
ယခုတစ်ပတ်တောင်ကြီးဈေးကွက်ထဲသို့ ပတ်ဝန်းကျင် ဒေသများမှ ပြောင်းများအဝင်ပိုခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်ပိဿာကို ၁၀ကျပ်ကျပြီး ကျပ် ၂၉၀ (တစ်တန် ၁၇၇၅၉၃ ကျပ်) နဲ့ အရောင်းဈေးကွက်ဖွင့်ခဲ့ပါတ ယ်။ ဈေးကွက်ထဲမှ ပြောင်းများကို ရန်ကုန်၊ မန္တလေးအပြင် မော်လမြိုင်အထိပါ တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်ထက်ပိဿာချိန် ၆၀၀၀၀ ပိုပြီး ပိဿာ ၃၉၀၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။