ငွေကြိုးကြာ အာလူးကြော်လုပ်ငန်းပိုင်ရှင် ဒေါ်အေးအေးသိမ့်နှင့် တွေ့ဆုံမေးမြန်းခြင်း
ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံး ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ထဲတွင် စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ငွေကြိုးကြာ အာလူးကြော်လုပ်ငန်းပိုင်ရှင် ဒေါ်အေးအေးသိမ့်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ရပါသည်။
ငွေကြိုးကြာ အာလူးကြော် ထုတ်ကုန်လုပ်ငန်းအကြောင်းနဲ့ ပတ် သက်ပြီး ရှင်းပြပေးပါဦး။
အဓိကတော့ ရှမ်းပြည်နယ်ဒေသကထွက်တဲ့ အောင်ပန်း အာလူးနဲ့ ဟဲဟိုးအာလူးကို အခြေခံပြီးတော့ အာလူးကြော် ခြောက်မျိုးထုတ်လုပ်ပါတယ်။ လက်ဖက်ခြောက်တွေလည်း ထုတ် လုပ်ပါတယ်။ လက်ဖက်ခြောက်ဆိုရင်လည်း မိရိုးဖလာအတိုင်း လုပ်ထားတယ်။ လက်ဖက်ခြောက်ဆိုရင် နှစ်ပေါင်းရာချီလောက် ကြာတဲ့ အပင်ကထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့ သောက်လို့ ကောင်းတယ်။ စက်နဲ့ လုပ်ထားတာ မဟုတ်ဘဲ တောင်သူတွေက လက်နဲ့ လုပ်ထားတာဖြစ်တဲ့အတွက် အနံ့အရသာက မတူကွဲပြား ပါတယ်။ ဒီလိုမျိုး ပြည်တွင်းထုတ်ကုန်တွေကို နိုင်ငံခြားသားတွေ လည်း အရမ်းကြိုက်ကြတယ်။
ကုန်ကြမ်းရရှိမှု အခြေအနေလေး ပြောပြပေးပါဦး။
ကျွန်မတို့အနေနဲ့ ပထမဦးဆုံး ထုတ်လုပ်တာကတော့ လက် ဖက်ခြောက်ပါ။ ရှမ်းပြည်နယ်က တောင်သူတွေနဲ့လက်တွဲပြီးစလုပ် ဖြစ်တာပါ။ အဲဒီမှာ တောင်သူတွေက ပွဲရုံတွေကို ရောင်းတဲ့အချိန် မှာ ပစ္စည်းဈေးကောင်းကောင်း မရဘူး။ အြွေကးကျတယ်။ ကျွန်မ တို့ကလည်း ပွဲရုံထဲက ပစ္စည်းကောင်းကောင်းတွေမရဘူး။အရော အနှောတွေများတယ်။ အဓိကတော့ တောင်သူတွေနဲ့ ကျွန်မတို့ အကြား ျွှငည အသ ျွှငည သွားချင်တာပေါ့။ အဲလိုမျိုး လက်ဖက်ခြောက် လေး စလုပ်ရင်းနဲ့ ဈေးကွက်ရလာတဲ့အချိန်မှာ အာလူးကြော်ကို စလုပ်ဖြစ်တာပါ။ အဓိကတော့ စားသောက်ကုန် ပိုမိုကျယ်ပြန့်ပြီး တော့ ဈေးကွက်ထဲ ပစ္စည်းကောင်းလေးတွေ ရောက်စေချင်လို့ပါ။ ကုန်ကြမ်းအနေနဲ့ကတော့ ရှမ်းပြည်နယ်ကထွက်တဲ့ ကုန်ကြမ်းတွေ ကို အဓိကမှာယူပါတယ်။ ရှမ်းပြည်နယ်က အသီးအနှံတွေအားလုံး က မြေဆီမြေသြဇာကောင်းတယ်။ မြေဆီမြေသား ကောင်းသလို သဘာဝအချိုဓာတ်ရှိတယ်။ အဲဒီမှာ ရှမ်းအာလူးကို စပြီးတော့ လေးငါးခြောက်ခါလောက် လေ့လာစမ်းသပ်ပြီးတော့ စလုပ်ဖြစ် တာပေါ့။ ထုပ်ပိုးမှုပုံစံတွေကအစ အကုန်လုံးလုပ်ပြီးတဲ့အချိန်ကျမှ ဈေးကွက်ကို စပြီးတော့ ဖြန့်ချိတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဘက်မှာဆို အာလူးကြမ်းခင်းဈေးက ဘယ်လောက်ရှိ နေပါပြီလဲ။
