Main menu

Background

စားဖိုဆောင်သီးနှံတွေရဲ့ ဈေးနှုန်းအနေအထားကတော့ မနှစ်ကနဲ့ယှဉ်ရင် တချို့ပစ္စည်းတွေက စောပြီး ဈေးတက်နေတယ်

Mon, 08/14/2023 - 11:55 -- journal_editor

မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်နှင့် တွေ့ဆုံမေးမြန်းခြင်း 

ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ဘုရင့်နောင် ကုန်စည်ဒိုင်)သည် ပြည် တွင်း ဈေးကွက်အနေဖြင့်မြန်မာနိုင်ငံတစ်ဝန်း အနယ်နယ်အရပ် ရပ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသော ပဲမျိုးစုံ၊ဂျုံ၊  ပြောင်း၊ဆီထွက် သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားစားသောက်ကုန်များကို မြန်မာကျပ်ငွေဖြင့် ရောင်းဝယ်နိုင်ရန်ရည် ရွယ်ချက်ဖြင့် ဖွင့်လှစ် ခြင်းဖြစ်သည်။  
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပြည်တွင်းဈေးကွက်ကို အစိုးရ ရုံးပိတ်ရက်များမှအပ အပတ်စဉ်  တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိဖွင့်လှစ်ပြီး မြန်မာကျပ်ငွေဖြင့် ရောင်းဝယ်နိုင်သော ပြည်တွင်းဈေးကွက်အား ရန်ကုန်တိုင်းဒေသ ကြီး   ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)မှ   အသင်းဝင်   ကုန်သည်များက ဝင်ရောက်ရောင်းဝယ်နိုင်သည်။ နိုင်ငံခြားသားများ၊ နိုင်ငံခြား သားပိုင်ကုမ္ပဏီများ၊  နိုင်ငံခြားသားနှင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီများ၊ ၎င်းကုမ္ပဏီများမှ ဝန်ထမ်းများ၊  ဧည့်သည်များ ဝင်ရောက်ရောင်းဝယ်ခြင်း မပြုနိုင်ပါ။ သို့သော် ဧည့်သည်အဖြစ် ဝင်ရောက်လေ့လာနိုင်သည်။
နေ့စဉ် ပြည်တွင်းလက်ကားဈေးနှုန်း များအား တနင်္လာနေ့မှ စနေနေ့ထိပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖို ဆောင်သုံးသီးနှံများ ဖြစ်သော (ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်၊ ထန်းလျက်၊ ကြံ သကာ၊ မန်ကျည်းသီး၊ သကြား၊ အာလူး)၊ ရေထွက်ကုန်ပစ္စည်းများ ဖြစ်သော (ငါးခြောက်များ၊ ပုစွန်ခြောက်)အစရှိသည်တို့ကို ပစ္စည်း အမျိုးအလိုက် နေ့စဉ်အရောင်းအဝယ်ပြုလုပ်နေသည့် ဘုရင့်နောင် ဝင်းအတွင်းပွဲရုံများမှ ပိုင်ရှင်များ/ကုန်စည် ဒိုင်အသင်းသားကုန် သည်များ၏  နေ့စဉ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအကြံပြု ချက်များအတိုင်း နေ့စဉ်ဈေးနှုန်းထုတ်ပြန်ခြင်း၊ ပဲမျိုးစုံ၊ နှမ်းနှင့် ပြောင်း ပြည်ပပို့ကုန်ဈေးနှုန်း (FOB) ကိုလည်း ဤအသင်း ၏ အလုပ်အမှုဆောင်အစည်းအဝေး  အမှတ်စဉ်  (၁/၂၀၂၃)တွင် FOB  ဈေးနှုန်းများ ညှိနှိုင်းသတ်မှတ်ရေးအဖွဲ့ အား အမှုဆောင်များ ဖြင့်ဖွဲ့စည်းပြီး ၎င်းအဖွဲ့၏ အကြံပြုချက်များအတိုင်း တနင်္လာနေ့ နှင့် ကြာသပတေးနေ့များတွင် ဈေးနှုန်းများ ပြင်ဆင်ပြောင်းလဲပြီး နေ့စဉ်ထုတ်ပြန်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဦးစီးရုံးများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံပဲ မျိုးစုံ၊ ပြောင်းနှင့်  နှမ်း ကုန်သည်များအသင်းသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် လျက်ရှိသည်။ 
ရန်ကုန်တိုင်းဒေသကြီး ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန် စည်ဒိုင်) သည် (၂၄-၆-၁၉၉၂) ခုနှစ်တွင် အသင်းလုပ်ငန်းလိုင်စင် နှင့်အတူ စတင်ဖွဲ့စည်း တည်ထောင်ထားပြီး ယခုဆိုလျှင် နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ရှည်ကြာသော အသင်းအဖွဲ့ဖြစ်သည့်အပြင် အသင်း၏ရည်ရွယ် ချက်များဖြစ်သော ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကိုရှေးရှု၍ မြန်မာနိုင်ငံအတွင်း ကုန်စည် စီးဆင်းမှု  မှန်ကန်စေရေးနှင့်  ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ရန်နှင် နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးမူဝါဒများ အကောင်အထည်ဖော် ရာတွင်   ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များ အတိုင်း  အကောင်အထည်အဖော် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။ ကုန်စည်ဒိုင်တွင် အများဆုံး  အရောင်း အဝယ်ဖြစ်မှုမှာ ပဲမျိုးစုံဖြစ်ပြီး တရားဝင် ပွဲစားလေးဦးခန့်ထား၍ ဈေးကစားမှုမရှိအောင်နှင့် လေရောင်း လေဝယ် ပြဿနာမဖြစ် အောင် ထိန်းသိမ်းကြည့်ရှုဆောင်ရွက်လျက်ရှိသဖြင့် ကုန်စည်ဒိုင် တွင် ပြဿနာမဖြစ်သလောက်နည်းပါးသည်။ အသင်းသူ၊ အသင်း သား ၄၀ဝ၀ ကျော်နှင့် Active Member  ၄၀ဝ ကျော်ရှိပြီး သက် တမ်းအရှည်ဆုံးနှင့် အောင်မြင်စွာ ရပ်တည်လျက်ရှိသော  အသင်း အဖွဲ့အစည်းဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရုံးအဖွဲ့ မှူး  ဦးကျော်ကျော်သိန်းက ပြောကြားခဲ့သည်။ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ ဝင်ရောက်လျက်ရှိ သည့် ကုန်စည်များထဲမှ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ၏ လတ် တလော ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖို ဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်နှင့်  တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြ လိုက်ရပါသည်။

