Main menu

Background

"အသေးစား၊ အလတ်စား လုပ်ငန်းတွေအနေနဲ့ ကိုယ်ထုတ်တဲ့ ပစ္စည်းတွေကို လူများများသိအောင်လုပ်ဖို့ လိုအပ်ပါတယ်"

Tue, 03/04/2025 - 13:53 -- journal_editor

အချေမိုး စားသောက်ကုန်လုပ်ငန်းပိုင်ရှင် ဒေါ်အေးအေးမိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံး ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများ လတ်တလော ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ထဲတွင် ရခိုင်မုန့်တီခြောက်၊ ကင်ပွန်းချဉ်ရွက်ခြောက်၊ ငါးပိရည်ချို၊ အာဗြဲ အချိုအြွကပ်နှင့် ငါးနီတူမှုန့်များအပြင် စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အချေမိုး အသင့်စားမြန်မာ့ စားသောက်ကုန်လုပ်ငန်းပိုင်ရှင် ဒေါ်အေးအေးမိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

စားသောက်ကုန်လုပ်ငန်းကို   ြှနြလုပ်ငန်းအနေနဲ့ စတင်ဖြစ်ပုံ လေး ပြောပြပေးပါဦး။
ကျွန်မတို့က အရင် ငါးလုပ်ငန်းကို စတင်ပြီးတော့ လုပ်ကိုင် ဖြစ်တာပါ။ ငါးလုပ်ငန်း လုပ်ကိုင်တယ်ဆိုပေမယ့် ထိန်းသိမ်းတဲ့ နည်းကို သိပ်ပြီးတော့မတတ်ဘူး။ မတတ်တော့ ကိုယ်လိုချင်တဲ့ဈေး ကို မရကြဘဲနဲ့ အရှုံးတွေပေါ်ကြတယ်။ အဲဒါကြောင့် ကျွန်မက ဒီထုတ်ကုန်တွေကို ကြာရှည်ခံအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ အရင်ဦးဆုံး ထုတ်ကုန်တွေနဲ့ပတ် သက်ပြီး အခြောက်ခံတဲ့သင်တန်းကို အရင်တက်ခဲ့ပါတယ်။  အဲလို ကနေပြီးတော့ ဒီအလုပ်ကို ဆက်လုပ်ဖြစ်တာပါ။ မူလထုတ်ကုန် လုပ်ငန်းကတော့ ၁၄ မျိုး ရှိပါတယ်။ အဓိကထုတ်ကုန်ကတော့ ရခိုင်မုန့်တီ၊ ငါးပိရည်ချို၊ အာဗြဲအချိုအြွကပ်နဲ့ ငါးနီတူမှုန့်ပေါ့နော်။ ငါးနီတူမှုန့်က ပုစွန်ခြောက်အစားထိုး အသုံးပြုလို့ရတဲ့အရာပါ။ နောက် ငါးမုန့်၊ အချိုမှုန့်အစားထိုး ငါးဟင်းချက်အမှုန့်တွေကိုလည်း ထုတ်လုပ်ပါတယ်။ အခုထုတ်ကုန်သစ်ဖြစ်တဲ့  ငါးဆန်ပြုတ်ကို လည်း ထုတ်လုပ်ဖို့ စီစဉ်လျက်ရှိပါတယ်။

