Main menu

Background

စက်တင်ဘာလတွင်း ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာရောင်းချမှု သန်း ၁၀ဝ ကျော်ထိရှိလာ

Mon, 10/07/2024 - 14:30 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာလတွင်းFX Market Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ရောင်းချပေးမှု သန်း ၁၀ဝ ကျော်ထိရှိလာပြီဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၁၂  ရက် တွင်  အမေရိကန်ဒေါ်လာ ၁၀ သန်း၊  စက်တင်ဘာ ၁၃ ရက်တွင် တစ် ဒေါ်လာလျှင် ကျပ် ၃၅၀၇ နှုန်းဖြင့် ဒေါ်လာ ၂၃၀ဝ၀ဝ၊ စက်တင်ဘာ ၁၅ ရက်တွင် ဒေါ်လာသန်း ၃၀၊ စက်တင်ဘာ ၁၆ ရက်တွင် တစ် ဒေါ်လာလျှင် ၃၅၁၁ ကျပ်နှုန်းဖြင့် ဒေါ်လာ ၅ သန်း၊ စက်တင်ဘာ ၁၇ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၃၅၁၂ နှုန်းဖြင့် ဒေါ်လာ ၃၀ဝ၀ဝ၊ စက်တင်ဘာ ၁၉ ရက်တွင် ဒေါ်လာ ၈ ဒသမ ၅ သန်းကျော်၊ စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်လာ ၁ ဒဿမ ၂၈ သန်း၊ စက်တင်ဘာ ၂၃ ရက်တွင် ဒေါ်လာ ၂၃ သန်းခန့်၊ စက်တင် ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၁၃ သန်းခန့်၊ စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်အား ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ 
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သြဂုတ် ၁ ရက်မှ စက်တင် ဘာလကုန်ထိ နှစ်လတာကာလအတွင်း ထိုင်းဘတ်သန်း ၃၂၀ ကျော် နှင့် တရုတ်ယွမ် ၂၈ သန်းဝန်းကျင်အထိ FX Market Online Trading Platform မှ တစ်ဆင့် ထုတ်ရောင်းပေးထားကြောင်း သိရသည်။ 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ပါဝင်သည့်းFX Market Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ များ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ နိုင်ငံခြားဈေးကွက်အတွင်း အမေရိကန် ဒေါ်လာများ ဆက်တိုက် ထုတ်ရောင်းပေးခြင်းကြောင့်  နိုင်ငံခြားငွေလဲနှုန်းမှာ သိသိ သာသာ ကျဆင်းလာခဲ့ကြောင်း သိရသည်။

 

ကိုတိုး