Main menu

Background

ရေချိုမွေးမြူရေးကန်တွေရှိတော့ ပြည်တွင်းမှာ ငါး၊ ပုစွန် စားသုံးမှု များပေမယ့် ပစ္စည်းပြတ်လပ်မှု မရှိပါဘူး။ လောက်ငတဲ့ပုံစံ ရှိပါတယ်

Thu, 08/31/2023 - 10:51 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးပေါ်တွင်ရှိသည့် သီရိမင်္ဂလာဈေးသည် ၁၆ ဒသမ ၉၂၁ ဧက ကျယ်ဝန်းပြီးဈေးရုံ ၁၄ရုံနှင့် ဆိုင်ခန်း ပေါင်း ၄၅၀၃ ခန်းရှိသည်။ အဓိက ကုန်စိမ်းလက်ကားဈေးကြီးဖြစ်သည်။ ကုန်စိမ်းအပြင် အသီးအနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့နယ်စုံမှ ဝင်ရောက်မှုရှိပြီး ငါးပိ၊ ငါးခြောက်နှင့် ပုစွန်ခြောက်များကို ဈေးရုံနှစ်ရုံ ဖွင့်လှစ်ရောင်းချလျက်ရှိသည်။ မြန်မာနိုင်ငံ အနှံ့အပြားမှ ဝင်ရောက်လာသည့် ပစ္စည်းများနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချမှုများအား သီရိမင်္ဂလာဈေးတာဝန်ခံ ဦးအောင်လင်းဦးနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ရသည်။ 
ဆက်လက်ပြီး လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ်တွင်ရှိသည့် သီရိမင်္ဂလာဈေးနှင့်ကပ်လျက် ရွှေပိတောက်ငါးဈေးသည် ပြည်တွင်းမှထွက်ရှိသည့်  ရေချိုငါး၊ ရေငန်ငါးများ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် ကြီးမားသော ငါးဈေးကြီးတစ်ခုဖြစ်ပြီး ရွှေပိတောက်ဈေးတာဝန်ခံ ဦးသန်းနိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ 

ဦးအောင်လင်းဦး

ကုန်ပစ္စည်းအမျိုးအစားလေးနဲ့ ဝင်ရောက်မှု အခြေအနေလေး ပြောပြပေးပါဦး။
ရန်ကုန် သီရိမင်္ဂလာဈေးကို မြန်မာတစ် နိုင်ငံလုံးမှ   ထွက်ရှိတဲ့  ကုန်စိမ်းများအပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံက သစ်သီးများလည်း ဝင်ရောက်မှုရှိပါတယ်။ ပြည်တွင်းသစ်သီးတွေက ရာသီအလိုက်  ဝင်ရောက်မှုနဲ့ အမြဲတမ်းဝင် ရောက်မှု နှစ်မျိုးရှိတယ်။ ယခုအချိန်မှာ ရှမ်းပြည် နယ်  (တောင်ပိုင်း) နှင့်      (မြောက်ပိုင်း) က နာနတ်သီး၊ မော်လမြိုင်ဘက်က  ကျွဲကောသီး အများဆုံးဝင်ပါတယ်။ ကုန်စိမ်းအနေနဲ့  ရှမ်း ပြည်နယ် အင်းလေး၊ ညောင်ရွှေဘက်က ငရုတ်၊ မင်းလှနဲ့ စစ်ကွင်းဘက်က သခွား၊ ဘုံလုံ၊ ရန်ကုန် တိုင်း   ကွမ်းခြံကုန်း၊  ကော့မှူးဘက်က ဖလံ တောင်ဝှေး၊  မှော်ဘီ  တိုက်ကြီးဘက်က ဟင်း နုနယ်၊ ချဉ်ပေါင်၊  မုန်ညင်း၊ ပုဂံ၊ ညောင်ဦးနဲ့ ရေနံချောင်းက ဆီးဖြူသီး၊ ဖန်ခါးသီးဝင်ရောက် ပါတယ်။ ဂေါ်ဖီထုပ်ကတော့ ရှမ်းပြည်နယ်ဘက် က ဧပြီမှ ဒီဇင်ဘာအထိ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်ပြီး  ဇန်နဝါရီမှ မတ်လအထိ ပဲခူး အနောက်ဘက်က   ဝင်ရောက်ပါတယ်။ ပန်း ဂေါ်ဖီက ပြင်ဦးလွင်မှာ စိုက်တာများပါတယ်။ ဘုရားပန်းက    ရာသီအလိုက်    တောင်ကြီး၊ အောင်ပန်း၊ ပြင်ဦးလွင်ဘက်က အများဆုံးဝင် ရောက်ပါတယ်။ ပဲခူး အနောက်ဘက်ကလည်း ဝင်ပါတယ်။

