Main menu

Background

ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီ ကလစ်ရှ်ကိုအပြင် WBC ချန်ပီယံဒီယွန်တေးဝိုင်လ်ဒါနှင့်ပါထိုးရန် ရည်မှန်းနေ

Thu, 03/12/2015 - 20:25 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

ရိုမေးနီးယားလက်ဝှေ့သမား ခရစ္စတီယန်ဟမ်းမားကို ဒိုင်ပွဲရပ်ဖြင့် အနိုင် ယူပြီး ဥရောပဟဲဗီးဝိတ်ရွှေခါးပတ် ကာကွယ်ခဲ့သည့် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီမှာ ရွှေခါးပတ်များပိုင်ရှင်ဝလာဒီမီယာကလစ်ရှ်ကိုအပြင် WBC ချန်ပီယံဒီယွန်တေးဝိုင်လ်ဒါနှင့်ပါ ထိုးသတ်နိုင်ရန် ရည်မှန်းလျက်ရှိသည်။
ဆုကြေးစားပွဲ ၂၄ပွဲစလုံး အနိုင်ရထားသည့် မန်ချက်စတာမြို့သား ဖြူရီ မှာWBO၏စိန်ခေါ်သူနံပါတ်တစ်ဖြစ်ပြီး ဟမ်းမားအားအနိုင်ရပြီးပြီးချင်းမှာပင် ကလစ်ရှ်ကိုအား စိန်ခေါ်စကားဆိုခဲ့သည်။ နှစ်ဖက်တာဝန်ရှိသူများအကြား ဗြိတိန်၌ပွဲဖြစ်မြောက်ရန် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး  တိုင်ဆန်ဖြူရီမှာ ကလစ်ရှ်ကိုအား အနိုင်ရခဲ့ပါက အမေရိကန် လက်ဝှေ့သမား  ဝိုင်လ်ဒါနှင့်ပါ ဟဲဗီးဝိတ်ရွှေခါးပတ်များ ပေါင်းစည်းပွဲအဖြစ်ထိုးရန်    ဆန္ဒပြင်းပြနေခြင်းဖြစ် သည်WBAစူပါ၊IBF၊ WBO နှင့်IBO ချန်ပီယံကလစ်ရှ်ကိုမှာ လာမည့် ဧပြီ ၂၅ ရက်တွင် အမေရိကန်လက်ဝှေ့သမား ဘရိုင်ယန့်ဂျန်းနင်းနှင့် သရဖူ ကာကွယ်ပွဲထိုးသတ်မည်ဖြစ်သည်။ ၎င်းင်း၏ဆုကြေးစားဘဝနှစ်ပေါင်း ၂၀ နီး ပါးအတွင်း အင်္ဂလန်မြေတွင် တစ်ကြိမ်သာထိုးသတ်ခဲ့ဖူးကြောင်း သိရသည်။