Main menu

Background

ရာသီပေါ် ထိုင်ဝမ်ဆီးသီးများ ဈေးကောင်းရရှိ

Thu, 01/19/2023 - 15:21 -- journal_editor

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေး ၊ မွေးမြူရေးကို အဓိက ထား လုပ်ကိုင်ကြသော်လည်း ဒေသခံ တောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော ဆီးပင်စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း   ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများ အပြား စိုက်ပျိုးလျက်ရှိသည်။
တောင်သူအများစုသည် ဆီးပင်စိုက်ပျိုးရာတွင် အလုံးကြီးပြီး အရည်အသွေး ကောင်းမွန်၍ အရသာရှိသော ထိုင်ဝမ် ဆီးသီးများကိုသာ အများဆုံးစိုက်ပျိုးလာ ကြကြောင်း၊ ဆီးပင် စိုက်ပျိုးရာတွင် ဆီးအချဉ်ပင်မှ အချိုပင်ဖြစ်အောင် ကိုင်းကူး၍ ပြန်လည်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင် ၁၅ပေခြား စိုက်ပျိုးကြကြောင်း၊ တစ်ဧက ပျိုးပင် ၁၀ဝ စိုက်ပျိုးရပြီး စတင်စိုက်ပျိုးသည့်အချိန်မှ ၂-၃ နှစ်ခန့်အကြာတွင် ဆီးသီးများ စတင်ခူးဆွတ်ရသည်။
ထိုင်ဝမ်ဆီးသီးများကို နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် လှိုင်လှိုင် ထွက်ပေါ်နေပြီး တစ်ပတ်ခူးဆွတ်မှုအနေဖြင့် ၁၀ပြည်ပါ ၂၅ ဖာ မှ ဖာ ၃၀ အထိ ရရှိပြီး ယိုစုံလုပ်ငန်းရှင်များကလည်း ဆီးခြံအထိ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ ဖောက်သည်ဈေးအနေဖြင့် ဆီးသီး ၁၀ပြည်ပါ တစ်ဖာလျှင် အလုံး အကြီးအသေး ပေါ် မူတည်၍ ကျပ် ၉၀ဝ၀ မှ ၁၂၀ဝ၀ အထိ ဈေးရှိပြီး လက်လီဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ဆီးသီးတစ်ပြည်လျှင် အလုံးကြီး ၁၅၀ဝကျပ်၊ အလုံးသေး၁၀ဝ၀ ကျပ် ဈေးတို့ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ယခုနှစ်တွင် ထိုင်ဝမ်ဆီးသီးများအထွက်နှုန်း ကောင်းမွန်သည့်အပြင်အရောင်း အဝယ်သွက်၍ ဈေးကောင်းရရှိနေသည်ဟု ဆီးသီးစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။                                        

စိုးလွင်