Main menu

Background

ဗီယက်နမ်တွင် ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန်လိုအပ်

Fri, 11/29/2019 - 16:25 -- journal_editor

        ဗီယက်နမ် စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေးနှင့် ကိုက်ညီမှုမရှိသော စီးပွားရေးလုပ် ငန်းများ၏ ပါဝင်မှုအချိုးအစားမှာ ကမ္ဘာ့ပျမ်းမျှပါဝင်မှု အချိုးအစားထက် ၁ ဒသမ ၅ ဆ ပိုမိုမြင့်မားနေကြောင်း ဗီယက်နမ်နယူးအေဂျင်စီ၏သတင်းတွင် ဖော်ပြသည်။ စီးပွားရေးလုပ်ငန်းများအတွက် အကြီးမားဆုံးသော ပြဿနာမှာ ပြုပြင်ပြောင်းလဲမှုကို မည်သည့်နေရာမှ စတင် ရမည်ကို မသိခြင်းဖြစ်ကြောင်း ]၂၀၁၉ ခုနှစ်  သက်မွေးဝမ်း ကျောင်းနှင့် နည်းပညာလေ့ကျင့်ရေးနေ့ အခမ်းအနားတွင်   FPT ညွှန်ကြားရေးမှူးချုပ် ငုယင်ဗန်ခိုအာက ပြောသည်။ စီးပွားရေးလုပ်ငန်းများသည် ပြောင်းလဲမှုမရှိပါက နောက်ကျကျန်လိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

      စမတ်ကျကျ အစပြုဟူသော ခေါင်းစဉ်ဖြင့်  FPT Techday  2019 အခမ်းအနားကို ဟနွိုင်းမြို့တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည်။ ဘဏ်ကြီးများနှင့် စီးပွားရေး လုပ်ငန်းကြီးများမှ အဆင့်မြင့်ခေါင်းဆောင်များနှင့် နည်း ပညာကျွမ်းကျင်သူ ၅၀ဝ အပါအဝင် အခမ်းအနားသို့ လူ ပေါင်း ၃၀ဝ၀ ကျော် တက်ရောက်ခဲ့သည်။ ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေးမှာ အခြားအတွက် မဟုတ်။ စီးပွားရေးလုပ်ငန်းများ  ပြုပြင်ပြောင်းလဲရေးကို ကူညီရန်၊ ယှဉ်ပြိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးရေး ကို တိုးတက်စေရန်အတွက်ဖြစ်ကြောင်း  FPT ဒုတိယညွှန် ကြားရေးမှူး ဟောင်ဗီယက်အန်းက ပြောသည်။ ဒစ်ဂျစ် တယ် ပြုပြင်ပြောင်းလဲရေးကို ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် ကြီးကြီးမားမားတွေး၊ စမတ်ကျကျအစ ပြုပြီး တိုးတက်မှုနှုန်းကို မြှင့်တင်ရန်လိုသည်ဟု   FPT က ယုံကြည်ကြောင်း ၎င်းကပြောသည်။ စမတ်ကျကျ စတင်ပါဆိုသည်မှာ စီးပွားရေးလုပ်ငန်း များအတွက် အရေးပါသော အချက်များအပေါ်တွင် အာရုံစိုက်ဆောင်ရွက်ရန်၊ အဆင့်မြင့် ဖြစ်မြောက်နိုင်စွမ်း ရှိသော စီမံကိန်းများကို ရွေးချယ်ရန်နှင့် ရှေ့ပြေးစမ်းသပ် အဆင့်တွင် ရိုးရှင်းသော စီမံကိန်းများကို ရွေးချယ်ဆောင် ရွက်ရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

      ကျွန်တော်တို့ရဲ့  ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါကြီးကြီးစဉ်းစားဆိုတဲ့ ဆောင်ပုဒ်နဲ့လုပ်ခဲ့တာပါဟု ဗီယက်နမ်စာတိုက်ကော်ပိုရေးရှင်း (VNPost) မှ သုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ ဒုတိယအကြီးအကဲ ဒင်တွန်သန်းကပြောသည်။ VNPost သည် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်ပြီး    ခေတ်နောက်ကျနေသော လုပ်သား ဖွဲ့စည်းတည်ဆောက်မှုဖြင့် ရာစုနှစ်တစ်စုခန့် လုပ်ငန်းဆောင်ရွက်ခဲ့သော  လုပ်ငန်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

စံမီအောင်