Main menu

Background

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Mon, 02/13/2023 - 13:47 -- journal_editor

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) ၄၅ ပိဿာတစ်အိတ်လျှင်   ဖေဖော်ဝါရီ ၁ ရက်တွင် ကျပ် ၂၉၀ဝ၀ဝ ဖြစ်ပြီး  ၇ ရက်တွင်  ကျပ် ၂၈၀ဝ၀ဝ  ဖြစ်၍ ကျပ် ၁၀ဝ၀ဝ ဈေးလျော့ခဲ့ကြောင်း၊ နှမ်းဖြူတစ်အိတ် ယခင်တစ်ပတ် ကျပ် ၂၆၀ဝ၀ဝ ဖြစ်ပြီး ယခု တစ်ပတ်တွင် ကျပ် ၂၆၀ဝ၀ဝ၊ နှမ်းပြာတစ်အိတ်လျှင် ယခင်တစ်ပတ်က ကျပ် ၂၄၀ဝ၀ဝ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၂၄၀ဝ၀ဝ၊ နှမ်းနီတစ်အိတ်လျှင် ယခင်တစ် ပတ်က ကျပ် ၂၅၀ဝ၀ဝ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၂၅၀ဝ၀ဝ ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့် ၄၅ပိဿာ ဝင်အိတ်ဖြင့် နှမ်းနက် (စမုံ) ၅၈၀ အိတ်၊ နှမ်းပြာ  ၁၄၀ အိတ်၊ နှမ်းနီ ၉၀ အိတ်နှင့်၊ နှမ်းဖြူ  ၆၅ အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များ ထံမှ သိရှိရသည်။
ပဲမျိုးစုံဈေးကွက်တွင် ၂၀ ပိဿာတစ်တင်းလျှင် ကုလားပဲ(HL)တစ် အိတ်လျှင် ယခင်တစ်ပတ်တွင် ကျပ် ၆၄၀ဝ၀ ဖြစ်ပြီး ယခုတစ်ပတ်တွင်လည်း ကျပ် ၆၄၀ဝ၀ ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ဗိုလ်ကိတ်ပြာ (ဆောင်း သစ်) တစ်အိတ်လျှင် ယခင်တစ်ပတ်တွင် ကျပ် ၄၃၅၀ဝ  ဖြစ်ပြီး ယခုတစ်ပတ် တွင် ကျပ် ၄၈၀ဝ၀  ဖြစ်၍ ကျပ် ၄၅၀ဝ ဈေးမြင့်ခဲ့ကြောင်း၊ ပဲတီစိမ်းမှာ တစ် အိတ်လျှင် ယခင်တစ်ပတ်တွင် ကျပ်  ၅၆၀ဝ၀ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၅၇၀ဝ၀ ဖြစ်၍ ကျပ် ၁၀ဝ၀ ဈေးမြင့်ခဲ့ကြောင်း၊ ပဲစင်းငုံ (နီ) တစ်အိတ် လျှင် ယခင်တစ်ပတ်တွင် ကျပ် ၆၀၂၀ဝ  ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၆၀၈၀ဝ ဖြစ်၍ ကျပ် ၆၀ဝ ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲတစ်အိတ်လျှင် ယခင် တစ်ပတ်တွင် ကျပ် ၅၆၀ဝ၀  ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ်  ၅၉၀ဝ၀ ဖြစ်၍ ကျပ် ၃၀ဝ၀ စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ် ပမာဏ အနေဖြင့် ၃၀ ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း ၇၀ဝ အိတ်၊ ပဲစင်းငုံနီ ၁၁၀ဝ အိတ်၊ မတ်ပဲ  ၉၀ အိတ်၊ ကုလားပဲ (HL) ၂၂၀ အိတ်နှင့် ဗိုလ်ကိတ်(ပြာ)  ၂၀ဝ အိတ် အရောင်းအဝယ်ရှိကြောင်း သိရှိရသည်။
မြေပဲလုံးဆန်(နီ)မှာ တစ်ပိဿာလျှင် ယခင်တစ်ပတ်တွင် ကျပ်  ၆၅၀ဝ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၇၀ဝ၀ ဖြစ်၍ ကျပ် ၅၀ဝ ဈေးမြင့်ခဲ့ ကြောင်း၊ မြေပဲလုံးဆန်(ဖြူ) ယခင်တစ်ပတ်တွင် ကျပ် ၅၈၀ဝ  ဖြစ်ပြီး ယခု တစ်ပတ်တွင် ကျပ် ၆၃၀ဝ ဖြစ်၍ ကျပ် ၅၀ဝ ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့် အစိုမှာ တစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ် ၂၂၀ဝ၀ ဖြစ်ပြီး ယခု တစ်ပတ်တွင် ကျပ် ၂၂၀ဝ၀ ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်း အဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆန်(ဖြူ)(၃၀)ပိဿာဝင်  အိတ် ၂၅၀၊ မြေပဲလုံးဆန်(နီ)  ၁၀ဝ အိတ်နှင့် မြေပဲတောင့်အစို ၈၀ဝ  တင်းခန့် အရောင်း အဝယ်ရှိခဲ့ကြောင်း သိရှိရသည်။
ဝါသီးနှံဈေးကွက်မှာ  တစ်ပိဿာလျှင် ယခင်တစ်ပတ်တွင် ကျပ် ၃၀ဝ၀ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၃၁၀ဝ  ဖြစ်၍ ကျပ်၁၀ဝ ဈေးမြင့် တက်ခဲ့ပြီး  ဝါပိဿာချိန် ၂၅၀ဝ၀ ပိဿာခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရသည်။                                          

ရီရီထွေး