Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Mon, 01/30/2023 - 15:47 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေး ၌ ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီး ဝလံဈေးနှုန်းများမှာ ပြည်မှ ဆီးသီး (အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါ ကျပ် ၁၃၀ဝ၀၊ ဆင်ဖြူကျွန်း မှ  ဆီးသီး (စလေ)အလုံးကြီးတစ်ခြင်း ရှစ်ပြည်ပါ ကျပ်  ၁၂၀ဝ၀၊ တွံတေး မှ သခမသီး  အလုံးကြီးတစ်ခြင်း ၁၅ လုံးမှ ၁၈ လုံးပါ ကျပ် ၁၈၀ဝ၀၊  အလုံးလတ် ၂၀ လုံး မှ ၂၅ လုံးပါ   ကျပ် ၁၇၀ဝ၀၊ အလုံးသေး ၆၀ လုံးမှ  ၇၀ လုံးပါ   ကျပ် ၁၅၀ဝ၀၊   ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥ  အလုံးကြီး  တစ်တွဲ ကျပ် ၈၀ဝ၊ အလုံးလတ် ကျပ် ၇၀ဝ ၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံး ကြီး ကျပ် ၂၅၀ဝ၊ အလုံးလတ် ကျပ် ၁၅၀ဝ၊ ခရမ်း၊ မတ္တရာ၊ တောင်ငူမှ ဖရဲသီး (၈၅၅)အလုံးကြီး ကျပ် ၈၀ဝ၀၊ အလုံးလတ် ကျပ် ၆၀ဝ၀ ၊ အလုံးသေး ကျပ် ၄၀ဝ၀ မှ ၃၀ဝ၀ ဖြစ်သည်။
အလားတူ သာယာဝတီ၊ ဝေါ၊ ခရမ်း မှ ဖရဲသီး (၂၁၁) အလုံးကြီး ကျပ် ၄၅၀ဝ၊ အလုံးလတ် ကျပ် ၃၀ဝ၀ ၊ အလုံးသေး ကျပ် ၂၀ဝ၀ မှ ၁၀ဝ၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀ဝ၊ အလုံးလတ် ကျပ် ၄၀ဝ၊ အလုံးသေး ကျပ် ၃၀ဝ မှ ၂၀ဝ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀ဝ၊ အလုံးလတ် ကျပ် ၁၂၀ဝ၊ အလုံးသေး ကျပ် ၁၀ဝ၀ မှ ၈၀ဝ၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀ဝ၀ မှ ၂၅၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀ မှ ၁၅၀ဝ၊ အလုံးသေး ကျပ် ၁၀ဝ၀ မှ ၈၀ဝ၊  ၅၀ဝ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ်ခြင်း ငါးပိဿာပါ ကျပ် ၄၀ဝ၀ဝ ဈေးတို့ရှိကြောင်း သီရိ မင်္ဂလာဈေးရှိ  မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)  မှ သိရှိရသည်။
STDT (Yangon)