Main menu

Background

မြန်မာနိုင်ငံဆိုင်ရာ Embassay of the people's Republic of China Economic and Commercial Counsellor Tan Shufu နှင့် တွေ့ဆုံမေးမြန်းခြင်း

Tue, 02/28/2023 - 14:02 -- journal_editor

မြန်မာနှင့် တရုတ်နိုင်ငံ နယ်စပ်တွင် မူဆယ်(၁၀၅)မိုင်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည် စသည့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကုန်သွယ်လျက်ရှိသည်။ ရှမ်းပြည် နယ် (မြောက်ပိုင်း)တွင် တည်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးစခန်းဖြစ်ပြီး မူဆယ်အပါအဝင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ တစ်ဆင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်၊ ကုန်ခြောက် သစ်သီးဝလံနှင့် စိုက်ပျိုးရေးပစ္စည်းများအား အဓိကထားတင်ပို့သလို တရုတ်နိုင်ငံမှလည်း  လယ်ယာသုံး စက်ကိရိယာ၊ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးအမျိုးမျိုးတို့အား ပြန်လည်တင်သွင်းလျက်ရှိသည်။ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားချိန်တွင်မူ တရုတ်နိုင်ငံ၏ ကိုဗစ်စည်းမျဉ်းစည်းကမ်း များအကြား နှစ်နိုင်ငံကုန်သွယ်ရေး နှောင့်နှေးကြန့်ကြာမှုများ  ရှိခဲ့သည်။ သို့သော်  ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးဂိတ်များ အပါအဝင် လူဝင်၊ လူထွက်  ဂိတ်များကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် တရုတ်နှစ်သစ်ကူးကာလအပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အခြေအနေ ပြန်လည်ကောင်းမွန်လျက်ရှိသည်။ သို့ဖြစ်ရာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ Embassy of  the People’s  Republic of  China မှ  Economic & Commerical Counsellor Tan Shufu  နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေ ပြောပြပေးပါဦး။
တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေး ရှေ့ ဆက်အလားအလာအများကြီး ကောင်းပါတယ်။ ကုန်သွယ်တဲ့နေရာမှာလည်း အားသာချက်တွေ အများကြီးရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ပထဝီ ဝင်ဆိုင်ရာလည်း ဆက်စပ်နေပါတယ်။ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးလည်း ကာလကြာရှည် စွာ တည်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ဈေးကွက် ကလည်း အရမ်းကြီးမားပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံရဲ့ အရည်အသွေးမြင့်မားတဲ့ လယ် ယာထွက်ကုန်က တရုတ်ဈေးကွက်ကို ဝင်ရောက် ဖို့ တရုတ်နိုင်ငံအစိုးရအနေနဲ့ ကြိုဆိုဖိတ်ခေါ် ပါတယ်။ မြန်မာနိုင်ငံထဲ တရုတ်နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုဈေးကွက်က  ကြီးမားပါတယ်။ ရင်းနှီး မြှုပ်နှံတဲ့အခါမှာလည်း  တရုတ်နိုင်ငံရဲ့ ကုန် ပစ္စည်းတွေကို မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲကို ဝင်ရောက်တဲ့အတွက် အလုပ်အကိုင် အခွင့် အလမ်းများစွာ ဖန်တီးနိုင်ပါတယ်။ အဲဒါကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးဟာ အားသာမှုရှိတယ်လို့ ပြောနိုင်ပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေ ဘယ်လိုရှိနေပါသလဲ။
တရုတ်နိုင်ငံရဲ့  စာရင်းအရ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးပမာဏ ၂၀၂၂ ခုနှစ် မှာ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆ သန်းရှိပြီး ပြီးခဲ့တဲ့ အလားတူကာလထက် ၃၅ ဒသမ ဝ၅ ရာခိုင်နှုန်း  တိုးမြင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တင်ပို့သော ပို့ကုန်ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၆၂ သန်းရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလထက် ၄၁ ဒသမ ၁၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနေ နဲ့ အာဆီယံနဲ့ ကုန်သွယ်မှုဟာလည်း  တိုးတက် လျက်ရှိပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံကုန် သွယ်ရေးပမာဏက တရုတ်-အာဆီယံ  ကုန် သွယ်ရေးပမာဏရဲ့  ၂ ဒသမ ၅၈ ရာခိုင်နှုန်း ရှိပါ တယ်။ အဆင့် (၇)နေရာမှာ တည်ရှိပါတယ်။တရုတ်နိုင်ငံ က  မြန်မာနိုင်ငံကို အဓိကပို့ကုန်ဟာ စက်မှုကုန်ချောပစ္စည်းပါတယ်။  အဓိကသွင်းကုန် ဟာ လယ်ယာထွက်ကုန်ပစ္စည်း၊   မွေးမြူရေးထွက် ကုန်ပစ္စည်းနဲ့ သတ္တု၊ သစ်တော ထွက်ကုန်ပစ္စည်း တွေ ဖြစ်ပါတယ်။  နယ်စပ်ကုန်သွယ်ရေးမှာ ဆိုရင် မြန်မာဘက်က အချက်အလက်တွေအရ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ နှစ်နိုင်ငံကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃၂၄ ရှိပြီး အဲဒီထဲကမှ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ပို့ကုန်ပမာဏဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံ  ဖြစ်ပါတယ်။ သွင်းကုန်ပမာဏဟာ    အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရှိပါတယ်။  မြန်မာနိုင်ငံက နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့်  တရုတ်နိုင်ငံကို အဓိကပို့ကုန်ဟာ ကျောက်စိမ်းအမျိုးမျိုး၊ ဖရဲသီး၊ သခွားမွှေး၊ သရက်သီး၊ ပြောင်း၊ နာနတ်  စတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ  ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စက်မှုကုန်ပစ္စည်းကို တရုတ်နိုင်ငံ ရဲ့ ဈေးကွက်ထဲ ပိုမိုများပြားစွာ ဝင်ရောက်ဖို့ ယုံကြည်ပါတယ်။  မြန်မာနိုင်ငံရဲ့ သွင်းကုန်၊ ပို့ကုန်ပေါ်လစီတွေကို ပိုမိုကောင်းမွန်စွာ၊အဆင် ပြေစွာချမှတ်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားငွေထုတ်ယူခြင်း၊  ဒါမှမဟုတ် ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း စတဲ့ ကဏ္ဍ မှာ ပိုမိုချော့မွေ့စေဖို့  တွန်းအားပေးရမှာဖြစ်ပါ တယ်။

