Main menu

Background

အလှူ့အမ စီအီးအို ဒေါ်သီရိအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

Tue, 06/20/2023 - 16:13 -- journal_editor

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံးပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စား လုပ်ငန်းများ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ထဲ တွင် လက်ဖက်ခြောက်၊ လက်ဖက်စို၊ လက်ဖက်စိမ်းများအပြင် စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်း အလှူ့အမ စီအီးအို ဒေါ်သီရိအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
အလှူ့အမ လုပ်ငန်းအနေနဲ့  ဈေးကွက်ထဲ ဘယ် လိုထုတ်ကုန်တွေ ဖြန့်ဖြူးနေပါသလဲ။
အလှူ့အမမှာ နှစ်ပိုင်းထုတ်ပါတယ်။တစ်ပိုင်းက တော့ လက်ဖက်စိမ်းပါ။  သုံးမျိုးထုတ်ပါတယ်။ လက်ဖက်ဆိုလို့ရှိရင်လည်း ချဉ်စပ်နဲ့ အဆိမ့်နဲ့ ထုတ်ပါတယ်။  နောက်တစ်ပိုင်းကတော့ မီးဖို ချောင်သုံး ပစ္စည်းတွေနဲ့ တစ်ခါတည်း ချက်ပြုတ် လို့ရတဲ့ဟာတွေဖြစ်တဲ့ ကြက်သွန်ဖြူမှုန့်၊ နနွင်း မှုန့်၊ ငရုတ်ကောင်းမှုန့်၊  ချင်းမှုန့်၊ စပါလင်မှုန့်တွေ ထုတ်ပါတယ်။

ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ကုန်ကြမ်းတွေကို ဘယ်ဒေသက အဓိကရယူပါသလဲ။
ထုတ်ကုန်တွေအကုန်လုံးကတော့ ရှမ်းပြည်နယ် ပင်းတယမြို့ကနေပြီးတော့  အဓိကရတာပေါ့။ ပင်းတယကတော့  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပေါ့။ အဲဒီဒေသမှာဆိုလို့ရှိရင် ရွာပေါင်း များစွာရှိတယ်။ အဲထဲမှာမှ လက်ဖက်စိမ်းဆိုရင် ရွာတွေအများကြီးကို သွားရောက်လေ့လာပြီး အဲထဲကမှ  အနံ့ကလည်း ထူးခြား၊ အရသာက လည်း ထူးခြားတဲ့ လက်ဖက်ထုတ်လုပ်တဲ့ဒေသ သုံးခုက နေပြီးတော့ ပထမဦးဆုံး လက်တွဲပြီး ထုတ်လုပ်လျက်ရှိပါတယ်။ အဲဒေသတွေကဆို ရင် ထင်းရှူးကုန်းရွာ၊ ကြေးတွင်းကုန်းရွာ၊ ဆီးကျ အင်းရွာ ဒီထဲမှာ ထူးခြားတာဆိုရင် ဆီးကျအင်း ရွာကတော့ ပင်လယ်ရေမျက်နှာပြင် ပေ ၅၀ဝ၀ အထက်မှာရှိတယ်။ ဆီးနှင်းတွေ အမြဲတမ်းကျ နေလို့ ရွာနာမည်ကိုက ဆီးကျအင်းရွာလို့ ခေါ် တာပေါ့။  အဲဒီအတွက် ထုတ်ကုန်တွေကိုလည်း ဆီးကျအင်းရွာလေးကပဲ  အဲကထွက်တဲ့ လက် ဖက်စိမ်းကိုပဲ ထုတ်တာဖြစ်ပါတယ်။ထူးခြားချက် ကတော့ အဲရွာမှာရှိတဲ့ စိုက်ခင်းတွေက နှစ်ပေါင်း ၁၃၀ ကျော်ပြီ။ အဲရွာက စိုက်ခင်းတွေက နှစ် သက်တမ်းကြာမြင့်တဲ့အတွက်  လူအရပ်ထက် ပိုမြင့်တယ်။ လက်ဖက်ရာသီရောက်လို့ လက် ဖက်ခူးမယ်ဆိုလို့ရှိရင်  လက်ဖက်အပင်ပေါ်ကို တက်ပြီးတော့မှ  အပေါ်က အညွန့်လေးတွေကို ခူးရတာပေါ့။ ဆိုတော့ ပင်လယ်ရေမျက်နှာပြင် ပေ ၅၀ဝ၀ အထက်မှာလည်းရှိတဲ့အတွက် အဲဒီ အရွက်လေးတွေက အောက်ဆီဂျင်ဓာတ်အရမ်း ြွကယ်ဝတယ်။ မိုင်နိုအက်စစ်နဲ့ ဂလူးကို့စ်ဓာတ် လည်းပိုပြီးတော့များတယ်။ အဲလိုများတဲ့အတွက် အရသာလည်း   ပိုပြီးတော့ ကောင်းတယ်။ ကျန်း မာရေးအတွက်လည်း အများကြီး အထောက် အကူဖြစ်စေတယ်။  ကျန်တဲ့  ထုတ်ကုန်တွေ အကုန်လုံးကလည်း   ပင်းတယကနေထွက်တဲ့ ဓာတ်မြေသြဇာတွေသုံးပြီးမှ စိုက်ထားတဲ့ စိုက် ခင်းတွေမဟုတ်ဘဲနဲ့  တောင်သူတွေနဲ့ သေချာ ဆွေးနွေးပြီးတဲ့အခါကျတော့   သူတို့တွေက အော်ဂဲနစ်လို့ ပြောရအောင်လည်း အော်ဂဲနစ်ရဲ့ နည်းပညာတွေနဲ့ လုပ်ထားတာ  မဟုတ်ဘူး။ လုံးဝဓာတ်မြေသြဇာ  မသုံးတဲ့ စိုက်ခင်းတွေက နေပြီးတော့ တောင်သူတွေနဲ့  ပူးပေါင်းပြီးတော့ ထုတ်ကုန်တွေကို ထုတ်လုပ်တာဖြစ်ပါတယ်။

