Main menu

Background

ကုန်ကြမ်းက ဈေးနှုန်းမြင့်တက်နေတော့ ထုတ်လုပ်တဲ့ ကုန်ချောပစ္စည်းက ဈေးနည်းနည်းတက်တာတော့ရှိတယ်

Mon, 07/31/2023 - 13:14 -- journal_editor

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံးပါဝင်လျက်ရှိသည်။ ယင်းသို့ အသေးစား၊ အလတ်စားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့်လည်း ကဏ္ဍတစ်ရပ်အဖြစ် ဦးစားပေးထည့်သွင်းကာ ပံ့ပိုး ကူညီမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ထဲတွင် Honey Brand အမည်ဖြင့် အဝတ်အထည်၊ အိတ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများအား  ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် ဒေါ်စိမ့်စန်းသွယ်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။ 

 

Honey Brand ဆိုပြီး ဖြစ်ပေါ်လာပုံလေး ရှင်းပြ ပေးပါဦး
အဓိကတော့ ပြည်တွင်းထုတ်ကုန်တွေကို နှစ် သက်တဲ့အတွက်ကြောင့်မို့ ပြည်တွင်းကုန်ကြမ်း တွေ အဓိကထားပြီး ဖြန့်ချိတာပေါ့။ နိုင်ငံခြား သွားတဲ့အခါမှာ  ကြည့်လိုက်တိုင်း နိုင်ငံခြားက သူတွေက သူတို့ရဲ့ ပြည်တွင်းထုတ်ကုန်တွေကိုSouvenir shop အနေနဲ့ လုပ်ကြတယ်။ အဲတာကို အရမ်း စိတ်ဝင်စားတယ်။ နိုင်ငံတစ်နိုင်ငံမှာ သူ တို့နိုင်ငံရဲ့ အထင်ကရ ပြယုဂ်ဖြစ်တဲ့ဟာလေးတွေ ကို လေယာဉ်ကွင်းမှာပဲဖြစ်ဖြစ်၊ မြို့တွင်းမှာပဲ ဖြစ်ဖြစ် တွေ့တဲ့အခါမှာ ငါတို့ဆီမှာလည်း အဲလို မျိုးလေးတွေ ထုတ်လုပ်နိုင်လို့ရှိရင် ကောင်းမှာပဲ ပေါ့။ အဲလိုမြင်ကတည်းက လုပ်ချင်ကိုင်ချင်စိတ် လည်း ဖြစ်လာတယ်။ အဲဒါနဲ့ ၂၀၁၆ ခုနှစ်ကနေ စပြီးတော့ အစားအသောက်ဆိုလည်း ပြည်တွင်း အစားအသောက်တွေကိုပဲ စိတ်ဝင်စားတာတို့၊ အဝတ်အစားကအစ ပြည်တွင်းကိုပဲ စိတ်ဝင် စားလာတာပေါ့။  အဲဒါနဲ့Honey Brand   ကို တည်ထောင်ဖြစ်တာပါ။ အခုလက်ရှိမှာကတော့  ပြည်တွင်းထုတ်ကုန် ကုန်ကြမ်းတွေကို ကုန်ချော  ဖြစ်အောင် ဒီဇိုင်းအမျိုးမျိုးနဲ့ ထုတ်လုပ်လျက်ရှိပါ တယ်။

ကုန်ကြမ်းတွေကို  ဘယ်ဒေသကနေ အဓိကထား ရရှိပါသလဲ။
အဓိက   ကုန်ကြမ်းကတော့ အမရပူရမှာရှိတဲ့ ချည်ရှိမယ်။ ပခုက္ကူချည်တွေရှိမယ်။ ပြောရရင် တော့ ကုန်ကြမ်းကို နိုင်ငံခြားက ယူမယ်ဆိုရင် တော့ ပိုပြီး ဈေးသက်သာတာတယ်။  ဒါပေမဲ့ ပြည်တွင်းက   ကုန်ကြမ်းကတော့ ပိုပြီးအရည် အသွေးပိုင်းက စိတ်ချရတာပေါ့။ ကုန်ကြမ်းရရှိမှု အခြေအနေကတော့ လက်ရှိမှာတော့ ကုန်ကြမ်း ယူရတာ အခက်အခဲ နည်းနည်းပါးပါးလေးတော့ ရှိတာပေါ့။  ကုန်ကြမ်းက ဈေးမြင့်တဲ့အခါမှာ ထုတ်လုပ်တဲ့ ကုန်ချောပစ္စည်းက ဈေးနည်းနည်း တက်တာတော့ရှိတယ်။

ပြည်တွင်းက ကုန်ကြမ်းတွေနဲ့ပဲ ထုတ်လုပ်တယ် လို့ သိရပါတယ်။ဘာကြောင့်ပါလဲ။
အဓိကတော့ ပြည်တွင်းထုတ်ကုန်တွေကို နိုင်ငံ တကာကို  ထိုးဖောက်ပြီး  ရောင်းချနိုင်အောင် ထုတ်လုပ်ပြီးတော့ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့ ပြည်တွင်းမှာရှိတဲ့ ကုန် ကြမ်းကို ကုန်ချောဖြစ်အောင် လုပ်မယ်။ပြီးသွား လို့ အရည်အသွေးပြည့်မီတဲ့ ကုန်ချောဖြစ်လာပြီ ဆိုလို့ရှိရင် ပြည်ပဈေးကွက်ကို တင်ပို့ဖြန့်ချိသွား မှာဖြစ်ပါတယ်။ ပြည်ပဈေးကွက်ကို ထိုးဖောက် နိုင်တဲ့ အနေအထားမျိုးရောက်အောင် အရင်ဦး ဆုံး လုပ်နေရတာပေါ့။