ပြန်လည်ဖြန့်ဖြူးရောင်းချမှု အခြေအနေလေး ပြောပြပေးပါဦး။
ရန်ကုန်တိုင်းအတွင်းအဓိက ပြန်လည်ဖြန့် ဖြူးပါတယ်။ မနက် ၄ နာရီတစ်ကြိမ်နဲ့ ညနေ ၂ နာရီ တစ်ကြိမ် အချိန်နှစ်ချိန်  ခွဲထားပါတယ်။ ရန်ကုန်အပြင်  ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်နဲ့ ပဲခူးတို့ကို ကုန်ပစ္စည်းဖလှယ်တဲ့ စနစ်နဲ့ ကုန်ကားက   အသွားအပြန်   သယ်ယူပါတယ်။ (ဥပမာ - ဧရာဝတီတိုင်းကထွက်တဲ့ ပစ္စည်းကို ရန်ကုန်ပို့ပြီး   ရှမ်းပြည်နယ်ဘက်က  ထွက်တဲ့ ပစ္စည်းကို ပြန်သယ်သွားတာမျိုးပေါ့)။  ဒီမှာက အဓိက လက်ကားရောင်းတာ ဆိုပေမယ့် လက် လီလည်း ဝယ်လို့ရတယ်။ တစ်နေရာတည်းမှာ ပစ္စည်းအစုံရလို့ ရောင်းသူ၊ ဝယ်သူ စည်ကားပါ တယ်။ အလှူအတန်းရှိတဲ့ ပွဲတော်အချိန်မျိုးဆို ပိုပြီးစည်ကားပါတယ်။ အနယ်နယ်အရပ်ရပ်က လာတဲ့ပစ္စည်းတွေကို တစ်နေရာတည်းမှာ ဝယ် လို့ရတဲ့ ရန်ကုန်မြို့ရဲ့အားထားစရာ  ဈေးကြီး တစ်ခုဖြစ်ပါတယ်။    ကုန်ဈေးနှုန်းအနေနဲ့က  ကုန်ပစ္စည်း အဝင် အနည်းအများပေါ် မူတည်ပြီး  ဈေးအတက်အကျ ရှိပါတယ်။  အခင်းတွေက အထွက်များလို့ ကုန်အဝင်များလာရင် ဈေးကျ ပါတယ်။

ဦးသန်းနိုင်
ရွှေပိတောက်ငါးဈေးကြီးကို အနယ်နယ် အရပ် ရပ်က ဝင်ရောက်လာတဲ့ ငါးအမျိုးအစားများနဲ့ ရောင်းချမှု အခြေအနေလေး သိပါရစေ။
ရွှေပိတောက်ငါးဈေးကြီးကို ငါးများဝင် ရောက်မှု အခြေအနေနဲ့က ရခိုင်ပြည်နယ် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မြန်အောင်၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ ပေါက်တောဝ၊ စစ်တွေဘက်က နေ ရေငန်ငါးမျိုးစုံနဲ့၊ ပုစွန်၊ ကျောက်ပုစွန်၊ ကဏန်း၊ အများဆုံးဝင်ရောက်ပါတယ်။ ဧရာ ဝတီတိုင်းက မြစ်နဲ့နီးစပ်တဲ့ နေရာတွေက ရေချို ငါးနဲ့  ပုစွန်တွေ ဝင်ရောက်ပါတယ်။  အနယ်နယ် အရပ်ရပ်ကနေ  တစ်ရက်ကို ငါး၊ ပုစွန်မျိုးစုံ ပိဿာ ချိန် သုံးသိန်းခန့် ဝင်ရောက်ပါတယ်။ ပိဿာချိန်  ၆- ၇ သောင်းလောက်ကနေ   နယ်တွေပို့ပြီး ပိဿာချိန် နှစ်သိန်းကျော်က  ရန်ကုန်မြို့တွင်း  စားသုံးမှု ဖြစ်ပါတယ်။  ရန်ကုန်ကနေတစ်ဆင့်  မန္တလေး၊   ပြင်ဦးလွင်၊   လားရှိုး၊   မိတ္ထီလာ၊ နေပြည်တော်အစရှိသဖြင့် ပြန်လည်တင်ပို့ပါ တယ်။ ပြည်တွင်း ငါးသယ်ယူမှုကို ငါးလုပ်ငန်း ဦးစီးဌာနမှ နယ်ပို့ လိုင်စင်ရ လုပ်ငန်းကားများနဲ့ သယ်ယူခြင်းဖြစ်ပါတယ်။  ရေချိုမွေးမြူရေးကန် တွေလည်းရှိတော့ ပြည်တွင်းမှာ  ငါး၊ ပုစွန်၊ စား သုံးမှုများပေမယ့် ပစ္စည်းပြတ်လပ်မှု မရှိပါဘူး။ လောက်ငတဲ့ပုံစံရှိပါတယ်။ ရန်ကုန်မှာ ဗဟိုစံပြ ငါးဈေးကြီးနဲ့ ရွှေပိတောက်ငါးဈေး နှစ်ခုရှိပြီး မွေးမြူရေးကန်တွေကလည်း ရှိတဲ့အတွက်  ပြတ် လတ်မှု  မရှိပါဘူး။ အများဆုံး ဝင်ရောက်တဲ့ငါး တွေကတော့ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးတန်ဖြစ် ပါတယ်။ ရေချို၊ ရေငန် ကွဲတာပဲရှိပြီး ငါးအမျိုးစုံ ဝင်ရောက်တဲ့အတွက်  တစ်နေရာတည်းမှာပဲ လိုချင်တာ အစုံရနိုင်ပါတယ်။ 

