Main menu

Background

ဈေးကောင်းရနေသာ ချဉ်ပေါင်းဖူး

Mon, 11/28/2022 - 15:27 -- journal_editor

မိုးအကုန် ဆောင်းအကူးတွင်ပေါ်သော ရာသီပေါ်သီးနှံမျိုးစုံများရှိရာ ယခုလတ်တလောတွင် ချဉ်ပေါင်များ မြေလွတ်၊ မြေရိုင်းများနှင့် လယ်ကန်သင်းဘေးများတွင် စိုက်ပျိုးကြသည်။ တောင်သူအများစုက မိသားစုအပိုဝင်ငွေရရှိအောင် ဗမာချဉ်ပေါင်နှင့် အဖူးပါ စားသုံး၍ရသော   ဒေသအခေါ် ဘိလပ် ချဉ်ပေါင်များကို အများဆုံးစိုက်ပျိုးကြသည်။ 
အဖူးအခွံစိမ်းနှင့် အခွံနီ ချဉ်ပေါင်ဖူးဟူ၍အမျိုးအစား နှစ်မျိုးရှိရာ အစိမ်းရောင်အဖူးကို လူကြိုက်များပြီး  အရောင်းသွက်ကြောင်း၊  ဈေးနှုန်းမှာ ချဉ်ပေါင်ဖူးတစ်ပြည်လျှင်   ၁၀ဝ၀ ကျပ်ခန့်အထိ ရောင်းချနေရပြီး ယခင်နှစ် ချဉ်ပေါင်ဖူးဈေးနှုန်း မှာ  တစ်ပြည်လျှင် ၅၀ဝ ကျပ်သာ  ရောင်းချခဲ့ရကြောင်း၊ ချဉ်ပေါင်ဖူးများကို ခူးဆွတ်ပြီးအစေ့နှင့် အဖူးအခွံအဖြစ်  ပြန် လည်ခွဲထုတ်ပေးရပါသည်။ တစ်ပြည်လျှင်ခွာခ ၁၀ဝ ကျပ်ပေး ရသည်။ ချဉ်ပေါင်အပင်ပေါ်မူတည်၍ ချဉ်ပေါင်အထွက်နှုန်း ကွာခြားကြောင်း၊ ချဉ်ပေါင်ဖူးများကို   နီးစပ်ရာမြို့များနှင့် ပတ်ဝန်းကျင်ရွာများမှ လာရောက်ဖောက်သည်ယူ၍ တစ်ဆင့် ပြန်လည် ရောင်းချကြသည်။
ချဉ်ပေါင်ဖူးကို   အချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ မြေပဲဆန်၊ ငရုတ်သီးလေးများဖြင့်ရော၍ထောင်းစားလျှင် ခံတွင်းကို  မြိန်စေပြီး  မိုးတွင်းအတွက် ချဉ်ပေါင်ဖူးများကို အခြောက်လှန်း၍ သိမ်းဆည်းထားတတ်ကြသည်။ 
ချဉ်ပေါင်ဖူးအခြောက်ကို ထန်းလျက်ဖြင့်ရော၍ ကျိုပြီး ချဉ်ပေါင်ယိုအဖြစ်လည်း   ထိုးကြသည်။   ချဉ်ပေါင်ယိုများကို အညာဒေသများတွင် သရေစာအဖြစ်လည်း စားသုံးကြသည်။ မြေလွတ်၊မြေရိုင်းများတွင် စိုက်ပျိုးသော  ချဉ်ပေါင်ပင်များမှ အဖူး၊အရွက်များ  ခူးယူကာ ရောင်းချရသောကြောင့် တောင် သူများအတွက် အပိုဝင်ငွေတိုးစေသည်။
မျိုးမင်းသန်း