Main menu

Background

ံHonda LPGA Thailand ပြိုင်ပွဲတွင် တောင်ကိုရီးယားဂေါက်သီးမယ် အေမီယန်း ဗိုလ်စွဲ

Thu, 03/12/2015 - 20:28 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

ထိုင်းနိုင်ငံ၊   ပတ္တယားကမ်းခြေ၌   ကျင်းပခဲ့သည့်Honda LPGA Thailand ပြိုင်ပွဲတွင် တောင်ကိုရီးယားဂေါက်သီးမယ် အေမီယန်းက အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။ အေမီယန်းသည် နောက်ဆုံးနေ့ပွဲစဉ်တွင် သုံး ချက်လျှော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၇၃(-၁၅)ချက်ဖြင့် ပူးတွဲဒုတိယ ရသူသုံးဦးကို နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ တတိယနေ့အပြီး တွင် ထိပ်ဆုံးမှဦးဆောင်နေသော ကမ္ဘာ့အဆင့်တစ်ဟောင်း စတေစီလူးဝစ် မှာ နောက်ဆုံးနေ့တွင် ၇၂ချက်ရိုက်လိုက်သဖြင့် ဒုတိယဖြင့်သာ ကျေနပ် ခဲ့ရသည်။ ၂၀၁၂ခုနှစ်ကတည်းက အောင်မြင်မှုနှင့်ဝေးကွာခဲ့သော တရုတ် တိုင်ပေဂေါက်သီးမယ် ယာနီဆန်းမှာလည်း ဒုတိယသာရရှိခဲ့သည်။
အသက် ၂၅နှစ်ရှိ အေမီယန်းအတွက LPGA Tour ပြိုင်ပွဲများတွင် ဒုတိယအကြိမ်ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး လေဒီဥရောပတိုးတွင် သုံးကြိမ်၊ ကိုရီးယား LPGA Tour တွင် နှစ်ကြိမ်ဗိုလ်စွဲထားသည်။ ထို့ပြင် မတ် ၂ရက်ကထုတ် ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်လည်း အဆင့် ၁၆ မှ ၁၁ သို့ ငါးဆင့်  မြင့်တက်လာခဲ့သည်။ အေမီယန်းမှာ ပြီးခဲ့သည့်ပြိုင်ပွဲ ငါးခုတွင် လေးခု၌ ထိပ်ဆုံးငါးဦးစာရင်း ဝင်နိုင်ခဲ့သည်။