ပစ္စည်း ဝင်ရောက်ပြီး ပြန်လည်ရောင်းချမှု အနေ အထားလေးလဲ သိချင်ပါတယ်။
ရွှေပိတောက်ငါးဈေးကို အရင်က ၂၄နာရီ ဖွင့်ထားပေမယ့် ကိုဗစ်ကာလဖြစ်တဲ့အချိန်က စပြီး မနက် ၄ နာရီ ဈေးဖွင့်ပြီး ည ၇ နာရီ အထိ ရောင်းချပါတယ်။  မနက်ပိုင်းကို ဦးစားပေး ရောင်းချပါတယ်။ နယ်တွေကနေ ည ၁၀ နာရီ ၁၁ နာရီရောက်လာတဲ့ ငါးကားမှန်ရင် ပေးဝင် ပါတယ်။  ငါးကားတွေက ဒီနေ့ရောက် ဒီနေ့ ရောင်းပုံစံဖြစ်ပြီး လှောင်ပြီးရောင်းတဲ့ ပုံစံမဟုတ် တဲ့အတွက် လတ်ဆတ်တဲ့ငါး၊ ပုစွန်တွေဖြစ်ပါ တယ်။ လှောင်ထားလို့မရတဲ့အတွက် ကုန်များ များဝင်တဲ့ အချိန်၊ ငါး၊ ပုစွန် ကန်ဖော်တဲ့အချိန် တွေနဲ့ တိုက်ဆိုင်ရင် ဈေးကျပါတယ်။ အခုလို မိုးရာဦမှာဆို ငါး၊ ပုစွန် ပိုပြီးဝင်ရောက်မှုများပါ တယ်။ ရန်ကုန်တိုင်းအတွင်းမှာ ဈေးပေါင်း ၁၈၀ ကျော်ရှိတဲ့အတွက် အဲဒီဈေး တွေကို ပြန်လည် ဖြန့်ဖြူးရောင်းချပေးပါတယ်။ ပွဲတော်ရှိတဲ့ ရက် တွေဆိုရင် ပိုပြီးအရောင်းအဝယ် စည်ကားတယ်။    
ဖြည့်စွက်ပြောချင်တာလေးများရှိပါသေးလား။
ပြောချင်တာကတော့ ပြည်တွင်းမှာ ငါး အစာရနိုင်ရင် ပိုအဆင်ပြေနိုင်မယ်၊  ထုတ် လုပ်သူ၊ စားသုံးသူ၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်။ အများပြည်သူ စားဝတ်နေရေးအတွက် ငါးဖမ်း စက်လှေတွေနဲ့  ဝင်ရောက်တာတွေလည်း  ရှိ တယ်။    ပြည်တွင်းစားသုံးတဲ့    ဈေးကွက်ပေါ် မူတည်ပြီး ရေချိုမွေးမြူရေး ငါးကန်တွေလည်း များလာတဲ့အတွက် စက်သုံးဆီနဲ့  အစာဈေး ကျရင်  ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။

CJ၊ ကျော်ကို