Main menu

Background

ညောင်တုန်းမြို့နယ် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းနေ

Fri, 03/31/2023 - 12:54 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နေသော ဒေသတစ်ခု ဖြစ်သည်။ ထို့ပြင် ညောင်တုန်းမြို့နယ်နှင့်  အနီးအနားမြို့များ ဖြစ်သည့် ပန်းတနော်၊ ဓနုဖြူ၊  မအူပင်၊ ဝါးခယ်မ၊ ဇလွန်၊ ဟင်္သတမြို့များထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌလည်းဖြစ် "ခင်" ငရုတ်ရောင်းဝယ်ရေး ပိုင်ရှင်လည်းဖြစ်သည့်   ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။ 
စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် ဦးအောင်လွင်နှင့်  ဝန်ထမ်းများသည် ဒီဇင်ဘာလ တတိယပတ်တွင် ငရုတ်စိုက်ပျိုးထုတ်လုပ်မှုအား ကွင်းဆင်းလေ့လာစိစစ်ခဲ့သည်။ ငရုတ်စိုက်ပျိုး ရောင်းဝယ်ရေးခြံတွင် စိုက်ပျိုးထုတ်လုပ်သော ငရုတ်မျိုးများမှာ မိုးထောင်နှင့် အောက်ဆွဲမျိုးများ ဖြစ်ပြီး ရောင်းချသော မျိုးစေ့ဖြင့် တွက်ချက်ပါက စိုက်ပျိုးမှု ခန့်မှန်းဧက ၃၀ဝ၀ နှင့် ၃၅၀ဝ ဧကကြား စိုက်ပျိုးထုတ်လုပ်ကြောင်း သိရှိရသည်။
ငရုတ်မျိုးများကို မျိုးစေ့စတင်စိုက်ပျိုးသည်မှ ခူးဆွတ် ရိတ်သိမ်းနိုင်သည့်အချိန်အထိ  တစ်ဧက လျှင် ကျပ် ၂၅ သိန်းခန့် ကုန်ကျနိုင်ပြီး  ခူးဆွတ်ချိန် လေးလအတွင်း တစ်လ နှစ်ကြိမ်နှုန်းဖြင့် ရှစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း သိရသည်။
ငရုတ်သီးများကို တစ်ကြိမ်ဆွတ်ခူးပြီးတိုင် အပင်အားဆေး၊ အသီးအားဆေး၊ သွင်းအားစုများ ကို စနစ်တကျအသုံးပြု ဆောင်ရွက်ရပြီး ငရုတ်သီးခူးပြီးတိုင်း ဆောင်ရွက်ရသဖြင့် ခူးဆွတ်ပြီး သွင်းအားစု အသုံးပြုမှု ခန့်မှန်းကုန်ကျစရိတ်မှာ ၂၈ သိန်းခန့်ရှိကြောင်း ထပ်မံ ရှင်းပြသည်။ 
လေးလအတွင်း ခူးဆွတ်ပြီး   ငရုတ်သီးအစို ပိဿာ ၄၀ဝ၀ခန့် ရရှိပြီး အစိုတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ နှုန်းဖြင့် ရောင်းချရပြီး ကျပ်သိန်း ၈၀ ခန့် ရရှိသဖြင့် တစ်ဧက ကျပ်သိန်း ၃၀ ခန့် အကျိုးအမြတ်ရရှိကြောင်း ငရုတ်အသင်းဥက္ကဋ္ဌ ဦးဌေးဝင်း၏ ပြောပြချက်အရ သိရသည်။

 CONSUMER(MT)