Main menu

Background

ဒစ်ဂျစ်တယ်မားကတ်တင်း

Mon, 07/07/2025 - 12:57 -- journal_editor

ယနေ့မျက်မှောက်ခေတ်တွင် ကမ္ဘာကြီး သည် နည်းပညာ၏ အရှိန်အဟုန်ဖြင့် ပြောင်းလဲ နေသော ဒစ်ဂျစ်တယ်ခေတ်ဖြစ်ပြီး မြန်မာ့စီးပွား ရေး လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်နည်း ပညာ များကို အသုံးပြုကာ ဈေးကွက်မြှင့်တင်ခြင်းသည် မဖြစ်မနေ လိုအပ်သော နည်းလမ်းတစ်ရပ် ဖြစ် လာသည်။ စီးပွားရေးလုပ်ငန်းများအတွက် ရိုးရာ ဈေးကွက်ရှာဖွေရေး နည်းလမ်းများထက် ဒစ်ဂျစ် တယ် မားကတ်တင်း Digital Marketing) ဟုခေါ် သော အွန်လိုင်း မှတစ်ဆင့် ဈေးကွက်မြှင့်တင်ခြင်း သည် မဖြစ်မနေ လိုက်ပါစီးဆင်းရမည့် လှိုင်းလုံး သဖွယ် ဖြစ်လာသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဒစ်ဂျစ်တယ်  မားကတ်တင်းကို  ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်း ပြည်ပ ဈေး ကွက်များကို ထိုးဖောက်ဝင်ရောက်နိုင်ရန်နှင့် နိုင်ငံ ၏ ွီဏ ကိုပါ  မြှင့်တင်နိုင်ရန်  အလားအလာ ကောင်းများစွာ ရှိနေသည်။ 

