Main menu

Background

ဆယ့်နှစ်လရာသီပေါ် ကင်းပုံပင်၏ အကျိုးကျေးဇူးများနှင့်အသုံးဝင်ပုံများ

Tue, 06/20/2023 - 15:32 -- journal_editor

ကင်းပုံပင်သည်  မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့နိုင်ပြီး အလေ့ကျပေါက်ရောက်သော သဘာဝ ပေါက်ပင်တစ်မျိုးဖြစ်သည်။    နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုသည့် စကားနှင့်အညီ နွယ်ပင်မျိုး နွယ်ဖြစ်သော ကင်းပုံပင်သည် အပူပိုင်းစိုစွတ်သော ဒေသတွင် ဖြစ်ထွန်းသည့် နှစ်ရှည်နွယ်ပင် တစ် မျိုးပင်ဖြစ်သည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်း နိုင်သော အသီးပင်ဖြစ်သည်။
ကင်းပုံပင်သည်   သဲဆန်သော နုန်းမြေတွင် အကောင်းဆုံးစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ စိုက်ပျိုး သောအခါ စိုက်ပျိုးမည့်နေရာအား မြေကို ကောင်း စွာညှက်အောင်   ထိုးမွှေ၍ဖြစ်စေ၊ ပေါင်းပင်များ ရှင်းလင်း၍ဖြစ်စေ ပြုလုပ်ပြီး ကောင်းစွာဆွေးမြည့် သည့် သဘာဝမြေဆွေးများကို  အသုံးပြုနိုင်သည်။ ကင်းပုံပင်သည် ဖရုံသခွားမျိုးနွယ်ဝင် အပင်တစ် မျိုးဖြစ်သည်။ နွယ်ပင်တစ်မျိုးဖြစ်သောကြောင့် ခြံ စည်းရိုး၊ ချုံပင်များနှင့် အိမ်ခြံထဲတွင် လွယ်ကူစွာ ပင် လျင်လျင်မြန်မြန် ကြီးထွားနိုင်သည်။  ကင်းပုံ သီးပင်အား တောင်အာဖရိက၊ မလေးရှား၊ အခြား အရှေ့တောင်အာရှနိုင်ငံများနှင့်  တရုတ်နိုင်ငံတို့၏ အပူပိုင်းဒေသများတွင် စိုက်ပျိုးကြပြီး အိန္ဒိယတွင် လည်း အများဆုံး စိုက်ပျိုးကြသည်။
ကင်းပုံပင်ကို စိုက်ပျိုးရာတွင်  အစေ့တိုင်း စိုက်ပျိုးခြင်းနှင့် ပင်စည်ကိုဖြတ်၍ မျိုးပွားစိုက်ပျိုး ခြင်းဟူ၍ နှစ်မျိုးရှိသည်။ အစေ့နှင့် စိုက်ပျိုးခြင်း သည် အပင်ဖြစ်ရန် တစ်နှစ်နီးပါး အချိန်ပေးရမည် ဖြစ်သည်။  ပင်စည်ကို ဖြတ်၍မျိုးပွားစိုက်ပျိုးလျှင် ပင်စည်ပိုင်းဖြတ်ရာတွင်  မမာလွန်း မပျော့လွန်း သော   ပင်စည်ပိုင်းကို ယူရမည်။  ပင်စည်သည် လုံးပတ် တစ်လက်မခန့်နှင့်အရှည် ရှစ်လက်မ ဖြတ် ၍ စိုက်ပျိုးနိုင်သည်။ ပင်စည်ပိုင်းတွင် အရွက် လေး ရွက်မှ ခြောက်ရွက်အထိ ပါသင့်သည်။ စိုက်ပျိုးမည့် နေရာသည် လေးပေခန့်အကျယ်ရှိသော ကျင်းတွင် အနက် နှစ်လက်မခန့်   တူးဆွ၍ ပင်စည်မျိုးပိုင်း သုံးပိုင်းမှ လေးပိုင်းအထိ မျိုးပွား စိုက်ပျိုးနိုင်သည်။ မုတ်သုံမစခင်၊ မိုးရာသီ မစခင်နှင့်    နွေဦးအစတို့ တွင် စတင်၍စိုက်ပျိုးသင့်သည်။ 
