တနင်္သာရီတိုင်းဒေသကြီးသည် အရှေ့ ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် မွန်ပြည်နယ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့ ဝိုင်းရံတည်ရှိသည့် မြန်မာနိုင်ငံ၏ တောင်ပိုင်းအကျဆုံး တိုင်းဒေသကြီးဖြစ်သည်။ ရေထွက်ကုန် ပစ္စည်းများနှင့် အခြားရေထွက်ကုန် ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်း၊ ပြည် တွင်း ဖြန့်ဖြူးရောင်းချခြင်းများဖြင့် အဓိက ကုန်သွယ်မှုပြုလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး၏မြို့တော်သည် ထားဝယ်မြို့ဖြစ်ပြီး ကော့သောင်းမြို့သည် ထိုင်းနိုင်ငံ ရနောင်း သို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှု အတွက် ဃ့နခု ဏသငညအ ကုန်သွယ်ရေး စခန်းတည်ရှိရာ မြို့ဖြစ်သည်။ မြိတ်မြို့ သည် လူဦးရေ အများဆုံးနှင့် အကြီးဆုံး မြို့ဖြစ်သည်နှင့်အညီ ထားဝယ်၊ ကော့ သောင်း၊ မြိတ်ခရိုင်များတွင် ပုစွန်၊ ကဏန်း မွေးမြူရေးလုပ်ငန်းများ ၊ ငါး အမှုန့်စက်ရုံများနှင့် အခြားရေထွက် ထုတ်လုပ်သည့် လုပ်ငန်းများကို တွင် တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိ ပြီး မြိတ်ကုန်သွယ်ရေးစခန်းလည်း ရှိသည်။
ပနားမီး ရေငန်ပုစွန် မွေးမြူရန် နှစ်ဧကခွဲလျှင်တစ်ကန်နှုန်းဖြင့် ခြောက် ပေအနက်တွင် ရေငန်ပုစွန်ကောင်ရေ နှစ်သန်းမှ လေးသန်းအထိ မွေးမြူလေ့ရှိ ကြပြီး ရေလှောင်ကန်၊ ပိုးသတ်ကန်တို့ ထားရှိကာ ဧက ၁၀ဝ တွင် ၄၀ ရာခိုင် နှုန်း မွေးမြူထုတ်လုပ်လျက်ရှိသည်။ ရေငန်ပုစွန် သားပေါက်များ၊ ပုစွန်စာ များကို ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်း ခြင်းဖြစ်ပြီး သုံးလကျော် လေးလခန့် အကြာတွင် ရောင်းတန်းဝင်အဆင့် သို့ ရောက်ရှိကာ တင်ပို့ရောင်းချနိုင်ပြီဖြစ် ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ ပုစွန်မွေးကန်များသည် စနစ်တကျ မွေးမြူခြင်း အရည်အသွေး ကောင်းမွန် ခြင်းတို့ကြောင့် ပြည်ပနိုင်ငံများ နှစ် ခြိုက်ကြကြောင်း၊ ပင်လယ်ရေ သန့်ရှင်း မှုကြောင့် အရည်အသွေးကို ပိုမိုကောင်း မွန်စေခြင်းဖြစ်ကြောင်း သိရသည်။ ပနားမီး ရေငန်ပုစွန်မွေးမြူခြင်းသည် ရင်းနှီးမှု ကြီးမားသည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး အကျိုးအမြတ်လည်း ရရှိသည်။