ကိုဗစ်(၁၉) ကြောင့်ပိတ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေပြန်ဖွင့်ပြီးနောက် ကုန်သွယ်ရေး အခြေအနေ ဘယ်လိုရှိနေပါသလဲ။
တရုတ်နိုင်ငံက ဇန်နဝါရီလ ၈ ရက်မှာ ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ရေးပေါ်လစီ   နည်းနည်း လျှော့ချပြီးတော့  တရုတ်-မြန်မာ  နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပေးခဲ့ပါ တယ်။  မူဆယ်-ရွှေလီ  ကုန်သွယ်ရေးစခန်းရဲ့ လူဝင်လူထွက်နဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင် ရေး စတဲ့ဟာတွေ  ပြန်ဖွင့်လှစ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ဇန်နဝါရီ ၁၃ ရက်နေ့ မှာ ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်ရေးလုပ် ဆောင်နိုင်ဖို့ ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။  ၂၅ ရက်မှာ မြန်မာနိုင်ငံဘက်က လူဝင်လူထွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။   နှစ်နိုင်ငံရဲ့ ကုမ္ပဏီများကလည်း   ကုန်သွယ်ရေးစခန်းရဲ့ ထိန်းချုပ်ရေး ပေါ်လစီ ပြောင်းလဲခြင်းကိုလည်း တော်တော်များများ ဝမ်းသာပါတယ်။ ဒီနှစ်ပိုင်း မှာ နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုအရှိန်အဟုန်မြင့် လာမယ်လို့ ယုံကြည်ပါတယ်။ ကိုဗစ်(၁၉) ကာ ကွယ်ထိန်းချုပ်ရေးပေါ်လစီ နည်းနည်းလျှော့ချ လိုက်ပြီးနောက်  နှစ်နိုင်ငံကုန်သွယ်ရေး အရှိန် အဟုန် ပိုပြီးမြင့်လာမယ်လို့ ထင်ပါတယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ကုန်သွယ်ရေးလုပ်တဲ့အခါမှာ သယ်ယူပို့ဆောင် ရေး၊ လုံခြုံရေး အလေးထားရပါတယ်။အထူး သဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့ အခါမှာ ပေါ့။  အဲလိုလုပ်ကိုင်တဲ့နေရာမှာ အခက်အခဲ လေးတွေရှိပါတယ်။ နယ်စပ်စခန်းနဲ့ ကုန်သွယ် ရေးဟာ ချောမွေ့တဲ့လမ်းကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့   နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့နေရာမှာ အဖွဲ့အစည်းတချို့ကို အခွန်ပေးရတာမျိုးလည်း ရှိလို့  တရုတ်-မြန်မာ  ကုန်သွယ်ရေးကုမ္ပဏီ များက ထိုင်းနိုင်ငံမှတစ်ဆင့် ကုန်ပစ္စည်းကုန် သွယ်ရေးလုပ်ရပါတယ်။    ဒါမှမဟုတ် လေ ကြောင်းလိုင်းနဲ့  ကုန်သွယ်ရေး  လုပ်ရတယ်။မီးရထားလမ်း     သယ်ယူပို့ဆောင်ရေးလမ်း ကြောင်းကို ပိုမိုလျင်မြန်စွာ တွန်းအားပေးရမှာ ဖြစ်ပါတယ်။  မီးရထားလမ်းနဲ့ ကုန်သွယ်ရေး လုပ်ရင် ကုန်းလမ်းနဲ့ ကုန်သွယ်ရေးလုပ်တာထက် ပိုမိုအဆင်ပြေစေတယ်လို့  ယုံကြည်နိုင်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ တရုတ်ကုမ္ပဏီတွေက မီးရထားလမ်းနဲ့ တရုတ်နိုင်ငံက  မြန်မာနိုင်ငံရဲ့  ရန်ကုန်မြို့ကို သယ်ယူပို့ဆောင်ရေး လုပ်နိုင် တယ်လို့ စဉ်းစားပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့  လုပ်ဆောင်တဲ့အခါမှာ မီးရထားလမ်း နဲ့  အဆင်မပြေခဲ့ပါဘူး။  ကားလမ်းကိုပဲ အဓိက အသုံးပြုရပါတယ်။

တိဗ္ဗ