အလှူ့အမအနေနဲ့ ပြပွဲတွေမှာ ဝင်ရောက်ပြသ တာမျိုးရှိပါသလား။
ထုတ်ကုန်တွေကို Myanmar Women Network ကနေပြီးတော့ ပြုလုပ်တဲ့ ပြပွဲတွေမှာ လိုက်ပြတာ ရှိတယ်။ ဂျန်းရှင်းစီးတီးတို့၊  ဂျန်းရှင်းစကွဲတို့ ရှော့ပင်းမော်လ်တွေမှာ ပြသတာအပြင် အခြားသော  Event  တွေမှာ ထုတ်ကုန်တွေကို ဝင်ရောက်ပြသတာတွေရှိပါတယ်။
အသေးစား၊ အလတ်စားလုပ်ငန်းတွေအနေနဲ့ လတ်တလော ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
အခုက အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဆိုတဲ့အခါကျတော့  ဈေးကွက်ရဖို့အတွက် ခက်တာပေါ့။ အရင်တုန်းကဆိုလို့ရှိရင် ဈေးကွက်ရဖို့အတွက်က နည်းလမ်းတွေက တော်တော်များများရှိတယ်။ ကုမ္ပဏီကြီးတွေဆိုရင် နာမည်ကြီးမှု ကိုအသုံးပြုပြီး ဈေးကွက်ရအောင် လုပ်မလား။ ဒါမှမဟုတ် တယ်လီဗေးရှင်းတွေကနေ လုပ်မလား။ Billboard တွေထောင်ပြီး လုပ်မလား။ ဒါပေမဲ့  အသေးစား၊ အလတ်စားလုပ်ငန်းတွေ ကျတော့ ဖေ့စ်ဘွတ်ခ်ပလက်ဖောင်းတစ်ခုပဲ ဈေးကွက်ရတာပါ။ ဈေးအသက်သာဆုံးနဲ့ လူ တွေသိအောင်လုပ်လို့ရတာ ဖေ့စ်ဘွတ်ခ်ပလက် ဖောင်းတစ်ခုပဲရှိတယ်ဆိုတော့ အဲပလက်ဖောင်း တစ်ခုကိုပဲ အားကိုးနေရတဲ့အတွက် ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ရဖို့အတွက်ကတော့ အကန့်အသတ် ရှိနေတယ်လို့ ပြောရမှာပေါ့နော်။ ဒါပေမဲ့  ကျေးဇူးတင်ဖို့  ကောင်းတာကတော့ Myanwen  လို အဖွဲ့အစည်းတွေကနေ ပြီးတော့ အသေးစား၊ အလတ်စားတွေကို ကူညီတဲ့အနေနဲ့ ဈေးကွက်တွေမှာ ပြပွဲတွေမှာ ဖွင့်ခွင့်ပေးတဲ့အတွက်ကြောင့်မို့ စားသုံးသူတွေနဲ့ ထိတွေ့ခွင့်ရတယ်။  ကိုယ့်ရဲ့ ထုတ်ကုန်တွေကို ပြသခွင့်ရတယ်ပေါ့နော်။ နောက်တစ်ခုက စီးပွားရေးအခြေအနေ မကောင်းတဲ့ အခါကျတော့ လူတွေရဲ့ စားသုံးနိုင်မှုနဲ့  ငွေကြေးသုံးစွဲနိုင်မှုက နည်းနေတဲ့အခါကျတော့ ကျွန်မတို့ ထုတ်ကုန် တွေကလည်း ပရီမီယံ ထုတ်ကုန်တွေဖြစ်နေတဲ့ အခါကျတော့  လူတွေရဲ့ သုံးစွဲနိုင်မှုကောင်းနေတော့မှ ဈေးကွက်ထဲ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထိုးဖောက်နိုင်တာပေါ့။ အဲနေရာမှာ စီးပွားရေးက သိပ်ပြီးတော့ မကောင်းနေတဲ့နေရာမှာ ထုတ်ကုန်ကို ကြိုးစားပြီးလုပ်နေတဲ့အတွက် နည်းနည်း အခက်အခဲရှိတာပေါ့။ အသေးစား၊ အလတ်စား လုပ်ငန်းတိုင်း ကြုံနေရတာတော့ ငွေရေးကြေးရေး အခက်အခဲပါ။ ကျွန်မတို့က ဒီလုပ်ငန်းကို အမျိုးသမီး ၁၀ ဦးပူးပေါင်းပြီး  လုပ်တာဖြစ်ပါ တယ်။ ဒီအမျိုးသမီး ၁၀ ဦးကနေပြီးတော့ အမျိုးသမီးတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်း တွေရအောင်  လုပ်ကြမယ်။ တောင်သူတွေကို လည်း သူတို့ရဲ့  စီးပွားရေးတွေ ပြေလည်လာအောင် လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တဲ့ အခါကျတော့ ကိုယ့်ရှိတဲ့ပိုက်ဆံနဲ့ ဒီလုပ်ငန်း ကိုလုပ်တာ။ အဲလိုလုပ်ရင်းနဲ့ နောက်တစ်ဆင့်ကို တက်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ စက်ပစ္စည်းတွေအကုန်လုံး ထပ်လိုလာတဲ့အခါကျတော့ ထပ်ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံရတယ်။အဲလိုလုပ်ရတဲ့အခါမှာ ရှိတဲ့ငွေနဲ့ ရင်းနှီးမြှုပ်နှံလိုက်တော့ တခြားပံ့ပိုးပေးမှုတော့ မရဘူးပေါ့။  အခြားနိုင်ငံတွေမှာဆို  ပံ့ပိုးပေးတာရှိတယ်။ ဘဏ်တွေကနေ အသေးစား၊ အလတ်စား တွေကို ပံ့ပိုးပေးတာရှိတယ်။ ဒီမှာကျတော့ အဲဒါ အရမ်းနည်းနေတယ်။ ဘဏ်တွေမှာ ပိုက်ဆံသွား ချေးမယ်ဆို အပေါင်ပစ္စည်းလိုတယ်။  ကျွန်မတို့က အခုမှ အသေးစား၊ အလတ်စား လုပ်ငန်း အသေးလေးတွေဆိုတော့ ဒီအပေါင်ပစ္စည်းကို ဘယ်ကနေပေးမလဲပေါ့။ အဲပြဿနာရှိတယ်။အခု ဘဏ်တစ်ခုက လုပ်နေတဲ့ တစ်နှစ်ချေးငွေ ဆိုတာရှိတယ်။  တစ်နှစ်ချေးငွေကို ချေးမယ်ပေါ့။ အဲပိုက်ဆံလေးနဲ့လည်း လုပ်ငန်းကို ထိုက် သင့်သလောက် ချဲ့ဖို့အတွက်က မလုံလောက်ဘူး။ အဲပိုက်ဆံရဖို့ကလည်း အဆင့်ဆင့်လုပ်ရမှာ တွေရှိတယ်။ တကယ်တမ်း ချေးချင်တာ ကျပ် သိန်း ၁၀ဝ ဆိုလည်း ကြိုပေးထားရမယ့် ပိုက်ဆံနဲ့ အတိုးတွေ ဘာတွေနဲ့ သိန်း ၁၀ဝ လည်း အတိအကျရတာမဟုတ်ဘူး။ နောက် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်အတိုးနှုန်းတွေကလည်း အခြားနိုင်ငံ တွေထက် ကြီးတယ်။ ဘက်ပေါင်းစုံကနေပြီး တော့ အသေးစား၊ အလတ်စားတွေကို ပံ့ပိုးပေး တဲ့နေရာမှာ အားနည်းနေတာကို တွေ့ရပါတယ်။အဲလို အခက်အခဲလေးတွေတော့ရှိပါတယ်။

တိဗ္ဗ