ကင်းပုံပင်တွင် အချိုမျိုးနှင့် အခါးမျိုးဟူ၍ နှစ်မျိုးရှိသည်။ အချိုမျိုးသည်  အသီးနှင့်အရွက် နှစ်မျိုးစလုံး စားသုံးနိုင်သည်။   ကင်းပုံသီးသည် ဆယ့်နှစ်လရာသီနီးပါးရရှိနိုင်သည့်  အစားအစာ တစ်မျိုးဖြစ်သည်။   ကင်းပုံသီးကို ချက်၍လည်း ကောင်း၊    ကြော်၍လည်းကောင်း၊ နှပ်၍လည်း ကောင်း စားသုံးကြသည်။ ကင်းပုံသီးကို သခွားသီး အငယ်စားဟုပင်    တင်စားခေါ်ဝေါ်ကြသည်။အဘယ်ကြောင့်ဆိုသော်   သခွားသီးနှင့်တူသော ကြောင့်ဖြစ်၍   အလုံးအကြီးအသေးသာ  ကွာပါ သည်။ ကင်းပုံသီးသည် လုံး၍ရှည်မျောမျောပုံရှိပြီး နှစ်လက်မကျော်ခန့် ရှည်သည်။ အခွံမှာ ပြောင် ချော၍ အစိမ်းရောင်ပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သောအခါ လိမ္မော်အနီရောင်ရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးပါသည်။
ကင်းပုံအချိုသီး၏အရသာမှာ ချိုခြင်း၊ အေး ခြင်း၊ ဖန်ခြင်း၊ ငန်ခြင်းနှင့်  သလိပ်ကိုဖြစ်စေသည်။ ကင်းပုံသီးကို စားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ လေကို နိုင်ခြင်း၊ နှုတ်မြိတ်စေခြင်း၊ လေရောဂါနှင့် ချောင်း ဆိုးရောဂါများ သက်သာခြင်း၊ ဆီးချိုကျခြင်း၊ သွေး တွင်းသကြားဓာတ်   ထိန်းညှိပေးခြင်း၊ နှလုံးနှင့် အာရုံကြောစနစ်ကို ကောင်းစေခြင်း၊ အဝလွန်ခြင်း ကို ထိန်းပေးခြင်း၊ သွေးအားနည်းခြင်းနှင့် မောပန်း ခြင်းကို သက်သာစေပြီး ကျောက်ကပ်တွင် ဖြစ်ပေါ် တတ်သော ကျောက်ကို ကြေစေနိုင်သည်ဟုလည်း သိရသည်။ ကင်းပုံသီးကို မီးဖွားပြီးခါစ မိခင်များ နို့ထွက်စေရန် စားသုံးပေးနိုင်ပါသည်။ ကင်းပုံသီး သည်   ခပ်ပုပုအသီးမျိုးဖြစ်သော်လည်း ထူးခြား သော အာနိသင်မှာ အရပ်ရှည်စေသည်ဟု သိရ သောကြောင့် အရပ်ပုသော တက်သစ်စလူငယ်များ ကင်းပုံသီးကို စားသုံးသင့်ပါသည်။ သို့သော် ကင်းပုံ သီးကို အလွန်အကျွံ စားသုံးရန် မသင့်ပါ၊ တန်ဆေး လွန်ဘေးဟူ၍ ဆိုရိုးစကားရှိသောကြောင့် အလွန် အကျွံ စားသုံးမိပါက ဝမ်းပျက်ခြင်းနှင့် ဗိုက်အောင့် ဗိုက်နာကို   ဖြစ်စေတတ်ပါသည်။   ကင်းပုံသီးကို နှမ်း၊ နှမ်းမှုန့်၊  နှမ်းဆီတို့ဖြင့်  တွဲဖက်၍စားသုံးရန် မသင့်ကြောင်း အာဟာရ စွယ်စုံကျမ်း၌ ဖော်ပြထား သည်။   ကင်းပုံသီးတွင် အခါးနှင့်အချို နှစ်မျိုးရှိ သည့်အနက် ကင်းပုံအခါးကို အထွေထွေရောဂါ ကုသရာ၌ ပို၍အကျိုးရှိပါသည်။ ကင်းပုံသီးတွင် ကယ်လိုရီဓာတ်၊ ရေငွေ့ဓာတ်၊ အသားဓာတ်၊ ကဆီ ဓာတ်၊ သတ္တုဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံ ဓာတ်၊ ဗီတာမင်အေဓာတ်နှင့် ကယ်လ်ဆီယမ်ဓာတ် စသည့် အာဟာရဓာတ်များ များစွာပါဝင်ပါသည်။
ကင်းပုံရွက်သည် ပင်စည်(သို့)ရိုးတံ၏ တစ် ဖက်တည်းမှ ထွက်သည်။   အဝိုက်   သုံးဝိုက်ပါ၍ ထိပ်အဝိုက်ဘက်တွင်    ထောင့်သုံးထောင့်ပါပြီး ဘေးအဝိုက် နှစ်ခုသည်   လိပ်ပြာတောင်ပုံဖြစ်နေ သည်။ ရွက်ရင်း ဟိုက်သည်။ ရွက်ပြားပါး၍ ချော မွတ်နေသည်။ရွက်နားများတွင် လှိုင်းတွန့်ပုံသဏ္ဍာန် ရှိသည်။ ရွက်ညှာမှာ အလွန်ရှည်သည်။ 
ကင်းပုံရွက်တွင်   ကယ်လိုရီဓာတ်၊ ရေငွေ့ ဓာတ်၊အသားဓာတ်၊ကဆီဓာတ်၊သတ္တုဓာတ်၊ ဗီတာ မင်အေ၊ ဗီတာမင်စီဓာတ် စသည့် အာဟာရဓာတ် များ ြွကယ်ဝစွာပါဝင်နေပါသည်။ ထို့ကြောင့် ကင်း ပုံရွက်ကို ဆီချိုရောဂါရှိသူများ စားသုံးသင့်ပါသည်။ ကင်းပုံရွက်ကို သည်းခြေဖျက်ခြင်းနှင့် အဆုတြွ်ပန် ရောင်ရောဂါတို့အတွက်  ဖော်စပ်ထားသော ဆေး များတွင်လည်း ထည့်သွင်းအသုံးပြုသည်။  ကင်းပုံ ရွက်ကို သန်ကျဆေးဖော်စပ်ရာ၌လည်း အသုံးပြု ပါသည်။   ရေယုန်ပေါက်လျှင်လည်း နှုတ်ခမ်းမှာ ပေါက်သည့်  ရေယုန်ရောဂါမျိုးကို နင်က ရေယုန် ငါကကင်းပုံဟူ နှုတ်ကဆိုပြီး ကင်းပုံရွက်ဖြင့် ပွတ် တိုက်ပေးပါက    သက်သာပျောက်ကင်းနိုင်ပါ သည်။
ကင်းပုံပွင့်သည်  ကင်းပုံရွက်၏   ရွက်ညှာ ကြားမှထွက်၍ အဖြူရောင်ပွင့်ဖတ် ငါးခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး     အပွင့်ညှာတံရှည်ပါ သည်။ ကင်းပုံပင်စည်ကို ပြုတ်၍ သလိပ်ရွှင်ဆေး အဖြစ် အသုံးပြုရာ၌အထူးထင်ရှားပါသည်။ကင်းပုံ အမြစ်ကို အဖျားကျ  ဆေး၊ ဝမ်းသက်ဆေးအဖြစ် သုံးနိုင်ပါသည်။ ကင်းပုံတွင် အချိုနှင့်အခါး နှစ်မျိုး ရှိသည့်အနက်  ဆေးဖက်အဖြစ် အသုံးပြုရာတွင် အခါးကို  ပိုမိုအသုံးပြုကြပါကြောင်း၊ ကင်းပုံပင်မှ ထွက်ရှိသော ကင်းပုံရွက် ကင်းပုံသီး၊ ကင်းပုံပွင့်၊ ကင်းပုံပင်စည်နှင့် ကင်းပုံအမြစ်တို့၏ အသုံးဝင်ပုံ နှင့် လူအများစားသုံးခြင်းဖြင့် ရရှိလာသော အကျိုး ကျေးဇူးများကို ရေးသားတင်ပြလိုက်ရပါသည်။

ခင်စန်းဝေ