Main menu

Background

ဇွန်လအတွင်း ဟင်းသီးဟင်းရွက်များ ပြည်ပသို့ ကန်ဒေါ်လာ ၆၅၀၀၀ ဖိုး တင်ပို့နိုင်

Wed, 08/14/2013 - 11:21 -- ydnar

မြန်မာ့ဟင်းသီးဟင်းရွက် သစ်သီးဝလံ များဟာ တောင်ကိုရီးယား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံ တို့မှာ ဈေးကွက်အထိုက်အလျောက် ရရှိနေပြီ ဖြစ်ပါတယ်။ ဇွန်လအတွင်းမှာ တောင်ကိုရီး ယားသို့ Asia Beauty Palace ကုမ္ပဏီမှ ကြက်ဟင်းခါးသီးခြောက် ၁၅၀၀ ကီလိုဂရမ်နဲ့ ဆူးပန်းစေ့ ၅၀၀၀ ကီလိုဂရမ်၊

ကောင်းရနံ့ ကုမ္ပဏီ မှ ငရုတ်သီးစိမ်း ၁၀၀၀ ကီလိုဂရမ်ကို စင်္ကာပူသို့လည်းကောင်း၊ ရွှေပိုးကောင်ကုမ္ပဏီ မှ ထိုင်းနိုင်ငံသို့ ကြက်ဟင်းခါးသီး၊ သခွားသီး၊ ဖရုံသီး၊ ခရမ်းချဉ်သီးနဲ့ မုန့်ညင်းစေ့ ၁၁၂၂ ကီလိုဂရမ်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ ၄၀၀၂၅ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကညွတ် ကီလိုဂရမ် ၁၀၀၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ် လာ ၂၅၀၀၀ ဖိုးတင်ပို့နိုင်ခဲ့ရာ ဇွန်လအတွင်းမှာ မြန်မာဟင်းသီးဟင်းရွက်တင်ပို့မှုမှ ကန်ဒေါ်လာ ၆၅၀၂၅ ဖိုးတင်ပို့နိုင်ကြောင်း  Commerce Jounal   ပရိတ်သတ်အား အသိပေးလိုက်ရပါ တယ်။
CMK