Main menu

Background

ကသာမြို့ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်

Tue, 01/03/2023 - 14:46 -- journal_editor

ကသာမြို့နယ်ဒေသတွင်း ခရမ်းချဉ်သီးများကို အောက်တိုဘာလနှင့် နိုဝင်ဘာလ ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ရှိသည်။ ယခုအခါ မြို့နယ်တွင်းသို့ အခြားဒေသမှ ခရမ်းချဉ်သီး ဝင်ရောက်မှုများနည်းပါးလာပြီး ပြည်သူများအနေဖြင့် ဒေသတွင်းမှထွက်ရှိသော ခရမ်းချဉ်သီးများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။

စတင်ထွက်ရှိချိန် ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် အလုံးအကြီး/ အသေးပေါ်မူတည်၍ ကျပ် ၁၈၀ဝမှကျပ်၁၆၀ဝခန့်အထိရှိပြီး ဒီဇင်ဘာလ တတိယပတ်တွင် ဒေသထွက် ခရမ်းချဉ်သီးများ ပိုမိုထွက်ရှိလာသည့်အတွက် ခရမ်းချဉ်သီး လက်လီတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ မှ ကျပ် ၁၀ဝ၀ ဖြင့် ရောင်းချလျက်ရှိသည်။ ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျပ် ၈၀ဝ မှ ကျပ် ၆၀ဝ ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဒေသတွင်း ထွက်ရှိသော ခရမ်းချဉ်သီးများအပြင် ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကလည်း ရေလမ်းကြောင်းဖြင့် ကသာမြို့ ခရမ်းချဉ်သီးအဝယ်ဒိုင်များသို့ နေ့စဉ်ပိဿာ ၁၅၀ဝ၀ခန့် လာရောက်ရောင်းချလျက်ရှိပြီး လက်ကားတစ်ပိဿာလျှင် အလုံး အကြီး/အသေးအပေါ် မူတည်၍ ကျပ် ၆၀ဝ မှ ကျပ် ၄၀ဝ ခန့်ရှိကြောင်း၊ ခရမ်းချဉ်သီးတင်ပို့မှုအနေဖြင့် ကသာမြို့မှ မန္တလေးမြို့၊ ရွှေဘိုမြို့များသို့ နေ့စဉ် ပိဿာ ၁၀ဝ၀ဝ ခန့် ကုန်ကားများဖြင့် တင်ပို့လျက်ရှိကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရသည်။

အေးမွန်သန့်(ကသာ)