စားဖိုဆောင်သီးနှံနဲ့ပတ်သက်ပြီး ရောင်းဝယ်ဖောက်ကားမှု အခြေ အနေလေး ပြောပြပေးပါဦး။
    စားဖိုဆောင်သီးနှံတွေရဲ့ ဈေးနှုန်းအနေအထား ပြောရရင် တော့ မနှစ်ကနဲ့ယှဉ်ရင် တချို့ပစ္စည်း တွေက စောပြီးဈေးတက်နေ တယ်။ ကြက်သွန်ဆိုရင် မနှစ်ငါးလပိုင်းက ကျပ်ရှစ်ရာလောက် ဆိုရင် အခုဒီနှစ်က ကျပ်နှစ်ထောင်လောက် ဖြစ်နေပြီ။  စောပြီး ဈေးတက်ထားတော့ ထပ်တက်ဖို့လည်း မရှိတော့ဘူး။  အခု လော လောဆယ်တော့ ကြက်သွန်ကတစ်ရက်ကို အစီး၂၀ နဲ့ ၂၅ စီး ကြားမှာ ဝင်တယ်။ အဲဒီတော့မနှစ်က ရှစ်လပိုင်းမှာ တက်တဲ့ဒီဈေး က ဒီနှစ်မှာ ငါးလပိုင်းထဲကတက်တယ်။ လက်ရှိ ကျပ် ၁၈၀ဝ နဲ့ ၂၀ဝ၀ ကြားမှာရှိတယ်။ ပြည်တွင်းဈေးမြင့်တော့ သြမိနမ ွှမေိန တွေလည်း မသွားတော့ဘူး။ ဒီနှစ်ထဲမှာ ထူးထူးခြားခြား တက်တာ က ကြက်သွန်ဖြူပေါ့။ မနှစ်ကဆို ကျပ် ၃၀ဝ၀ နဲ့ ၅၀ဝ၀ ကြား ရှိတယ်။ ဒီနှစ်မှာတော့ အစောပိုင်းထဲကိုက ကျပ် ၇၀ဝ၀၊ ၈၀ဝ၀ ဖြစ်နေပြီး ပြည်တွင်း တောင်ကြီး ကြက်သွန်ဖြူပေါ့။ ကြူကုတ် ကတော့ ကျပ် ၇၀ဝ၀ ထိရှိတယ်။ သူက တရုတ်ကနေပြီးတော့ လမ်းကြောင်းမျိုးစုံကနေ   ဝင်လာတာ။ ပြည်တွင်း ကြက်သွန်ဖြူဈေး ကလည်း ကြူကုတ်ကြက်သွန်ဖြူ ပစ္စည်းအဝင် အနည်းအများပေါ် မူတည်ပြီး ဆက်စပ်နေတယ်။ ကြူကုတ်ကတော့ စက်မှုလုပ်ငန်းသုံး ပေါ့။ အာလူးဈေးကလည်း ဒီတိုင်းဘဲ။ တစ်ဖက်က အဝင်အနည်း အများနဲ့ ဆက်နွှယ်နေတယ်။ ငရုတ်ဈေးကတော့ မနှစ်ကထက် ဈေးလျော့သွားတယ်။ မနှစ်က  ငရုတ်သီးက ကျပ်နှစ်သောင်း လောက်အထိဖြစ်သွားတယ်။ ဒီနှစ်ကတော့ ကျပ် တစ်သောင်း နှစ်ထောင်နဲ့ တစ်သောင်း သုံးထောင်ကြားမှာပဲရှိတယ်။ ဒီနှစ် ငရုတ်ကတော့ အကျဘက်ကို ခန့်မှန်းထားတာပေါ့။  အာလူး ကတော့ တရုတ်နဲ့ အဓိကပတ်သက် နေတာပေါ့။ အဝင်က အရင် ကဆို တစ်ရက်ကို ၁၀ စီးနဲ့ ၁၅ စီးကြားမှာရှိတယ်။ အခုကတော့ လေးငါးစီးတောင် ပုံမှန်မရှိဘူး။ အဲ့အတွက်ကြောင့် အာလူးက မနှစ်ကဈေး ခန့်မှန်းခြေ ကျပ် ၂၃၀ဝ နဲ့ ၂၄၀ဝ ဝန်းကျင် မှာရှိရာ ကနေ ဒီနှစ်မှာကျပ် ၂၈၀ဝ နဲ့ ၃၀ဝ၀ ကြားလောက်ရှိနေပြီ။ အဝင် နည်းတဲ့အတွက် မြန်မာ အာလူးဈေး နည်းနည်းမြင့်တယ်။  ဒီနှစ် ကတော့ ပြောရရင်တော့ ငရုတ်လည်း ငရုတ်အလျောက်၊  ကြက် သွန်လည်း ကြက်သွန် အလျောက် မဆိုးဘူးပေါ့နော်။ သူတို့က ဈေးတက်ထားပြီးသား ဖြစ်နေတော့လေ။ ကုန်သည်တွေ တောင် သူတွေ စရိတ်ရသွားတာ ပေါ့။ ချင်းဈေးကတော့ အများကြီးတက် တယ်။ အခု ချင်းက အသစ်ပေါ်နေတော့ ကျပ် ၃၇၀ဝ ဝန်းကျင် လောက်ပြန်ကျသွားတယ်။ အရင်ရက်တွေက ကျပ် ၉၀ဝ၀  အထိ ဖြစ်သွားခဲ့တာ။ အသစ်ပေါ်ပြီဆိုကျဖို့ပဲရှိတယ်။ ပြည်တွင်းမှာက ချင်းလည်း သိပ်မစားကြတော့ ပြဿနာမရှိဘူး။ ကျန်တဲ့ ကုန် ပစ္စည်းတွေက ထွေထွေထူးထူးသိပ်မရှိပါဘူး။ ပုံမှန် အဝင်အထွက် ရှိပါတယ်။ နယ်စပ် ကုန်သွယ်ရေးတစ်ခုပဲ လျော့ကျသွားတာ။ ပုံမှန်ကုန်သွယ်ရေး ကျပြန်တော့လည်း ဈေးမကိုက်တော့ မသွား နိုင်ဘူး။ ကျွန်တော်တို့ကိုတော့ ဖိလစ်ပိုင်နိုင်ငံနဲ့ ကုန်သွယ်ဖို့ပြောဆို နေတာလေးတွေ ရှိတယ်။ 