သို့ရာတွင် ရေငန်ပုစွန် မွေးမြူသူ များအနေဖြင့် စိန်ခေါ်မှုများစွာကို လည်း ရင်ဆိုင်ရသည်။ ပြည်ပမှ သား ပေါက်နှင့် အစာတင်သွင်းရခြင်းကြောင့် ကုန်ကျစရိတ်ကြီးမားပြီး အခြားရေငန် ပုစွန်တင်ပို့နိုင်ငံများနှင့် ဈေးကွက်ယှဉ် ပြိုင်နိုင်စွမ်း အားနည်းခြင်း၊ တချို့နှစ် များတွင် မိုးရွာသွန်းမှုများခဲ့လျှင် ရေငန် ပါဝင်နှုန်း ကျဆင်းခြင်း၊ ထိုင်းနိုင်ငံမှ ဝယ်ယူသည့် ပုစွန်သားပေါက်များ ကြီး ထွားနှုန်း ကျဆင်းခြင်းတို့ကြောင့် ထွက် ရှိမှုနှုန်း လျော့နည်းသည့် စိန်ခေါ်မှု အခက်အခဲများကိုလည်း ရင်ဆိုင်ရ တတ်သည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ပုစွန် သားပေါက်နှင့် ပုစွန်စာ တင်သွင်းသည့် အချိန်နှင့် မိမိမွေးမြူရေးကန် လိုအပ် ချက် ကိုက်ညီမှုမရှိသည့် အခြေအနေ၊ တစ်ဖက်နိုင်ငံမှဝယ်ယူရသည့် ဈေးနှုန်း၊ သယ်ယူမှု ကုန်ကျစရိတ် ကြီးမြင့်မှု အခြေအနေနှင့် စသည့် စိန်ခေါ်မှု အခက်အခဲ များကိုလည်း ရင်ဆိုင်ကြရ သည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင်အတွင်း ပနားမီးရေငန်ပုစွန်ကန် မွေးမြူထွက်ရှိမှုသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ငါးခု၏ ဧက ၁၅၀ဝ ကျော်မှ မွေးမြူရေးကန်ပေါင်း ၂၀ဝ ကန်နီးပါးဖြင့် ပုစွန်များ မွေးမြူ လျက်ရှိပြီး လစဉ် ထွက်ရှိမှုအနေဖြင့် တန် ၄၀ဝ-၆၀ဝ ခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ မွေးမြူရေးကန်များမှ ရေငန်ပုစွန်များ မွေးမြူ၍ မြိတ်မှ ရန်ကုန်၊ ထိုမှတစ်ဆင့် ပင်လယ်ရေ ကြောင်း ပို့ကုန်အဖြစ် ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်နှင့် ဂျပန်နိုင်ငံများသို့ လည်းကောင်း၊ ဃ့နခု ဏသငညအ စခန်းဖြစ် သည့် ကော့သောင်းမှ နယ်စပ်ပို့ကုန်ဖြင့် ထိုင်းနိုင်ငံသို့ လည်းကောင်း တင်ပို့ လျက်ရှိသည်။ အများအားဖြင့် တရုတ် နိုင်ငံသို့ ပြုတ်ပြီးသား ပုစွန်များတင် ပို့ပြီး ဂျပန်နှင့် ထိုင်းနိုင်ငံသို့ အေးခဲ ပုစွန်များကိုလည်း အသီးသီးတင်ပို့ လျက်ရှိသည်။ ဝယ်ယူသည့် ဝယ်လက် ၏ ဆန္ဒအတိုင်း တင်ပို့ရခြင်းဖြစ်သည့် အပြင် ပြည်တွင်းစားသုံးရန်အတွက် ရန်ကုန်သို့ သယ်ဆောင်၍ ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းများလည်း ရှိ သည်။
ပင်လယ်ပြင်တွင် ရေထွက်သယံ ဇာတများ ရှားပါးလာခြင်း၊ ပို့ဆောင် သယ်ယူစရိတ် များပြားလာခြင်းတို့ ကြောင့် ပင်လယ်ပြင်မှ ပုစွန်ဖမ်းဆီးတင် ပို့ရောင်းချခြင်းထက် ဈေးကွက်တည် ငြိမ်မှု ရှိပြီး ဝင်ငွေရရှိရန်သေချာမှုရှိသည့် ရေငန်ပုစွန် မွေးမြူရောင်းချခြင်းကို ရေလုပ်ငန်းရှင်များ ပိုမိုစိတ်ဝင်စားလာ ကြကြောင်း သိရသည်။
မြိတ်မြို့တွင် ပနားမီးရေငန်ပုစွန် မွေး မြူရေးကန်များ စနစ်တကျ မွေးမြူခြင်း ဖြင့် ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေးအတွက် အထောက်အပံ့ ပေးလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။
မြိတ်ကုန်သွယ်ရေးစခန်း