Main menu

Background

ကယားပြည်နယ် ဈေးကွက်အတွင်း အုန်းသီး၊ နှမ်းဆီ၊ နဂါးမောက်သီးနှင့် ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်မြင့်တက်လာ 

Thu, 09/29/2022 - 12:03 -- journal_editor

ကယားပြည်နယ်တွင်   အုန်းသီး ကို လွိုင်ကော်မြို့၊  မှုံပြာကျေးရွာ၊ ဘော် လခဲခရိုင် ရွာသစ်မြို့တို့တွင်    မိသားစု အပိုဝင်ငွေရရှိစေရေးအတွက်   တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြပြီး      ဒေသအတွင်း ထွက်ရှိသောအုန်းသီးကို      မြန်မာ့ရိုးရာ မုန့်များပြုလုပ်ရာတွင်    အသုံးပြုရန် အတွက်လည်းကောင်း၊      အုန်းသီးကို အုန်းဆီအဖြစ် ထုတ်လုပ်၍   ရောင်းချ ကြသည်။   ယခုနှစ်   စက်တင်ဘာလ အတွင်း ဖြစ်ပေါ်နေသော အုန်းသီးဈေး နှုန်းမှာ     အုန်းသီးအလုံးသေးတစ်လုံး လျှင် ၈၀ဝကျပ်၊ အုန်းသီးအလုံးကြီးတစ် လုံးလျှင် ၁၀ဝ၀ ကျပ်အထိရှိပြီး   ယခင် နှစ် စက်တင်ဘာလအုန်းသီးဈေးနှုန်းမှာ အုန်းသီးအလုံး သေးတစ်လုံးလျှင် ၅၀ဝ ကျပ်၊    အုန်းသီးအလုံးကြီးတစ်လုံးလျှင် ၈၀ဝ ကျပ်အထိသာရှိခဲ့ပြီး    ယခင်နှစ် နှင့် ယခုနှစ်ဈေးကွက်အတွင်း ဖြစ်ပေါ် နေသော အုန်းသီးဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် အုန်းသီးအလုံးသေးတစ်လုံး လျှင် ၃၀ဝ ကျပ်၊    အုန်းသီးအလုံးကြီး တစ်လုံးလျှင်   ၂၀ဝ ကျပ်အထိ ဈေးနှုန်း မြင့်တက်လာခဲကြောင်း၊   အုန်းသီးဈေး နှုန်းမြင့်တက်လာရခြင်းမှာ အုန်းသီးခူး ရာတွင် ဌားရမ်းရသည့် လုပ်သားခဈေး နှုန်း မြင့်မားလာခြင်းကြောင့်ဖြစ်သည် ဟု အုန်းသီးရောင်းချသူတစ်ဦးထံမှသိရ သည်။ယခုလက်ရှိ စက်တင်ဘာလတွင် ဈေးကွက်အတွင်း     ဖြစ်ပေါ်နေသော နှမ်းဆီဈေးနှုန်းမှာ    တစ်ပိဿာလျှင် ၁၃၀ဝ၀ ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ် လျက်ရှိပြီးယခင်သြဂုတ်လအတွင်း နှမ်း ဆီဈေးနှုန်းမှာတစ်ပိဿာလျှင် ၁၂၀ဝ၀ ကျပ်သာရှိပြီး   ယခင်လနှင့် ယခုလ နှိုင်းယှဉ်လျှင်  နှမ်းဆီတစ်ပိဿာလျှင် ၁၀ဝ၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာရ ခြင်းမှာ နှမ်းရိတ်သိမ်းရာတွင် ငှားရမ်း ရသည့်  လုပ်သားခ  ဈေးနှုန်းမြင့်မား လာခြင်း၊ သယ်ယူစရိတ်မြင့်မားလာခြင်း ကြောင့်ဖြစ်သည်ဟု    ဆီစက်လုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။ယခုစက်တင်ဘာလအတွင်း ဖြစ် ပေါ်နေသော နဂါးမောက်သီးဈေးနှုန်း မှာ နဂါးမောက်သီး  အလုံးသေးတစ်လုံး လျှင် ၆၀ဝ ကျပ်ခန့်ရှိပြီး နဂါးမောက်သီး အလုံးကြီးတစ်လုံးလျှင်  ကျပ် ၁၀ဝ၀ခန့် 
ဈေးနှုန်းမြင့်တက်နေကြောင်း၊   ယခင် သြဂုတ်လအတွင်း    ဈေးနှုန်းမှာ  နဂါး မောက်သီးအလုံးသေး    တစ်လုံးလျှင် ၅၀ဝ ကျပ်၊   နဂါးမောက်သီး အလုံးကြီး တစ်လုံးလျှင်   ၇၀ဝ ကျပ်ခန့်သာရှိခဲ့သည့် အတွက် ယခု စက်တင်ဘာတွင် နဂါး မောက်သီး  အလုံးသေး တစ်လုံးလျှင် ၁၀ဝ ကျပ်ခန့်၊  နဂါးမောက်သီး အလုံး ကြီး တစ်လုံးလျှင် ၃၀ဝ ကျပ်ခန့် မြင့် တက်လာသည်။ သယ်ယူစရိတ် မြင့်တက် လာခြင်းကြောင့်ဖြစ်သည်ဟု  နဂါးမောက် သီးရောင်းချသူတစ်ဦးက ဆိုသည်။စားဖိုဆောင်သီးနှံ    တစ်မျိုးဖြစ် သည့်  ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက်၊  မှုံပြာ၊ လင်ဖုံလေးကျေးရွာများမှ အများ ဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းလာသဖြင့် ဈေး ကွက် လိုအပ်ချက်အရ     ရှမ်းပြည်နယ် တောင်ပိုင်း    အင်းလေးဒေသဘက်မှ တင်သွင်းရောင်းချလျက်ရှိသည်။ ယခင်     သြဂုတ်လ  ဈေးကွက် အတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ   တစ် ပိဿာလျှင်   ကျပ် ၁၂၀ဝ၊ ၁၅၀ဝ ဈေး တို့ဖြင့် အရောင်းအဝယ်ဖြစ်လျကရှိပြီး ယခုလက်ရှိ    စက်တင်ဘာလပတ်တွင် တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ ဈေးရှိခဲ့ သည်။ ယခင်  သြဂုတ်လနှင့်   ယခု စက် တင်ဘာလ နှိုင်းယှဉ်လျှင်  တစ်ပိဿာ ကျပ် ၇၀ဝ ခန့်     ဈေးနှုန်းမြင့်တက်လာ သည်။    ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်း  စိုက်ပျိုးမှုလျော့နည်းခြင်း စက်သုံးဆီဈေးနှုန်းများမြင့်တက်လာ၍ သယ်ယူစရိတ် မြင့်မားလာခြင်းကြောင့် ဖြစ်သည်ဟု ခရမ်းချဉ်သီး  ရောင်းချသူ တစ်ဦးတစ်ဦးထံမှ သိရသည်။
ပိုးအိခိုင်၊
အေးအေးမော် (DOCA Kayah)