အသေးစား၊  အလတ်စားလုပ်ငန်းတွေ လတ် တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
ကုန်ကြမ်းကတော့ ချည်တွေကအစ ပြည်ပကနေ  တင်သွင်းရတာဆိုတော့ အခက်အခဲတော့ရှိတာ ပေါ့။ အသေးစား၊ အလတ်စားလုပ်ငန်းဖြစ်တဲ့ အတွက်ကြောင့်မို့  ထုတ်လုပ်ဖြန့်ချိမှုကိုတော့ ချေးငွေစယူရမှာပေါ့။  အခုဟာက ကုန်ကြမ်းကို တစ်ဆင့်ပြီးတစ်ဆင့် ယူရတာ။ နောက်ဆို ကုန် ကြမ်းကို  အများကြီးသိုလှောင်ပြီးတော့မှ ဖြန့် မယ်ဆိုရင် အခက်အခဲကတော့ အများကြီးမရှိ နိုင်ဘူးပေါ့။   အခုလက်ရှိကတော့  ကုန်ကြမ်း ပစ္စည်းက အများကြီးမစုဆောင်းနိုင်တဲ့ အခါကျ တော့ ကိုယ်ဘယ်လောက် ပစ္စည်းလိုသလဲပေါ့။ လိုတဲ့ အနေအထားပေါ်မူတည်ပြီးမှာရတာပေါ့။နောက်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ များလာပြီဆို ရင်တော့ ကိုယ်လိုချင်တဲ့ ကုန်ကြမ်းကို သိမ်းထား ပြီး လုပ်မယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။နောက် ပြီး  ဧရာဘဏ်ကနေပြီးတော့   အသေးစား၊ အလတ်စားလုပ်ငန်းတွေကို ချေးငွေတွေ ပေး မယ်ဆိုတာသိရ တော့ ဝမ်းလည်းဝမ်းသာတယ်။တကယ်လည်း လိုအပ်နေတဲ့အခါကျတော့လေ။ လုပ်ငန်းတွေကို  ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့အခါကျ တော့ ချေးငွေတွေ အထောက်အပံ့တွေရမှာဖြစ် မှာလေ။   အဲဒီကနေတစ်ဆင့် ဒီအသေးစား၊ အလတ်စား  လုပ်ငန်းတွေကို ရှင်သန်အောင်လုပ် ရမှာပေါ့လေ။ အခုလိုမျိုး အသေးစား၊ အလတ် စားလုပ်ငန်းတွေအတွက် ချေးငွေတွေ ပေးမယ် ဆိုတာတော့ ကျေးဇူးလည်းတင်ပါတယ်။ အဓိက  ရည်ရွယ်ချက်ကတော့ ပြည်တွင်းထုတ်ကုန်တွေ ကို တခြားနိုင်ငံတွေက နှစ်သက်လာတဲ့အထိကို ကြိုးစားလုပ်ဆောင်သွားဖို့   ရည်ရွယ်ထားပါ တယ်။

အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဘာတွေပံ့ပိုးပေးဖို့ လိုအပ်တယ်လို့မြင်ပါသလဲ။
နိုင်ငံတော်က ပံ့ပိုးပေးမယ်ဆိုရင်တော့ လက်ရှိ ဖြစ်နေတဲ့အ ခက်အခဲလေးတွေကတော့ အများ ကြီး  ပြေလည်သွားနိုင်မယ်လို့   ထင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို အများကြီးလုပ်ပေးနိုင် မယ်ဆိုလို့ရှိရင် ဒီအသေးစား၊ အလတ်စားလုပ် ငန်းတွေက ဒီထက်ပိုပြီးရှင်သန်လာမှာပါ။ချေး ငွေအနေနဲ့လည်း အတိုးလည်း နည်းနည်းနဲ့ပေး အပ်သွားမယ့်ကာလကလည်း များမယ်ဆိုရင် တော့  အသေးစား၊ အလတ်စား လုပ်ငန်းတွေက ရေရှည်တည်တံ့လာမယ်လို့ ထင်ပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
အသေးစား၊  အလတ်စားလုပ်ငန်းတွေအနေနဲ့ ကတော့   တစ်နှစ်ထက်စာလို့ရှိရင်   သုံးနှစ် လောက် အနည်းဆုံး  ပံ့ပိုးပေးမယ်ဆိုရင်တော့ ရှင်သန်နိုင်ပါတယ်။     ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းတစ်ခု တည်ထောင်ဖို့ဆိုတာက သုံးနှစ် နဲ့ ငါးနှစ်အတွင်းမှာမှ တည်ငြိမ်စပြုလာတာဆို တော့ အဲလောက်တော့ ပံ့ပိုးပေးဖို့ လိုအပ်တယ် လို့ မြင်ပါတယ်။

 

တိဗ္ဗ