ထုတ်ကုန်တွေကို  ပြည်တွင်းဈေးကွက်ထဲ ဘယ်လိုမျိုးပုံစံနဲ့ ထိုး ဖောက်နေလဲဆိုတာ သိပါရစေ။
အစားအသောက်တွေ ထုတ်လုပ်တဲ့နေရာမှာတော့ အရ သာပိုင်းကောင်းမွန်အောင် အဓိကထားပါတယ်။ ကုန်ချောထုတ် လုပ်တာဆိုတော့ ကြာရှည်ခံအောင် အဆင့်မြင့်နည်းပညာနဲ့ ထုတ် တယ်။ ထုတ်ကုန်တွေအနေနဲ့ကတော့ အရသာလည်းကောင်းပြီး အာဟာရလည်းဖြစ်ရမယ်။ အစာလည်းဆေး ဆေးလည်းအစာဆို သလိုမျိုးပေါ့နော်။   ဒီအစားအသောက်ကို  စားလိုက်ပြီးတော့ ပိုက်ဆံလည်း ကုန်သွားတယ်။ အာဟာရ မရတာမျိုးလည်း မဖြစ် အောင် ဓာတ်ခွဲခန်းမှာ အကြိမ်ကြိမ်အခါခါ စမ်းသပ်ရပါတယ်။ စမ်းသပ်ပြီးတော့မှ ပညာရှင်တွေရဲ့ အကြံÓဏ်တွေ တောင်းယူပြီး တော့ ကိုယ်လိုချင်တဲ့ အဖြေရတော့မှ ထုတ်လုပ်တာပါ။ ဈေးကွက် က စားသောက်ကုန် တော်တော်များများကို လက်ခံတာကို တွေ့ ရတယ်။ ဒါပေမယ့် အုပ်စုချင်းတော့ မတူကြဘူးပေါ့။ အုပ်စု တစ် က အမယ်သုံးမျိုးကြိုက်တယ်ဆိုရင် ဒီဘက်အုပ်စုက ကျန်တဲ့ စား သောက်ကုန်ပစ္စည်းတွေကို ကြိုက်တယ်။ အဲလိုနည်းနဲ့ သွားနေတာ ပါ။ ဈေးကွက်ကတော့ အခုအခြေအနေအရ  ကိုယ်မှန်းထားသ လောက်တော့ မရသေးဘူး။ ထုတ်ကုန်တွေကို စထုတ်ပြီးနောက်နှစ် မှာ ကိုဗစ်ဖြစ်တယ်။ အခုတော့ ပြန်ပြီး ဈေးကွက်ကို ထိုးဖောက်တာ ကတော့ နှစ်နှစ်ရှိပါပြီ။ ဆက်ပြီး ကြိုးစားလျက်ရှိပါတယ်။

ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်ကိုရော ထိုးဖောက်ဖို့ အစီအစဉ်ရှိလား။
ပြည်တွင်းအပြင် ပြည်ပဈေးကွက်ကိုလည်း ထိုးဖောက်ချင် ပါတယ်။ ကျွန်မ ဒီစားသောက်ကုန်ကို စပြီးလုပ်ကတည်းက အကျိုး အမြတ်ကို အများကြီးမျှော်မှန်းပြီးတော့ ထုတ်လုပ်တာမဟုတ်ပါ ဘူး။ ပြည်တွင်းမှာရှိတဲ့ လုပ်သားတွေ အလုပ်အကိုင် အခွင့် အလမ်းတွေ ပေးနိုင်မယ်။ နောက်ပြီး တောင်ပေါ်ဒေသကသူတွေ ကအာဟာရ ဓာတ်ချို့တဲ့တယ်။  ဆိုတော့ အဲဒီတောင်ပေါ်ဒေသ အထိ  ဈေးကွက်ထိုးဖောက်ချင်လို့ ထုတ်ကုန်တွေကို ထုတ်လုပ်ဖြစ် တာပါ။ အဲဒါမှ ငါးကို အာဟာရပြည့်ပြည့်နဲ့ စားသုံးနိုင်မယ်။ တောင်ပေါ် ဒေသက လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတော့ သယ်ယူပို့ဆောင်ရေးက ခက်ခဲတယ်လေ။ အဲဒါကြောင့် ထုပ်ပိုးမှု အလွယ်ဆုံးနဲ့ အာဟာရအဖြစ်ဆုံးနဲ့ သယ်ယူရာမှာ လွယ်ကူစေဖို့ ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 

MSMEs လုပ်ငန်းအနေနဲ့ ဖြတ်သန်းခဲ့တဲ့ကာလအတွင်း ကြုံတွေ့ ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
ကိုဗစ်ကာလတုန်းကတော့ တော်တော်လေး ခက်ခဲတယ်။ အဲဒီကာလမှာတော့ ထုတ်ကုန်တွေက အရမ်းကြီး  ထုတ်လို့မရ တော့ နည်းနည်းပဲထုတ်လို့ရတယ်။ စက်ရုံကိုလည်း သွားလို့မရဘူး လေ။ အဲဒါကြောင့် နည်းနည်းလေးထိန်းထားတဲ့သဘောနဲ့ ထုတ် ပြီးတော့  လိုအပ်ရင်လည်း ကိုယ့်အလုပ်သမားတွေကို ကိုယ်တိုင်ပဲ ငွေကြေးစိုက်ထုတ် ပေးတယ်။ နောက်ပိုင်းတော့မားကတ်တင်း ကောင်းကောင်းနဲ့ ကုန်ကြမ်းကနေ ကုန်ချောအထိ လုပ်ဆောင် လျက်ရှိပါတယ်။ လိုအပ်နေတဲ့ မားကတ်တင်းပိုင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်ထားသလို  ဈေးကွက်တိုးချဲ့ဖို့အတွက်လည်း ပြင်ဆင် ထားပါတယ်။ အဲဒါမှ များများထုတ်လုပ်နိုင်ပြီး အလုပ်သမားတွေ အလုပ်ကိုင် အခွင့်အလမ်းတွေရမယ်။ တောင်သူတွေအနေနဲ့လည်း ဝင်ငွေရရှိစေမှာ ဖြစ်ပါတယ်။ အခက်အခဲကတော့ လုပ်ငန်းတိုင်း လိုလိုမှာ ရှိပါတယ်။ ကျွန်မအနေနဲ့ကတော့ ငါးလုပ်ငန်းကို ရေချို ရော၊ ရေငန်ရော ငယ်ငယ်ကတည်းက လုပ်ခဲ့တဲ့သူဆိုတော့ ကုန် ကြမ်းအနေနဲ့ကတော့ အခက်အခဲ မရှိတော့ဘူး။ ပြောရမယ်ဆိုရင် ကုန်ကြမ်းအနေနဲ့မခက်ခဲပေမယ့် လုပ်သားအင်အားတော့ အခက် အခဲရှိပါတယ်။ နောက် အသေးစား၊ အလတ်စား ြှနြ လုပ်ငန်း  အများစုအနေနဲ့ ပြောရမယ်ဆိုရင် စက်ပစ္စည်းလည်း အခက်အခဲရှိ တယ်။  ပါကင်ထုတ်တဲ့  အခက်အခဲရှိတယ်။ လုပ်ငန်းရှင်တွေက အဆင့်မြင့်မြင့်နဲ့ သန့်ရှင်းသပ်ရပ်တဲ့ ပုံစံမျိုး ထုတ်ချင်ပါတယ်။ ဒါလေးတွေ ဒီထက်ပိုမိုကောင်းမွန်လာမယ်ဆိုရင်တော့ ထုတ်လုပ် မှုတွေက ဒီထက် တိုးတက်လာစေမှာဖြစ်ပါတယ်။ 