ကြက်သွန်တင်ပို့မှုနှင့် ရှေ့အလားအလာလေး ပြောပြပေးပါဦး။
ကြက်သွန်က ဒီနှစ်က ပို့တာနည်းတယ်။ စောစောဈေးတက် သွားတော့ မထွက်တာပေါ့။ ဈေးနိမ့်တုန်းက ထွက်သွားပြီး များရင် မထွက်တော့တာပေါ့။ နောက်ပိုင်းတွေ ဈေးကောင်းရခဲ့ရင်တစ်မျိုး ဖြစ်သွားမှာပေါ့။ လက်ရှိအထိ အဲ့ပုံစံတွေဖြစ်နေတာပေါ့။ကြက် သွန်ဆို ဈေးမတက်နိုင်တော့ဘူး။ ကြက်သွန်ဖြူဆိုလည်း တရုတ် ကဝင်လာရင် ပြန်ကျသွားမှာပဲ။ ချင်းဆိုရင်လည်း ပြန်ကျလာ မယ်။ အာလူးကလည်း တရုတ်ဘက်က အဝင်နည်းရင် တက်မှာ ပဲ။ သူတို့အဝင် ရှိလာရင်ကျမှာပေါ့။  သူတို့က နည်းနည်းဆက်နွှယ် နေတာပေါ့။ ကြက်သွန်ဖြူဆို မြန်မာကြက်သွန်နဲ့ ကြူကုတ် ဆက် နွှယ်နေ သလိုပဲ။ သူတို့ဈေးတွေကျတိုင်း ကျွန်တော်တို့ကို စီးပွား ကူးသန်းကို ပြန်ပိတ်ခိုင်းတာပေါ့။ ကြက်သွန် ပိတ်ခိုင်းတာရှိတယ်။ အာလူးပိတ်ခိုင်းတာရှိတယ်။ ကျွန်တော်တို့ တိုင်ပင်ကြတဲ့အခါကျ တော့ ဒီဟာကိုပိတ်လိုက်ရင် ဈေးကတက်သွားမှာပေါ့။ ဒီအတွက် စားသုံးသူလည်း ထိခိုက်လိမ့်မယ်။ အဲ့ဒီတော့  ပိတ်တာလည်း မဟုတ်ဘူး။ တရားဝင် ခွင့်ပြုချက်ရပြီးတော့ အများကြီးဝင်တာ လည်း မဟုတ်ဘူး။ အဲ့တော့ မသိသလိုဘဲ နေတာပေါ့။ သူတို့က ဈေးကျလို့ဈေးမရရင်   အဲ့ဒါတွေအကုန်လုံး  ပိတ်ပေးပါဆိုပြီး ပြဿနာရှာတာပဲ။

