Main menu

Background

၂၀၁၃-၁၄ သီးနှံရာသီအတွင်း ထိုင်းစစ်အစိုးရက တောင်သူတွေကို ကူညီပေးမယ့် အစီအမံများ ချမှတ်

Wed, 07/02/2014 - 07:39 -- ydnar

 

ထိုင်း စစ်အစိုးရဖြစ်တဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ (NCPO) မှ ထင်ရှားခဲ့တဲ့စပါး အပေါင်ခံ အစီအစဉ်ကို မကြာသေးခင် က အဆုံးသတ်လိုက်ပြီးတဲ့နောက် တောင်သူတွေကို အကူအညီပေးဖို့အစီ အမံများအနေနဲ့ စိုက်ပျိုးရေးပံ့ပိုးမှုနဲ့ အတိုးနှုန်းနည်းတဲ့ချေးငွေကိစ္စများ ကြေ ညာကြောင်း ပြည်တွင်း သတင်းများ မှာ ဖော်ပြထားကြောင်း သိရပါ တယ်။

အစိုးရအဖွဲ့အစည်းများ၊ ဆန်စက် လုပ်ငန်းရှင်များ၊ စိုက်ပျိုး ထုတ်လုပ်သူ များနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ NCPO စီးပွားရေးရာ ဒုတိယခေါင်း ဆောင်မှ မိသားတစ်စုကို လယ်ဟက် တာ ၂ ဒသမ ၄ အထက်ရှိတဲ့သူအ တွက် တစ်ဟက်တာ ကန်ဒေါ်လာ ၉၆ ဝန်းကျင်စိုက်ပျိုးစရိတ်ပံ့ပိုးမှာဖြစ်ကြောင်း ကြေညာတယ်လို့ သိရပါတယ်။ အဲဒီပံ့ပိုး ငွေကို နှစ်စဉ် ပျမ်းမျှစိုက်ပျိုး စရိတ် တစ်ဟက်တာကန်ဒေါ်လာ ၇၆၉ ဝန်းကျင် ကိုအခြေခံပြီးပေးတာဖြစ်ကြောင်း သိရ ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပျမ်းမျှစပါးအထွက် နှုန်းကတစ်ဟက်တာကို ၂ ဒသမ ၈၅ တန်ဖြစ်လို့ တစ်ဟက်တာကို ကန်ဒေါ် လာ ၉၆ ပံ့ပိုးမယ်ဆိုရင် ပံ့ပိုးငွေပမာဏ ဟာ စပါးတစ်တန်ကို ကန်ဒေါ်လာ ၃၄ ခန့်ဖြစ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနဲ့ လယ်ယာထွက်ကုန်သမ ဘဏ် (BAAC))  ကလည်း တောင်သူ တွေကို အတိုးနှုန်းနည်းတဲ့ ချေးငွေပေး အုံးမယ်လို့ဃြဏဥ စီးပွားရေးရာဒုတိယ ခေါင်းဆောင်ကဆိုပါတယ်။ ဘဏ် အနေနဲ့ အတိုးနှုန်းကို ၃ ရာခိုင်နှုန်း အထိ လျှော့ချပေး မှာဖြစ်သ လို ချေးငွေပေးမှုကိုလည်း နောက် ၆ လအထိကာလ တိုးမယ်လို့BAACဥက္ကဋ္ဌက ပြောကြားကြောင်းသိရပါတယ်။ NCPO ခေါင်းေ ဆာင်မှ အတည်ပြုပြီးရင် အဲဒီ အစီအမံနှစ်ခုကို မကြာမီအကောင်အ ထည်ဖော်မှာဖြစ်တယ်လို့ ဆိုပါတယ်။
NCPO အနေနဲ့ တောင်သူများရဲ့ အုပ်စုများမှ တောင်းခံလျှင် တောင်းခံ သလိုနိုင်ငံတော်ငွေကြေးကို ကြီးမားစွာ ထိခိုက်နိုင်တဲ့အတွက်လယ်မြေ ၈ ဟက်တာအထိ ထောက်ပံ့မှုကိုတိုးပေး နိုင်မှာမဟုတ်ဘူးလို့လည်း ၎င်းကထု တ် ဖော်ေြ ပာကြားပါတယ်။ ဒါ့အပြင် တောင်သူများငွေကြေးကို တလွဲသုံးမှာ စိုးတဲ့ အတွက် ငွေပံ့ပိုးမှု အစား စိုက်ပျိုး ရေး ပံ့ပိုးမှု ကိုပေး ဖို့ပိုပြီး နှစ်သက်တယ်လို့ လည်း ၎င်းင်းကဆိုပါတယ်။ ဓါတ်မြေသြ ဇာ၊ ပိုးသတ်ဆေးနဲ့ အခြားစိုက်ပျိုးရေး သွင်းအား စုရောင်းချ သူများကလည်း ၎င်းတို့ဈေးနှုန်းကိုလျှော့ချဖို့ သဘောတူ ညီထားပြီးဖြစ်လို့ တောင်သူတွေအနေနဲ့ ၎င်းင်းတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တစ်ဟက်တာ ၈၃ ဒေါ်လာဝန်းကျင်ခန့် လျော့ကျနိုင်လိမ့်မယ်လို့လည်း ဆိုပါ တယ်။ ထိုင်းစိုက်ပျိုးရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌကNCPO  ရဲ့ဆုံးဖြတ် ချက်ကို စိတ်ကျေနပ်ကြောင်းဖော်ြ ပပြီး တောင်သူတွေ အနေနဲ့ စပါးတစ်တန်ကို ကန်ဒေါ်လာ ၂၄၆-၂၇၇ ခန့်ဈေးနဲ့ ရောင်းချနိုင်လိမ့်မယ်လို့ ၎င်းင်းအနေ နဲ့ မျှော် လင့်ေ ကြာင်း ပြော ကြား ခဲ့ပါ တယ်။