အခု အာလူးကြမ်းခင်းဈေးတွေက အရမ်းတက်နေတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း အလှူအတန်းတွေနဲ့ဆိုတော့ ဝယ် လက်က အရမ်းများပြီး ဈေးက အများကြီးတက်သွားတာပါ။ အဲလို မျိုး ဈေးက ကွာသွားပြီး ကုန်ကြမ်းဈေးတက်သွားတော့ ကုန်ချော ဈေး မတက်နိုင်တော့ဘူး။ ကုန်ကြမ်းကတော့ ရှိပါတယ်။ဒါပေမယ့် အညာသီးကျတော့ ဈေးသက်သာတယ်။ ဒါပေမယ့် အလုံးသေး တယ်။ နွှာလို့မကောင်းဘူး။ အစင်းမှာ ပိုးပါတာတွေရှိတော့ အဲဒါ တွေကို ဖယ်ထုတ်ပစ်ရတော့ စွန့်ပစ်ရတာပေါ့နော်။ အဲဒါကြောင့် မို့ ရှမ်းသီးကိုပဲ သုံးဖြစ်တယ်။ ရှမ်းပြည်ကတော့ မြေဆီ မြေသြဇာ ကောင်းတဲ့ အတွက်ကြောင့်မို့ အရသာမှာ အသီးအရွက်တွေကအစ ဂေါ်ရခါးညွန့်၊ ပဲညွန့်တို့ကအစ ရှမ်းပြည်နယ်က ပိုကောင်းတယ်။အရသာကောင်းတဲ့အတွက်ကြောင့် စားလို့ အရမ်းကောင်းတယ်။သူ့မှာက အချိုဓာတ်ရှိပြီးသားဖြစ်တဲ့အတွက် အချိုမှုန့် မသုံးဘူး။ နိုင်ငံခြားသားတွေက အများဆုံး ဝယ်ယူအားပေးကြတယ်။အစပ် ဆိုရင် အချိုမှုန့် မသုံးချင်တဲ့အတွက် နည်းနည်းလေး အသားမှုန့် အရသာ ထည့်ရတာပေါ့နော်။
အသေးစား၊ အလတ်စားလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကြုံ တွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
အခက်အခဲကတော့ ကုန်ကြမ်းဈေးတက်တာကြောင့် ကုန် ချောကို ဈေးတက်လို့ရပေမယ့် ခဏခဏ ဈေးမတက်ချင်ဘူး။ နောက်ပြီး စားသုံးဆီနဲ့ပတ်သက်တဲ့ အခက်အခဲလေးတွေတော့ရှိ ပါတယ်။ အခြားအခက်အခဲကတော့ ကုန်ကြမ်းဈေးတက်တာရယ်၊ သယ်ယူပို့ဆောင်ခက အရင်တုန်းကဆို တစ်ပိဿာကို ကျပ် ၁၇၀၊ ကျပ် ၁၈၀ လောက် ကုန်တင်ခပေးရတယ်။ အခုက တစ်ပိဿာကို ကျပ် ၃၈၀၊ ကျပ် ၄၀ဝ လောက်ပေးရတယ်။ ကုန်တင်ခဈေးတက် တော့ အခြားကုန်ကျစရိတ်တွေက ပိုများသွားတာပေါ့။ နောက် ှာုစသမအ သွင်းတဲ့ ပစ္စည်းတွေက နည်းနည်းလေးဈေးတက်တဲ့အတွက် ကြောင့် အချိန်ကြန့်ကြာမှုလေးတွေရှိတယ်။ ကျွန်မတို့အနေနဲ့က နည်းပညာပိုင်းအားနည်းတဲ့အတွက် နည်းပညာပိုင်းနဲ့ပတ်သက်ပြီး အားကောင်းလာအောင် လုပ်ဆောင်လျက်ရှိပါတယ်။ အာလူးက တော့ အခုရာသီမှာ ပေါပေါလှိုင်လှိုင် ရနေပါတယ်။ နယ်တွေမှာက အလှူအတန်းလုပ်ကြရင် ငါးခြောက်၊ ကြက်သားဆိုရင်လည်း အာလူးထည့်တယ်။ မင်္ဂလာဆောင်တို့ ရှင်ပြုနားသ၊ အလှူမင်္ဂလာ၊ စတုဒိသာဆိုရင်လည်း အာလူးထည့်ကြတော့ သူတို့ဒေသမှာ မရှိ မဖြစ် အရေးပါတဲ့ စားသောက်ကုန်ပစ္စည်း ဖြစ်တယ်။ ဆိုတော့ အာလူးက ပေါပေါများများရတဲ့ ရာသီဖြစ်ပေမယ့်လည်း ဈေးက တက်နေတယ်။ မိုးတွင်းဘက်ကကျတော့ ပစ္စည်းက နည်းနည်း တော့ရှားတယ်။ အလုံး သိပ်မကြီးတော့ဘူး။ အဲအချိန်က ပစ္စည်း ပြတ်တဲ့အချိန်ဆိုတော့ ရှားရှားပါးပါး ရှာဝယ်ရတယ်။ နောက် ကြက်သွန်နီတို့လိုမျိုး အကြာကြီး လှောင်ထားလို့လည်း မရဘူး။ ကျွန်မတို့အနေနဲ့ကတော့ ဆရာ၊ ဆရာမတွေ လမ်းညွှန်ထားတဲ့ အတိုင်း မြေကျင်း နည်းနည်းပါးပါးတူးပြီး အဲဒီအထဲ ထည့်ထား တော့ သက်သာတယ်။ အိမ်မှာ ဒီအတိုင်းထားရင်တော့ ၁၀ ရက်၊ ၁၅ ရက်ဆိုရင် အညှောင့်ထွက်လာတယ်။ အဲဒါ့ကြောင့်မို့ ကုန်ကို လနဲ့ချီပြီးလှောင်လို့မရဘူး။ ထားရင် အလွန်ဆုံး ၁၀ ရက်လောက်ပဲ ထားလို့ရတယ်။ လိုရင်တော့ ကြိုပြီးထပ်မှာရတာပေါ့။ အဲဒီလို အခက်အခဲလေးတွေတော့ရှိတယ်။ ကျန်တာတွေတော့ အကုန်လုံး အဆင်ပြေပါတယ်။ အခုလောလောဆယ်မှာ စင်ကာပူ၊ ထိုင်းဘက် က မှာတာတွေကို ပို့ဆောင်ပေးနေတာတွေ ရှိပါတယ်။ ကျွန်မတို့ ထုတ်ကုန်တွေ ကတော့ ဈေးကွက်ထဲလည်း တော်တော်ပေါက် ရောက်တယ်။ အော်ဒါတွေဆိုလည်း လက်မလည်ဘူး။ အခုက တော့ ဈေးတက်တဲ့အတွက်ကြောင့် အော်ဒါလေးတွေကို နည်း နည်း လျှော့ပေးတာပေါ့။
ဈေးကွက်ဝေစု ရရှိဖို့အတွက် ပြည်တွင်းဈေးကွက်ထဲ ထိုးဖောက် နေမှု အခြေအနေလေး သိပါရစေ။
လက်ရှိမှာ အော်ဒါတွေကတော့ တောက်လျှောက်တက် နေပါတယ်။ ဒါပေမယ့် အခုတလော အော်ဒါတွေ တက်ပေမယ့် နည်းနည်းလျှော့ပေးနေရတယ်။ အာလူးကြော်ဆိုတော့ ဆီဈေး တက်လာတဲ့အတွက် ဈေးနှုန်းက အပြောင်းအလဲတော့ရှိပါတယ်။အဲဒီတော့ အော်ဒါတက်တဲ့အတွက် ရောင်းရတာမှန်ပေမယ့် အမြတ်အစွန်းကတော့ နည်းပါတယ်။ အဲဒါကြောင့်မို့ အာလူးနဲ့ ပတ်သက်ပြီး နည်းပညာပိုင်းတောင်းခံထားတာ ရှိပါတယ်။နည်း ပညာရရှိပြီဆိုရင်တော့ ကြော်လှော်တဲ့ အပိုင်းအပြင် အေးခဲနည်း ပညာပိုင်းနဲ့ ပတ်သက်ပြီး စားသောက်ဆိုင်တွေ ဟိုတယ်တွေ စူပါ မားကတ်တွေအပြင် ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့ ရည်ရွယ် ထားပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ်ကုန် အနေနဲ့ အာလူးအစိုလိုင်းက အားနည်းနေသေးတယ်။ အဲဒါ ကြောင့်မို့ နည်းပညာတောင်းခံတာရပြီဆိုလို့ရှိရင်တော့ အာလူး အစို ထုတ်လုပ်နိုင်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်အကောင်အထည် ဖော် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲလိုလုပ်ဆောင်မယ်ဆို ရင် နည်းပညာမြင့်စက်ကြီးတွေနဲ့ လုပ်ဆောင်မှာဆိုတော့ ထုတ် လုပ်မှုက ပိဿာချိန် တစ်ရာလောက် နေ့စဉ်ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
အခုဆိုရင်တော့ ထုတ်ကုန်တွေက ဈေးကွက်ထဲ တော်တော် လေး ပေါက်ရောက်နေပြီဖြစ်ပါတယ်။ ထုတ်ကုန်တွေကိုလည်း ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ကပါ အော်ဒါတွေ လက်ခံရရှိ နေပါတယ်။ ဆက်လက်ပြီးတော့ ပြည်တွင်းထုတ်ကုန် တွေကို ပြည်တွင်းတင်မကဘဲ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ကြိုးပမ်းလုပ်ဆောင်သွားပါမယ်လို့ ပြောလိုပါ တယ်။
တိဗ္ဗ