Main menu

Background

ရန်ကုန်စတော့အိတ်ချိန်းတွင်APC ကုမ္ပဏီမှ မှတ်ပုံတင်ဝင်ရောက်နိုင်ရန် ပြင်ဆင်နေ

Mon, 06/03/2024 - 12:18 -- journal_editor

Asia Pacific Business Group Publicကုမ္ပဏီလီမိတက်မှ ရန်ကုန်စတော့အိတ်ချိန်း၏ Pre Listing Board(PLB))တွင် မှတ်ပုံ တင်ဝင်ရောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ 
]]စာရင်းဝင်အကြိုဈေးကွက်အတွက် APC  ကုမ္ပဏီက ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ ကျွန်တော်တို့ကို မှတ်ပုံတင်အရာရှိအဖြစ် ခန့်အပ် တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ရေရှည်အစီအစဉ် တွေပါ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အခုလက်ရှိမှာဆိုရင် ရန်ကုန်စတော့အိတ်ချိန်းက ရှစ်နှစ်သားအရွယ်ရှိပါပြီ။ ဒါပေမယ့် လည်း လူစိတ်ဝင်စားမှုနည်းနေတယ်။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း တွေကလည်း များပြားတဲ့အတွက် မပြည့်မီတာ မလိုက်နာနိုင်တာ တွေရှိတယ်။ စာရင်းဝင်အကြိုဈေးကွက် ဖွင့်ပေးလိုက်တာကတော့ ၂၀၂၂-၂၀၂၃ ပါ။ စပြီး ပြင်ဆင်တယ်။၂၀၂၄ မှာတော့Regristation  သုံးခုကို ခန့်အပ်ဆောင် ရွက်ပေးနေပါတယ်}}APC  ကုမ္ပဏီမှ  မှတ်ပုံ တင်အရာရှိအဖြစ်   ခန့်အပ်ထားသည့် Myanmar Enterpise Solutions ၏ စီအီးအို ဦးမျိုးဟိန်းကဆိုသည်။ 
လက်ရှိတွင် Asia Pacific Business Group Public ကုမ္ပဏီ လီမိတက်အနေဖြင့် စတည်တည်ထောင် စဉ်က ဆိုရှယ်မီဒီယာ၊ အွန် လိုင်း အရောင်းအဝယ်လုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ဆောက် လုပ်ရေး၊  ကုန်ထုတ်လုပ်ရေးနှင့်  ဘဏ္ဍာရေး၊ စာရင်းစစ် စသည့် လုပ်ငန်းကဏ္ဍများအား  လုပ်ကိုင်လျက်ရှိပြီး  ကျန်းမာရေး  စောင့် ရှောက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင် စသည့်လုပ်ငန်း များအား တိုးချဲ့လုပ်ကိုင်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ 
ပြီးခဲ့သည့် ဧပြီလတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ် ယာအရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၂၆၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းYSX) မှ သိရပြီး အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၉၁၃၆၀ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၆၀ ဒသမ ၄၄ သန်းရှိခဲ့ ကြောင်း သိရသည်။

 

ကိုတိုး