းလာသည်။ အကယ်၍  စတင်လှန်းသည့်နေ့မှ သုံးရက်ခန့်ကြာလျှင် အောက်ခြမ်းမှ အစိမ်းရောင် ပျောက်အောင် တစ်ဖက်သို့ လှန်းပေးရသည်။ သို့မှသာ အဝါရောင်သမ်းသော ညီညာသည့် အရောင် အဆင်း ကိုရရှိမည်။   အထူးသတိပြုရမည်မှာ  ဗေဒါရိုးများ ကျိုးကုန်တတ်၍  နေလှန်းရာတွင်  နံနက်ခြောက် နာရီနောက်ပိုင်းတွင် လက်ဖြင့် မကိုင်မိစေရန် အထူး သတိထားရမည်။
ခြောက်သွေ့နေသော ဗေဒါရိုးများ ထားသိုခြင်း
ခြောက်သွေ့သော ဗေဒါရိုးများကို အပင် ၁၀ဝ တစ်စည်း စည်း၍ စတိုခန်းထဲတွင် သေချာစွာသိမ်း ဆည်းရသည်။ သတိပြုရန်မှာ စတိုခန်းထဲတွင် သိမ်း ဆည်းရာတွင်  အောက်၌ ပလတ်စတစ်ခင်းရန် လိုအပ် သည်။ ဘေးနံရံများကိုလည်း ပလတ်စတစ်ကာရန် လိုအပ်သည်။ 
ဗေဒါရိုးကျစ်ခြင်း
၁၀ဝ ပင်စည်းထားသော ဗေဒါရိုးမှ တစ်ပင်ချင်း ကို ယူ၍ ကတ်ကြေးဖြင့် အရင်းအဖျားညှိကာ ညှပ်ရ သည်။ ညှပ်ပြီးသော ဗေဒါရိုးကို သုံးပင်လိမ် ကျစ်ဆံမြီး ကျစ်ရသည်။ ဗေဒါကျစ်ကြိုးကို တစ်ထုံးလျှင် မီတာ ၃၀ သတ်မှတ်သည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ကုန် ချော  ထုတ်လုပ်ရာ၌  ခုံတစ်လုံး  ပြုလုပ်မည်ဆိုပါက မည်မျှကုန်ကျနိုင်သည်ကို အလွယ်တကူ တွက်ချက် နိုင်ရန်အတွက်ဖြစ်သည်။ ဗေဒါကြိုးထုံးကို ဆိုဒ်သုံးမျိုး ခွဲခြားထားသည်။ ကျစ်ကြိုးအကြီးကို ြ ၊ ကျစ်ကြိုး အလတ်ကို ြ  ၊ ကျစ်ကြိုးအသေးကို  ှ ဟူ၍ ဖြစ်သည်။ ကျစ်ကျိုး ြ ကို ဧည့်ခန်းသုံးဆက်တီခုံများတွင် အသုံး ပြုသည်။ ြ အမျိုးအစားကျစ်ထုံးကို ထမင်းစားပွဲခုံများ၊ စားပွဲများ၊ ခြေတင်ခုံများတွင် အသုံးပြုသည်။ ှ အမျိုး အစား ဗေဒါကျစ်ထုံးကို အခန်းအလှဆင် ပစ္စည်းများ ဖြစ်သော ပန်းအိုး၊ ဗန်း၊ မှန်ပေါင်၊ ပန်းချီကားဘောင် စသည့် အသေးစား လူအသုံးဆောင်ပစ္စည်းများတွင် အသုံးပြုသည်။ 
အသုံးဝင်ပုံ
ဗေဒါပင်ကို  ယခုအခါ  ဘဲစာအဖြစ်သာမက ဗေဒါရိုးကို အသုံးပြုပြီး  လူသုံးကုန်ပစ္စည်းများ  ထုတ် လုပ်လာကြသည်။ မြန်မာ့ယဉ်ကျေးမှု လက်မှုပညာ အများအပြားရှိသည့်အနက် တစ်ချိန်က တိရစ္ဆာန်စာ အဖြစ်  လူသိများခဲ့သည့်  ဗေဒါပင်သည် ယခုအခါ တန်ဖိုးကြီး ထုတ်ကုန်အဖြစ် အစားထိုးနေရာယူလာ သည်။ ထိုကဲ့သို့  အစားထိုး နေရာယူလာသည်မှာ ၁၀ နှစ်ကျော်ခဲ့ပြီပင်ဖြစ်သည်။ ဗေဒါရိုးမှ လူသုံးကုန်ထုတ် လုပ်ခြင်းကို  ၁၉၉၅ ခုနှစ်မှ သဘာဝကုန်ကြမ်းမှ အဆင့်မြင့်တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် စတင်ထုတ် လုပ်လာကြသည်။ ၂၀ဝ၁ ခုနှစ်တွင် ပြည်တွင်းမှတစ် ဆင့် ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်။ ယခုအခါ ဆန်းသစ် သော လက်ရာကောင်းများနှင့်  နိုင်ငံတော်အစိုးရ ပံ့ပိုး ကူညီမှုဖြင့် ဒီဇိုင်းပေါင်း  ၁၀ဝ ကျော်ကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်ပြီ ဖြစ်သည်။