အသေးစား၊ အလတ်စား ကုန်စည်ပြပွဲတွေမှာကော ဝင်ရောက် ပြသတာမျိုး ရှိပါသလား။
အသင်းအဖွဲ့တွေက ပြပွဲတွေမှာ ဝင်ရောက်ပြပေးပါဆိုလို့ ပြသခဲ့တာတွေလည်းရှိပါတယ်။ နိုင်ငံတကာပြပွဲတွေအထိ ဝင် ရောက်ပြသပါတယ်။  ပြခန်းတွေမှာလည်းဆိုရင်တော့  ထုတ်ကုန် တွေက ဒေသထွက်ကုန်ကြမ်းကိုပဲ အသုံးပြုထားတော့ တော်တော် များများက ဒါကိုသဘောကျကြတယ်။ ဒါကိုပဲ ထုတ်လုပ်ပါဆိုပြီး တော့   အမြဲတမ်းအားပေးတယ်။ ဘာပဲဖြစ်ဖြစ် အသေးစား၊ အလတ်စား လုပ်ငန်းတွေအနေနဲ့  ကိုယ်ထုတ်တဲ့ ပစ္စည်းတွေကို လူများများသိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဘာတွေပြန်ရမ လဲဆိုရင် ဈေးကွက်ထဲမှာ ဝင်ဆန့်လာနိုင်မှာဖြစ်သလို အဆင့်မြင့် မြင့်ထုတ်တဲ့ နည်းလမ်းတွေကိုလည်း သိလာစေမှာဖြစ်ပါတယ်။

ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး သင်တန်းတွေ ပို့ချသွားမယ်လို့လည်း သိရပါတယ်။ ရှင်းပြပေးပါဦး။
သင်တန်းကတော့ မနှစ်ကတည်းက စပြီးတော့ လုပ်ဖြစ်တာ ပေါ့။  ငါးဘယာကြော်၊ ငါးခေါက်ဆွဲပြုတ်၊ ငါးမှုန့်ထုတ်လုပ်တဲ့ သင်တန်း၊ ပါကင်ထုပ်တဲ့ သင်တန်းတွေကို သင်ကြားပို့ချပေးခဲ့ ပါတယ်။ ဒီနှစ်မှာတော့ ကျွန်မကို လက်မှုပညာရပ်လေးတွေ သင် ကြားပေးဖို့ တောင်းဆိုတဲ့အတွက် ဆပ်ပြာထုတ်၊  ဖယောင်းတိုင် ထုတ် ပန်းထိုးနည်းပညာနဲ့ မှိုစိုက်ပျိုးနည်းတွေကို သင်ပေးမှာဖြစ် ပါတယ်။ ဒီသင်တန်းမှာ တတ်မြောက်ပြီးဆုံးလို့ရှိရင် လက်တွေ့ပြန် အသုံးချလို့ရပါတယ်။  နောက်ပြီး ဝင်ငွေရ  လွယ်ကူပါတယ်။ သင်တန်းကိုတော့ လာမယ့် မတ်လမှာစတင်ပြီးတော့ သင်ကြားဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ လစဉ် လတိုင်း ဖွင့်လှစ်ပို့ချနိုင်အောင်  ဆောင်ရွက်မယ်။ မနှစ်ကတော့ အခမဲ့သင်ကြားပို့ချပေးခဲ့သလိုပဲ ဒီနှစ်မှာလည်း ထောက်ပံ့ပေးမယ့်သူရှိရင် အခမဲ့ သင်ကြားပို့ချပေး သွားဖို့ ရည်ရွယ်ထားပါတယ်။

ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလား။
ထုတ်ကုန်အသစ်အနေနဲ့  ငါးမှုန့်ကြော်သစ်ကို မကြာခင် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ အသေးစား အလတ်စားလုပ်ငန်းတွေကို တိုးတက်စေချင်တယ်။ အသေးစား၊ အလတ်စားလုပ်ငန်းတွေကိုလည်း   ဘယ်နေရာကပဲဖြစ်ဖြစ် အထောက်အပံ့  အကူအညီကောင်းတွေ ရစေချင်တယ်။ အဲဒါမှ အသေးစား၊ အလတ်စား လုပ်ငန်းတွေရှေ့ဆက်ပြီးတော့ ပိုမိုဖွံ့ဖြိုး တိုးတက်လာမယ်လို့ ပြောလိုပါတယ်။ 

 

တိဗ္ဗ