ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံ၏ အုန်းသီးနှင့် အုန်းထွက်ပစ္စည်း (coconut-based products) များ၏ တင်ပို့မှုပမာဏသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ အမေရိကန်ဒေါ်လာ ၉၃၀ ဒသမ ၆၁ သန်းရှိရာမှ ၂၀၂၅ ခုနှစ်၊ အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁ ဘီလီယံ (၅၂ရာခိုင်နှုန်း) သို့လည်းကောင်း၊ အုန်းဆီ (Coconut Oil)) တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၇၆၁ ဒသမ ၈၈ သန်းရှိရာမှ ၁ဒသမ ၁၈ ဘီလီယံသို့ အသီးသီး မြင့်တက်ခဲ့သည်။
အုန်းဆီ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် ရာသီဥတု ဖောက်ပြန်မှုများနှင့် အခြားသော ဟင်းသီးဟင်းရွက်ဆီများတင်ပို့မှု ဆိုင်ရာ ခွဲတမ်းအပြောင်းအလဲများကြောင့် အုန်းဆီဈေးနှုန်းသည် စံချိန်တင် မြင့်တက်ခဲ့ကြောင်းနှင့် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် ကိန်း ဂဏန်းအချက်အလက်များအရ ၂၀၂၅ ခုနှစ် မေလတွင် မက်ထရစ် တစ်တန်လျှင် ၂၇၄၂ အမေရိကန်ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ယခုကဲ့သို့ ဆက်ရှိပါက ဖိလစ်ပိုင်နိုင်ငံ၏ အုန်းဆီ တစ်ခုတည်းတင်ပို့မှုမှ ရရှိငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ဒသမ၂၂ ဘီလီယံအထိ စံချိန်သစ်တင်ကာ မြင့်တက် လာနိုင်ကြောင်း ဖော်ပြပါရှိသည်။
ကမ္ဘာ့ဘဏ်မှလည်း ၂၀၂၅ ခုနှစ်တွင် အုန်းဆီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၀ဝ ထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထား ရှိပြီး ၂၀၂၄ ခုနှစ် စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၅၁၉ ထက်ပင် မြင့်တက်နေသည်ကို တွေ့ရသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အုန်းဆီတင်ပို့မှုသည်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ၅၅ ဒသမ ၁ ရာခိုင်နှုန်း အမေရိကန် ဒေါ်လာ ၁၆၅ ဒသမ ၁၆ သန်းထိ မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁၀၆ ဒသမ ၄၉ သန်း ရရှိခဲ့သည်။ အခြားသော အုန်းထွက်ပစ္စည်း (coconut based products) များ တင်ပို့မှုသည်လည်း ၄၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး အမေရိကန်ဒေါ် လာ ၂၉ ဒသမ ၅၆ သန်းမှ ၄၃ ဒသမ ၇၈ သန်းထိ တိုးမြင့်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်အတွင်း အုန်းပင်စိုက်ပျိုးမှုကို အပင်ပေါင်း သန်း ၅၀ ထိ တိုးချဲ့စိုက်ပျိုးသွားရန် လျာထားပြီး ကမ္ဘာ့အုန်းစိုက်ပျိုးမှု ထိပ် တန်းနိုင်ငံဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ပြောကြားထားသည်။ အဆိုပါ အစီ အစဉ်သည် ၂၀၂၃ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အုန်းပင်စိုက်ပျိုး ရေးအစီအစဉ် ၅ နှစ်တာစီမံကိန်းပါ မူလရည်မှန်းထားသည့် ပမာဏ ထက် နှစ်ဆ ရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့သည်ဟု ဖော်ပြပါရှိသည်။ သမ္မတမှလည်း အုန်းပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း အတွက် သုံးစွဲနိုင်ရန် ရန်ပုံငွေများကို တိုးမြင့်ခွဲဝေချထားပေးထား ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့အုန်း စိုက်ပျိုးထုတ်လုပ်မှုတွင် ဒုတိယနေရာတွင် ရပ်တည်နေပြီး ထိပ်တန်းတင်ပို့သည့် နိုင်ငံများတွင် လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၏ အုန်းထွက်ရှိမှုသည် မက်ထရစ်တန် ၁၇ ဒသမ ၁၃ သန်းရှိပြီး ဖိလစ်ပိုင်နိုင်ငံသည် ၁၄ ဒသမ ၇၇ တန် ထိ စံချိန်တင်ထွက်ရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၈ ခုနှစ်အတွင်း အုန်းပင်ပေါင်း သန်း ၁၀ဝ စိုက်ပျိုးသွားရမည့် အစီအစဉ်အား အကောင်အထည်ဖော် လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးရန် ကျန်ရှိသည့် ၁၅ သန်းအနက် ၈ ဒသမ ၅ သန်းကျော်ကို ယခုနှစ်တွင် စိုက်ပျိုးပြီးဖြစ်သည်။ ချမှတ်ထားသည့် မဟာဗျူဟာတွင် လက်ရှိ အပင်ပေါင်း သန်း ၃၄၀ မှာ သက်တမ်းရင့်နေပြီး အသီးမသီးနိုင်တော့သဖြင့် အစားထိုးစိုက် ပျိုးသွားရန်လည်း ပါဝင်သည်။ ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင် အဖွဲ့၏ ထုတ်ပြန်ချက်အရ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့မှုမှရငွေသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၁ ဒသမ ၆ ဘီလီယံထိ ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ငှက်ပျောသီးတင်ပို့မှု သည်လည်း ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၄၃ ဒသမ ၄၇ သန်းမှ ၆၅၄ ဒသမ ၈၈ သန်းထိ ၂၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ နာနတ်သီးဖျော်ရည်တင်ပို့မှုသည်လည်း ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၉ ဒသမ ဝ၆ သန်းမှ ၅၄ ဒသမ ၅၇ သန်းထိ ၃၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ သို့သော် နာနတ်သီးစည်သွတ်ဘူးများ တင်ပို့မှုမှာမူ ၂၀၂၄ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ ၉၄ ဒသမ ၄၇ သန်းရရှိရာမှ ၉၃ ဒသမ ၉၀ သန်းသို့ သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)