၁။ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးနှင့် အင်တာနက်သုံးစွဲမှု မြှင့်တင်ခြင်း
ဒစ်ဂျစ်တယ်  မားကတ်တင်း၏  အခြေခံ အုတ်မြစ်မှာ အင်တာနက်ရရှိနိုင်မှုနှင့် သုံးစွဲမှုနှုန်း ပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အင်တာနက် ကွန်ရက်များကို ပိုမိုကျယ်ပြန့်စေရန်၊ မြန်ဆန်စေ ရန်နှင့် ဈေးနှုန်းသက်သာစေရန် ဆောင်ရွက်ပေး လျက်ရှိသည်။ မြို့ပြ ဒေသများသာမက ကျေးလက် ဒေသများအထိပါ အင်တာနက်ရရှိမှု တိုးတက်လာ မှသာ ဒစ်ဂျစ်တယ်မားကတ်တင်း၏ အကျိုးကျေးဇူး များကို လူတိုင်းခံစား ရရှိနိုင်မည်ဖြစ်သည်။ ထို့ အပြင် စမတ်ဖုန်း အသုံးပြုမှုနှုန်း မြင့်မားခြင်းသည် လည်း ဒစ်ဂျစ်တယ် မားကတ်တင်းအတွက် အခွင့် အလမ်းကောင်းတစ်ခုဖြစ်သဖြင့် မိုဘိုင်း အင်တာ နက် ဝန်ဆောင်မှုများကို  ပိုမိုကောင်းမွန်အောင် လည်း လုပ်ဆောင်လျက်ရှိသည်။ 
၂။ ဒစ်ဂျစ်တယ်  စာတတ်မြောက်မှုနှင့်  ကျွမ်းကျင်မှုမြှင့် တင်ခြင်း
ဒစ်ဂျစ်တယ် ကိရိယာများနှင့် ပလက်ဖောင်း များကို   ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ဒစ်ဂျစ်တယ် စာတတ်မြောက်မှု Digital Literacy) မြှင့်တင်ရန် အရေးကြီးသည်။ ဒစ်ဂျစ်တယ်နည်း ပညာခေတ်တွင်  ပလက်ဖောင်းဆိုသည့် အသုံး အနှုန်းသည် အသုံးအများဆုံးဖြစ်သည်။ ယေဘုယျ အားဖြင့် အခြားအရာများ တည်ဆောက်ရန်၊ လည် ပတ်ရန်  သို့မဟုတ် ဆက်သွယ်ဆောင်ရွက်ရန် အတွက် အခြေခံအုတ်မြစ် သို့မဟုတ် စနစ်တစ်ခု ကို ဆိုလိုခြင်းဖြစ်သည်။ 
ဆော့ဖ်ဝဲလ် ပလက်ဖောင်းသည် ကွန်ပျူတာ ပရိုဂရမ် သို့မဟုတ်Application  များ ရေးသားရန်၊  လည်ပတ်ရန် အခြေခံအဖြစ် ဆောင်ရွက်ပေးသည့် စနစ်တစ်ခုဖြစ်သည်။ (ဥပမာ Windows, macOS, Android, iOS တို့ဟာOperating System (OS) ပလက်ဖောင်းများ   ထိုပလက်ဖောင်းများပေါ်မှ Application  များ  (ဥပမာ- Facebook app, Viber app) ကို တည်ဆောက်ပြီး အသုံးပြုနိုင်ခြင်းဖြစ် သည်။ 
အွန်လိုင်း ပလက်ဖောင်း (Online Platform)အသုံးပြုသူများကို အပြန်အလှန် ဆက်သွယ်ပြော ဆိုခွင့်၊ အချက်အလက်ဖလှယ်ခွင့်၊ ကုန်ပစ္စည်း ဝယ်ယူရောင်းချခွင့်  စသည်များကို လုပ်ဆောင် စေရန် ပံ့ပိုးပေးသည့် အွန်လိုင်းစနစ်  ဖြစ်သည်။  လူမှုကွန်ရက်  ပလက်ဖောင်းများဖြစ်သည့် Facebook,   TikTok, YouTube  တို့သည် လူအချင်း ချင်း ဆက်သွယ်ရန်နှင့် ဗီဒီယိုများမျှဝေရန်အတွက် အသုံးပြုသည့် ပလက်ဖောင်းများဖြစ်သည်။ ဥပမာ Amazon,   Alibaba,  Shop.com.mm  တို့သည် ကုန်ပစ္စည်း ဝယ်ရောင်းလုပ်ဆောင်သည့် E -commerce ပလက်ဖောင်းများဖြစ်သည်။ ဝန်ဆောင်မှု ပလက်ဖောင်းများ Grab, Foodpanda တို့သည် ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုလိုချင်သူကို ချိတ်ဆက်ပေးသော ပလက် ဖောင်းများဖြစ်သည်။ 
ပရိုဂရမ်းမင်း ပလက်ဖောင်း (Programm- ing Platform): Software များ ရေးရန်နှင့်Run  ရန်အတွက် လိုအပ်သည့်Tools များ ၊Libraries    များနှင့် စနစ်ကို ပေါင်းစပ်ပေးထားသည့် ပလက် ဖောင်းများဖြစ်သည်။ ဥပမာ Java Platform, . NET Platform
၃။ လူမှုကွန်ရက် ပလက်ဖောင်းများ ထိရောက်စွာ အသုံး ပြုခြင်း
မြန်မာနိုင်ငံတွင်   လူမှုကွန်ရက် Social Media) အသုံးပြုသူ သန်းပေါင်းများစွာ ရှိနေပြီး ၎င်းတို့သည် ဒစ်ဂျစ်တယ် မားကတ်တင်းအတွက် အကြီးမားဆုံးသော ဈေးကွက်တစ်ခုဖြစ်သည်။
    •   Facebook, TikTok, YouTube  စသည့် လူမှုကွန်ရက်   ပလက်ဖောင်းများကို အသုံးပြု၍  လုပ်ငန်းနှင့် ကိုက်ညီသော ကြော်ငြာများ၊  အကြောင်းအရာများ (Content) ကို ဖန်တီးကြသည်။
    •    ပစ်မှတ်ထားဈေးကွက်Target Audience)  ကို  တိကျစွာ သတ်မှတ်ပြီး ၎င်းတို့ စိတ်ဝင်စားမည့် ပုံစံ၊ ဘာသာစကားဖြင့် ဆွဲဆောင်မှုရှိသော   ဖန်တီးမှုများကို ပြုလုပ်ကြသည်။
    •   Influencer Marketing ကိုလည်း အသုံး ပြုနိုင်သည်။ သက်ဆိုင်ရာ  နယ်ပယ် အလိုက် သြဇာလွှမ်းမိုးမှု ရှိသူများနှင့် ပူးပေါင်းကာ ထုတ်ကုန် သို့မဟုတ် ဝန် ဆောင်မှုများကို မိတ်ဆက်ပေးခြင်းဖြင့် ပိုမိုကျယ်ပြန့်သော စားသုံးသူများဆီသို့ ရောက်ရှိနိုင်သည်။
