Main menu

Background

အသုံးပြုပြီး စက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ စမ်းသပ် တင်သွင်းခွင့်ပြုပြီ

Thu, 03/19/2015 - 16:26 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ပ မှ စက်ပစ္စည်းများတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ယခင်ကခွင့်ပြုထား ခြင်းမရှိသော အသုံးပြုပြီး စက်ပစ္စည်း(Used Machine) များကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ ပထမစမ်း သပ်ကာလအဖြစ် သတ်မှတ်ခွင့်ပြုလိုက်ကြောင်း မတ်လ ၉ ရက် ရက် စွဲပါ ပို့ကုန်သွင်းကုန်နဲ့ပတ်သက်သော သတင်းလွှာ (၂။၂၀၁၅)နဲ့ ကုန် သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်ကြေငြာခဲ့ပါတယ်။
     ဝန်ကြီးဌာန အနေနဲ့ ယခင်ကပြည်ပမှစက်ပစ္စည်းများတင် သွင်းခွင့်ပြုရာမှာ အသစ်(Brand New) နဲ့ ပြုပြင်ပြီး (Reconditioned) စက်ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ယခုအခါ                  အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများလုပ်ငန်း တည်ထောင်ဆောင်ရွက်ရာမှာ အထောက် အကူဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်သက်သာစေရန် အသုံးပြုနိုင်တဲ့ ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်း (Used Mach-ine)များကို တင်သွင်းခွင့်ပြုမယ်လို့ သိရပါတယ်။
အသုံးပြုပြီး စက်ပစ္စည်းများတင်သွင်းခွင့်ပြုရာမှာ ဖွံ့ဖြိုးပြီး နိုင်ငံများမှ အသုံးပြုရန်မလိုအပ်တဲ့ စက်စွမ်းအားကျဆင်းနေတဲ့ စက် ပစ္စည်းများစုပုံရောင်းချခြင်း(Dumping) မဖြစ်စေရန်၊ မိမိနိုင်ငံရဲ့စက် မှုလုပ်ငန်းများ၊ အသေးစားအလတ်စားစက်မှုကုန်ထုတ်လုပ်ငန်းများ ကို အထောက်အကူပြုစေမယ့်စက်ပစ္စည်းများကိုသာ တင်သွင်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့သတင်းလွှာမှာ ဖော်ပြထားပါ တယ်။
အသုံးပြုပြီးစက်ပစ္စည်းများတင်သွင်းခွင့်ပြုရာမှာ တစ်နှစ်ချင်း ခွင့်ပြုဆောင်ရွက်ပေးသွားမှာဖြစ်ပြီး တင်သွင်းခွင့်ပြုတဲ့ မူဝါဒလုပ်ထုံး လုပ်နည်းများကို နှစ်စဉ်ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။တင် သွင်းခွင့်ကို နယ်စပ်ဒေသများမှ ခွင့်မပြုသေးဘဲ ပင်လယ်ရေ ကြောင်းမှသာ တင်သွင်းခွင့်ပြုမယ်လို့ သတင်းလွှာမှာ ဖော်ပြထားပါ တယ်။
အသုံးပြုပြီးစက်ပစ္စည်းများတင်သွင်းခွင့်နဲ့စပ်လျဉ်းပြီး လုပ်ထုံး လုပ်နည်းသတ်မှတ်ချက်များအပေါ် အခြေခံရမယ့် အချက်များနဲ့ တင်သွင်းခွင့်ပြုမည့်အပေါ် အခြေခံသတ်မှတ်ချက်များကို ဖော်ပြပေး လိုက်ရပါတယ်-
လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်အပေါ် အခြေခံရမည့်အချက်
အသုံးပြုပြီး စက်ပစ္စည်း (Used Machine) ဟ အသုံးပြုပြီး ၊ ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်း(Used Machine)]များ တင်သွင်း ခွင့်ပြုရာတွင် ဌာနဆိုင်ရာများရဲ့ သဘောထားမှတ်ချက်များကို အခြေခံ၍ အောက်ဖော်ပြပါအချက်များအပေါ် အခြေခံ၍ ခွင့်ပြု ဆောင်ရွက်မှာဖြစ်ပါတယ်-    
    (က)    Branded Quality Product များအတွက်  Used  Machine  များ တင်သွင်းအသုံးပြုရေးကို သုံးစွဲသူများ ဆုံးရှုံးမှု မခံ စားစေရေးအတွက် သတ်မှတ်စည်းကမ်းများ ထားရှိ ဆောင်ရွက်သွားရန်။
    (ခ)    တင်သွင်းသည့် Used Machine ၏ Capacity နှင့် Efficiency အာမခံချက်ရရှိရေး ဆောင်ရွက်သွားရန်။
    (ဂ)    ဖွံ့ဖြိုးပြီး  နိုင်ငံအချို့ မှ ၎င်းင်းတို့နိုင်ငံတွင်   အသုံးပြုခွင့်မရ တော့သည့် စက်ပစ္စည်းများအား နည်းလမ်းစုံဖြင့် လွှဲ ပြောင်းရောင်းချခြင်းမျိုးဖြင့် မိမိတို့နိုင်ငံသို့ရောက်ရှိ မလာစေရန်။
    (ဃ)    တင်သွင်းခွင့်ပြုမည့်အသုံးပြုပြီးစက်ပစ္စည်းအား စံချိန် စံညွှန်းသတ်မှတ်ရန်။
    (င)    တင်သွင်းလာသည့်အသုံးပြုပြီး စက်ပစ္စည်းများကို သတ် မှတ်ထားသည့်အဖွဲ့အစည်းတစ်ခုမှ စိစစ်ရန်။
တင်သွင်းခွင့်ပြုမည့်အပေါ် အခြေခံသတ်မှတ်ချက်
အသုံးပြုပြီးစက်ပစ္စည်း(Used Machine) များကို တင်သွင်းခွင့် ပြုရာတွင် အောက်ဖော်ပြပါ အချက်အလက်များ သတ်မှတ် ဆောင် ရွက်သွားရမှာဖြစ်ပါတယ်-
    (က)    အသုံးပြုပြီး စက်ပစ္စည်း(Used Machine) များကို ကိုယ် တိုင် လုပ်ငန်းတည်ထောင်ဆောင်ရွက်မည့်
        စက်မှုလက်မှု လုပ်ငန်း ဆောင်ရွက်သူအပြင် တစ်ဆင့် ပြန်လည်ရောင်းချသည့်ကုန်သွယ်မှု လုပ်ငန်းအတွက်ပါ ခွင့်ပြုမည်ဖြစ်ပါသည်။
    (ခ)    တင်သွင်းမည့် စက်ပစ္စည်းအား တင်သွင်းခွင့်လျှောက် ထားရာတွင် စက်ပစ္စည်း၏ စံချိန်စံညွှန်း အပြည့်အစုံကို အောက်ဖော်ပြပါအတိုင်း ဖော်ပြလျှောက်ထားရမည်-
    (၁)    Brand Name

    (၂)    Capacity
    (၃)    ထုတ်လုပ်သည့်ခုနှစ်  (Model Year)
    (၄)    ထုတ်လုပ်သည့်နိုင်ငံ(Country of Origin)
    (၅)    စက်၏ သုံးစွဲသည့်စွမ်းအင်၊ လောင်စာ(လျှပ်စစ်၊ရေ နွေးငွေ့၊ဓာတ်ဆီ၊ ဒီဇယ်၊ သဘာဝဓါတ်ငွေ့သုံး)

ပန်