အတွဲ(၁၅)အမှတ်(၁၂)
စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် သည် မတ်လ ၁၈ ရက် ၁၃း၀၀ နာရီတွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ Myanmar- Japan Magazine မှ Mr.Yutaka Nagasugi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ မေးမြန်းလာသည့် မေးခွန်းများကိုဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် Myanmar- Japan Magazine မှ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ၊ ဂျပန်နိုင်ငံမှလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ စေလိုသည့် လုပ်ငန်းများ၊ အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများ၊ သီလဝါစက်မှုဇုန်နှင့် ပတ် သက်သည့်ဆောင်ရွက်ချက်နှင့် တိုးတက်မှုအခြေအနေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် လိုအပ်သောအခြေခံအဆောက်အအုံ၊ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် မြန်မာ-ဂျပန် ဆက်ဆံရေးများကိုမေးမြန်းခဲ့မှုအပေါ်ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။