၄။ E-commerceပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက် စေခြင်း
အွန်လိုင်းမှ ကုန်ပစ္စည်း ရောင်းချဝယ်ယူခြင်း (E-commerce) သည် ဒစ်ဂျစ်တယ် မားကတ်တင်း ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ပြည် တွင်း၌  ယုံကြည်စိတ်ချရသော E-commerce ပလက်ဖောင်းများ ပိုမိုများပြားလာစေရန် အားပေး လျက်ရှိသည်။ အွန်လိုင်းမှ ငွေပေးချေမှုစနစ်များ (Mobile Banking, E-wallets)) ကို လုံခြုံစိတ်ချရပြီး လွယ်ကူချောမွေ့အောင် တည်ဆောက်ထားသည်။ ပြည်တွင်းလုပ်ငန်းရှင်များသည် မိမိတို့၏ ထုတ် ကုန်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရန် E-commerce ပလက်ဖောင်းများပေါ်တွင် စတင် ၍ ရောင်းချကြသည်။ 
၅။ ဒေတာအခြေပြု  မားကတ်တင်း Data-Driven Marketing)  ကို အလေးထားခြင်း
ဒစ်ဂျစ်တယ် မားကတ်တင်း၏ အားသာ ချက်တစ်ခုမှာ ဒေတာများကို စုဆောင်းဆန်းစစ် နိုင်ခြင်း ဖြစ်သည်။ ဖောက်သည်များ၏ အပြုအမူ များ၊  စိတ်ဝင်စားမှုများနှင့် ဝယ်ယူမှုပုံစံများကို ဒေတာများမှတစ်ဆင့် လေ့လာဆန်းစစ်ပြီး ပိုမိုထိ ရောက်သော မားကတ်တင်း မဟာဗျူဟာများကို ချမှတ်ရသည်။ Google Analytics, Facebook Insights ကဲ့သို့သော ကိရိယာများကို အသုံးပြု၍ ကြော်ငြာများ၏ စွမ်းဆောင်ရည်ကို တိုင်းတာပြီး လိုအပ်သလို ပြန်လည်ညှိနှိုင်း ဆောင်ရွက်သည်။ ဤသို့ဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အကောင်းဆုံး အကျိုးအမြတ်ကို ရရှိနိုင်မည်ဖြစ်သည်။
၆။ ပြည်တွင်း မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း
ဒစ်ဂျစ်တယ် မားကတ်တင်း ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ  ဆက်စပ်သော မူဝါဒများနှင့် စည်းမျဉ်း စည်းကမ်းများလည်း လို အပ်လာသည်။
စားသုံးသူ  ကာကွယ်ရေးဥပဒေ၊ ကိုယ်ရေး အချက်အလက် လုံခြုံရေးဥပဒေများကို ခေတ်နှင့် အညီ  ပြဋ္ဌာန်းထားပြီး  ထိရောက်စွာ အကောင် အထည်ဖော်လျက်ရှိသည်။ အွန်လိုင်းမှ လိမ်လည် မှုများ၊ မှားယွင်းသော သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့ကို  ထိန်းချုပ်ကာ ဒစ်ဂျစ်တယ် ပတ် ဝန်းကျင်ကို ပိုမို လုံခြုံစိတ်ချရအောင် လုပ်ဆောင် လျက်ရှိသည်။   အွန်လိုင်းစနစ်ဖြင့်  ရောင်းချခြင်း ( Online Sales )) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်  လျှောက်ထားမှုအတွက်  eComReg System ကျသင့်မှတ်ပုံတင်ကြေးနှင့် ဆက်စပ် အခကြေးငွေ များအား MPU? AYA Pay?  KBZ Pay? UAB Pay  A+ Wallet နှင့်Citizens Pay တို့ဖြင့် ချိတ်ဆက်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဒစ်ဂျစ်တယ်  မားကတ်တင်းသည် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေး ကြီးသော မောင်းနှင်အားတစ်ခုအဖြစ် ရောက်လာ နေပြီဖြစ်သည်။ အင်တာနက်အခြေခံ အဆောက် အအုံများ မြှင့်တင်ခြင်း၊ ဒစ်ဂျစ်တယ် ကျွမ်းကျင် မှုများ   တိုးတက်စေခြင်း၊  လူမှုကွန်ရက်နှင့် န-E-commerce ပလက်ဖောင်းများကို ထိရောက်စွာ အသုံးပြုခြင်း၊ ဒေတာများကို အခြေခံသည့် မား ကတ်တင်း နည်းလမ်းများ ကျင့်သုံးခြင်းနှင့် သင့် လျော်သောမူဝါဒများ ချမှတ်ခြင်းတို့ဖြင့် မြန်မာ နိုင်ငံသည် ဒစ်ဂျစ်တယ် မားကတ်တင်း၏ အခွင့် အလမ်းများကို အပြည့်အဝ အသုံးချကာ စီးပွား ရေး တိုးတက်မှုနှင့် နိုင်ငံတကာ ဈေးကွက်အတွင်း နေရာ တစ်နေရာကို ရယူနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကိုးကား။     ဒစ်ဂျစ်တယ် မားကတ်တင်း ကျွမ်းကျင် သူများ၏ စာအုပ်များ ၊ မြန်မာနိုင်ငံ ၏ စီးပွားရေး၊ နည်းပညာနှင့် ဒစ်ဂျစ်တယ် အခြေအနေဆိုင်ရာ ထုတ်ပြန်ထားသော အစီရင်ခံစာများ ကမ္ဘာ့ဘဏ်  World Bank  အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီ အစဉ် UNDP စသည့် အဖွဲ့အစည်းများ။

DOCA(ရန်ကုန်)