ဗေဒါရိုးမှ ထုတ်ကုန်များ
ဗေဒါရိုးကိုအသုံးပြု၍ အဖုံးပါခြင်းများ၊ သေတ္တာ ဖာများ၊ အလှထည့်ခြင်းများ၊ အလှဓာတ်ပုံဘောင်များ၊ နံရံကပ် ပန်းအလှခြင်းများ၊ စားပွဲများ၊ ကုလားထိုင်များ၊ လက်ကိုင်အိတ်များ၊ ကန်တော့ခြင်းများ ထုတ်လုပ် လျက်ရှိသည်။ 
ဈေးနှုန်းဈေးကွက်
ဗေဒါရိုးဖြင့် ပြုလုပ်ထားသော အမျိုးသမီးသုံး အလှကိုင်အိတ်အသေး တစ်လုံးလျှင် ကျပ် ၈၅၀ဝ မှ ၁၀ဝ၀ဝ၊ အလှဘေးလွယ်အိတ်   တစ်လုံးလျှင် ကျပ် ၁၅၀ဝ၀ မှ ၂၀ဝ၀ဝ ၊ ပန်းထိုးလက်ကိုင်အိတ် တစ်လုံး လျှင် ကျပ် ၃၀ဝ၀ဝ မှ ၄၀ဝ၀ဝ ၊ အမျိုးသမီး အလှဖိနပ် တစ်ရန်လျှင် ကျပ် ၁၀ဝ၀ဝ မှ ၁၃၀ဝ၀၊ ဗေဒါရိုးဖြင့် ပြုလုပ်ထားသော အလှကျောပိုးအိတ်  တစ်လုံးလျှင် ကျပ် ၃၀ဝ၀ဝ မှ ၄၀ဝ၀ဝ တို့ဖြင့် ရောင်းချလျက်ရှိသည်။ 
ယခုအခါ နိုင်ငံတော်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးဦးတည်ချက်  ဒုတိယအချက်ဖြစ်သော    တိုးတက်ကောင်းမွန်လာ သည့်   စီးပွားရေးမောင်းနှင်အားကို   မဏ္ဍိုင်ပြု၍ ြှနြ စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက် ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက် လျက်ရှိသည်။  ထိုသို့ဆောင်ရွက်ရာတွင် ြှနြ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော် ကူညီဆောင်ရွက်လျက်ရှိပြီး ကုန်စည်ပြပွဲ များ ကျင်းပခြင်း၊ ြှနြ ဖွံ့ဖြိုးတိုးတက်ရေး စကား ဝိုင်းများ ကျင်းပခြင်း၊ နည်းပညာများ လွှဲပြောင်းပေး ခြင်း၊ စီးပွားရေးဆိုင်ရာ တွေ့ဆုံပွဲနှင့်ပြပွဲများ၊ စွမ်း ဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ သုံးစွဲခွင့် ြှနြ မှတ်ပုံတင်ခြင်း၊ လုပ်ငန်းလမ်းညွှန် အကြံပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ယခု အခါ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း ြှနြ များသည် နိုင်ငံ့စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် ြှနြ လုပ်ငန်းများ အရှိန် အဟုန်ဖြင့် ကြီးပွားတိုးတက်လာပါက နိုင်ငံစီးပွားရေး မှာလည်း မြင့်မားလာမည်ဖြစ်သည်။ 
အချုပ်အားဖြင့်ဆိုရလျှင် အသေးစားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်သည့်အတွက် ပြည်သူများ အလုပ် လက်မဲ့ဖြစ်ပေါ်မှုကို      လျှော့ချပေးနိုင်သည့်အပြင် မိသားစု တစ်ပိုင်တစ်နိုင်  လုပ်ငန်းငယ်လေးများကို လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ၊ ထိုမှတစ်ဆင့် မိမိတို့ ထုတ်ကုန်များအပေါ် အရည်အသွေး မြှင့်တင် ပြီး ပြည်ပနိုင်ငံများသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ဖြင့် အသေးစားမှသည် အလတ်စား စီးပွားရေးလုပ်ငန်း ဆီသို့ တိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်ပေသည်။