Main menu

Background

အခြေခံ အဆောက်အအုံပိုင်း လိုအပ်နေတာလေးတွေကလည်း အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် အဓိကစိန်ခေါ်မှုဖြစ်ပါတယ်

Mon, 07/03/2023 - 13:58 -- journal_editor

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံးပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စား လုပ်ငန်းများ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ထဲ တွင် လက်ဖက်ခြောက်၊ လက်ဖက်စို၊ လက်ဖက်စိမ်းများအပြင် စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်း အလှူ့အမ စီးအီးအို ဒေါ်သီရိအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

အသေးစား၊ အလတ်စားလုပ်ငန်းတွေနဲ့ ပတ် သတ်ပြီး အခက်အခဲတွေရှိရင် ဆက်လက်ပြော ကြားပေးပါဦး။
လျှပ်စစ်မီးနဲ့ပတ်သက်ပြီး အခက်အခဲတွေလည်း ရှိပါတယ်။  ပြည်ပကိုထွက်ပြီး ယှဉ်ပြိုင်ချင်ပါ တယ်။ ပြည်တွင်းမှာ  ထွက်နေတဲ့ ပစ္စည်းတွေ၊ ပြည်တွင်းမှာ စိုက်ပျိုးထားတဲ့ ပစ္စည်းတွေ၊ ပြည် တွင်းက ရေ၊ မြေကနေ သဘာဝအလျောက်ပေး နေတဲ့ ထုတ်ကုန်တွေက နိုင်ငံတကာအဆင့်မီ တယ်။ အရည်အသွေးမီတယ်။ နိုင်ငံတကာက လည်း ဝယ်နိုင်တယ်။  ပြင်ဆင်ထုပ်ပိုးပြီးတော့ ရောင်းမယ်ဆိုလို့ရှိရင်၊    ယှဉ်ပြိုင်မယ်ဆိုရင် တောင်မှ  ကျွန်မတို့ရဲ့ ကုန်ကျစရိတ်တွေက အရမ်းများနေတယ်။ လျှပ်စစ်မီး အခက်အခဲရှိ တဲ့အတွက်  မီးစက်တွေကို သုံးမလား။ ရှိသင့်ရှိ ထိုက်တဲ့   အခြေခံ  အဆောက်အအုံပိုင်းက အသေးစား၊ အလတ်စားလုပ်ငန်းတွေကို မပံ့ပိုးပေးနိုင်တဲ့အတွက်ကြောင့်မို့ နိုင်ငံတကာနဲ့ သွား ပြီး ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် ကုန်ကျစရိတ်တွေက အရမ်းကြီးနေတဲ့အတွက် ယှဉ်ပြိုင်မှုက အရမ်း ခက်ခဲတယ်။  အဲကြားထဲမှာမှ နိုင်ငံတကာကို ယှဉ်ပြိုင်ဖို့ မပြောနဲ့ဦး။ ပြည်တွင်းမှာပဲ ယှဉ်ပြိုင် မယ်ဆိုလို့ရှိရင်တောင် အသေးစား၊ အလတ်စား တွေအနေနဲ့ ကုမ္ပဏီကြီးတွေနဲ့ ဘယ်လိုသွားပြီး ယှဉ်ပြိုင်မလဲပေါ့။ အဲလို အခက်အခဲလေးတွေ ရှိပါတယ်။ ကုမ္ပဏီကြီးတွေမှာက စက်အကြီးစား တွေနဲ့  မီးစက်ဆိုလည်း အကောင်းဆုံးတွေဆို တော့ ထုတ်လုပ်တဲ့နေရာမှာ ချောမွေ့တာပေါ့။ အသေးစား၊ အလတ်စားလုပ်ငန်းဆိုတော့ ထုတ် လုပ်တဲ့နေရာမှာ ြညေကေူ နဲ့လုပ်ရတော့ ယှဉ်ပြိုင် ရခက်ခဲမှုတွေ  ရှိပါတယ်။  အခြေခံအဆောက် အအုံပိုင်း   လိုအပ်နေတာလေးတွေကလည်း အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် အဓိကစိန်ခေါ်မှုဖြစ်ပါတယ်။ တချို့ဟာတွေကျ တော့လည်း ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ဟာ တွေဖြစ်နေတဲ့အခါကျတော့   နိုင်ငံတကာကို ထိုးဖောက်ဖို့ထက်ကို   ပြည်တွင်းမှာပဲ အလုပ် အကိုင်အခွင့်အလမ်းတွေ     ဆက်ပြီးရနေဖို့ တောင်သူတွေကို ဆက်ပြီးကူညီနိုင်ဖို့  ဆက်ပြီး ရှင်သန်နိုင်ဖို့ကိုပဲ   အဓိက  ဦးတည်ပြီးတော့ အခြေခံ အဆောက်အအုံပိုင်းတွေ ပံ့ပိုးပေးနိုင် လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဆက်ပြီးသွား နေတာပေါ့။

အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဘာတွေပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ။
အသေးစား၊  အလတ်စားတွေကို ပံ့ပိုးပေးဖို့က ကျွန်မအမြင်ကတော့ မခက်ခဲနိုင်ပါဘူး။အသေး စား၊ အလတ်စားလုပ်ငန်းတွေ ဘာလိုအပ်နေလဲ ဆိုတော့ အခြေခံအဆောက်အအုံပိုင်းတွေဖြစ်တဲ့ ရေလိုအပ်ချက်၊  လျှပ်စစ်မီး   လိုအပ်ချက်၊ သယ်ယူပို့ဆောင်ရေးတွေ   အစရှိသဖြင့်ပေါ့ လို အပ်ပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင်  လုပ် ငန်းတစ်ခု လုပ်တယ်ဆို ဘယ်နှနှစ် စသည်ဖြင့် အခွန်ကင်းလွတ်ခွင့်တွေပေးတယ်။  အရမ်းကြီး အားစိုက်စရာမလိုဘဲ ကူညီလို့ရတာတွေ  ရှိပါ တယ်။ လုပ်ငန်းတစ်ခု စတည်ထောင်ပြီဆို အခွန် ကင်းလွတ်ခွင့်  ပေးတာမျိုးတို့၊  အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် နေရာတစ်ခု ဖန်တီးပေးထားမျိုးပေါ့။ နေရာတစ်ခု သတ်မှတ် လိုက်ပြီးတော့   အလုပ်လုပ်ဖို့အတွက်  အချိန် အကန့်အသတ်နဲ့ လျှပ်စစ်မီးပေးတာမျိုးဆိုလို့ ရှိရင် အသေးစား၊  အလတ်စား လုပ်ငန်းတွေ တော်တော်များများ ပြေလည်သွားမယ်။ အသေး စား၊ အလတ်စားလုပ်ငန်းဆိုတာကလည်း သုံး နှစ်လောက်ဆို လုပ်ငန်းတွေက ရှင်သန်နိုင်ပါ တယ်။  အဲလိုမျိုးပြေလည်သွားရင်  ဒီလုပ်ငန်း တွေနဲ့  ဆက်စပ်နေတဲ့သူတွေ အကုန်လုံး ပြေ လည်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖွံ့ဖြိုးလာ တာနဲ့အမျှ  နယ်မှာရှိတဲ့တောင်သူတွေရဲ့ဘဝတွေ လည်း ဖွံ့ဖြိုးသွားမယ်။ အဲအတိုင်းပဲ တောင်သူ တွေနဲ့ ဆက်စပ်တဲ့သူတွေလည်း တိုးတက်သွား မှာပဲ။ ဒီလိုမျိုး ဆက်စပ်သူတွေ ဖွံဖြိုးတိုးတက် ဖို့ဆိုတာ အသေးစား၊ အလတ်စားလုပ်ငန်းတွေ အပေါ် အများကြီး မူတည်ပါတယ်။

အလှူ့အမအနေနဲ့ ထုတ်ကုန်တွေကို ဈေးကွက် ထဲ ဖြန့်ဖြူးတာ ဘယ်အဆင့်ထိ ရောက်နေပါပြီ လဲ။
ဈေးကွက်ထဲမှာတော့ စူပါမားကတ် တချို့နေရာ တွေကို   ရောက်နေပြီပေါ့နော်။   စူပါမားကတ် အသေးလေးတွေမှာလည်း ရှိပါတယ်။ ဃစေငအေူ ြမေအ၊  ြေုမသ ြမေအ တို့မှာတော့ စကားပြောနေ တုန်းပါပဲ။ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်ပေ့ဂျ်ကနေ လည်း တိုက်ရိုက်ရောင်းနေတယ်။ နယ်က တချို့ ဆိုင်လေးတွေကနေ ပစ္စည်းမှာယူတာတွေလည်း ရှိတယ်။ အမေရိကန်ကနေလှမ်းမှာပြီး ရောင်း ချင်တယ်ဆိုတော့ ရောင်းပေးလိုက်ရတာတွေရှိ တယ်။ အခုလည်း ထုတ်ကုန်တွေက ရောက်သင့် ရောက်ထိုက်တဲ့     နေရာလေးတွေမှာလည်း ရောက်ရှိနေပါပြီ။

ပြည်ပဈေးကွက်ကိုရော ထိုးဖောက်သွားဖို့ ရည် ရွယ်ထားပါသလား။
ရှိပါတယ်။ အလှူ့အမအနေနဲ့ ဥရောပကိုပစ္စည်း တွေပို့ချင်တယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး  ပြင်ဆင် ရမလဲဆိုတဲ့  ပရိုဂရမ်တစ်ခုကို  ဆက်သွယ်ပါ တယ်။  ဆက်သွယ်တာကတော့  အသေးစား၊ အလတ်စား ကုမ္ပဏီ ၅၀ လောက်ကို သင်တန်း ပေးတယ်။ အသိပညာဗဟုသုတတွေ မျှဝေပေး တယ်။ အဲ့ထဲက ကုမ္ပဏီသုံးခုကို ရွေးလိုက်တဲ့ အခါကျတော့  ကျွန်မတို့  ကုမ္ပဏီပါတယ်ပေါ့။အဲ့လိုပါတဲ့အတွက် ဥရောပမှာလည်း  သွားပြီး လေ့လာခွင့်ရခဲ့တယ်။   နိုင်ငံခြားကို တင်ပို့ဖို့ အတွက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ကိုယ် ထုတ်တဲ့ ထုတ်ကုန်တွေကလည်း လက်ဖက်စိမ်း ကတော့ ဥရောပပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဓိကတော့ ဈေးကွက်ရှာဖို့ပဲ လိုအပ်ပါတယ်။ဈေးကွက်ရပြီဆိုရင်တော့ စပြီးတော့ ရောင်းနိုင် တဲ့ အနေအထားရှိတာပေါ့။ နောက် အာဆီယံဈေးကွက်မှာဆိုလို့ရှိရင်လည်း ထိုင်းမှာဆိုရင် ွှနေ ရော၊  လက်ဖက်ရော ရောင်းလို့ရတယ်။လက်ဖက်ဆိုရင် မြန်မာနိုင်ငံသားတွေ ဆိုလို့ရှိ ရင် ထိုင်းမှာဆို အများကြီးပဲ။ အဲ့ဈေးကွက်ကို သွားလို့ရတယ်။ လက်ရှိမှာတော့ ာပညေတနည ကတော့   ဦးဆောင်ပြီး လုပ်ပေးနေတယ်။

တိဗ္ဗ