လက်လီရောင်းတဲ့ ဆိုင်တွေကော ရှိပါသလား။ ပြောပြပေးပါဦး။
    ဒီပွဲရုံထိပ်မှာ လက်လီရောင်းတဲ့ဆိုင်တွေလည်း ရှိပါတယ်။ ဆိုင် ၂၀-၂၅ လောက် ရှိပါတယ်။ အဲ့ဒီဆိုင်လေးတွေက တစ်နေရာ ထဲမှာ ပစ္စည်းအစုံရပါတယ်။ ဆန်ကအစ ရပါတယ်။ ကြက်သွန်၊ ငရုတ် ကုန်ခြောက်တွေကအချိန် ၁၀ ပိဿာ၊ ၅ ပိဿာလည်း ရောင်းပါတယ်။အပြင်မှာထက်ဈေးသက်သာပါတယ် ။ ပွဲရုံတွေနဲ့ နီးတော့ သယ်ယူစရိတ် မများတဲ့အတွက် ဈေးလျော့တာပါ။ ပွဲရုံက အိတ်တွေကို မကောင်းတာတွေ၊ ပုပ်တာတွေ ဖယ်ပြီး အိတ် ပြန် ပြောင်းတာ ဖြစ်တဲ့အတွက် ဈေးသက်သာတယ်။ အိမ်ဆိုင်ဖွင့် မယ့်သူတွေ အတွက်လည်း အဆင်ပြေပါတယ်။ ဆိုင်ခန်းငှားခ လည်း ဈေးမကြီးတဲ့အတွက် အမြတ်အများကြီး တင်မထားပါဘူး။ 

 

CJ၊ ကျော်ကို