Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံ ဈေးနှုန်းများ

Wed, 11/09/2022 - 15:28 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်း များမှာ ပြည်မှ ဆီးသီး(အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါ ကျပ် ၁၅၀ဝ၀၊ အလုံး လတ် ခုနစ်ပြည်ပါ ကျပ် ၈၅၀ဝ၊ အင်းလေးမှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၀ဝ၀၊ အလုံးလတ် ကျပ် ၂၀ဝ၀၊ အလုံးသေး ကျပ် ၁၅၀ဝ၊ ပလောင်မှ လိမ္မော်သီးတစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံး လတ် ကျပ် ၁၈၀ဝ၊ အလုံးသေး ကျပ် ၁၂၀ဝ၊ တောင်ကြီး မှ ထောပတ်သီး အလုံးကြီး သေတ္တာအလုံး ၂၀ လုံး နှင့် ၃၀ လုံးပါ ကျပ် ၁၂၀ဝ၀၊ အလုံးလတ် အလုံး ၃၀ လုံး နှင့် ၄၀ လုံးပါ ကျပ် ၈၀ဝ၀၊ အလုံးသေး အလုံး ၅၀ လုံးနှင့် ၆၀ လုံးပါ ကျပ် ၅၀ဝ၀ တို့ဖြစ်သည်။
တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀ဝ၊ အလုံးလတ် ကျပ် ၄၀ဝ၊ ဟင်္သာတမှ ကန်စွန်းဥ တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀ဝ၊ အလုံး လတ် ကျပ် ၉၀ဝ၊ ၊ ပုပ္ပားမှ နဂါးမောက်သီး (အနီ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၂၀ဝ၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၈၀ဝ၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၅၀ဝ၀၊ ပုပ္ပားမှ နဂါးမောက်သီး (အဖြူ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၀ဝ၀ဝ၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၆၀ဝ၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၅၀ဝ၀၊ ကျောက်မဲ၊ ဝမ်းတွင်းမှ ဖရဲသီး (၈၅၅) အလုံးကြီး ကျပ် ၅၀ဝ၀၊ အလုံးလတ် ကျပ် ၃၀ဝ၀၊ အလုံးသေး ကျပ် ၂၀ဝ၀၊ အင်းမ၊ လှည်းကူး မှ ဖရဲသီး ၂၁၁ အလုံးကြီး ကျပ် ၃၀ဝ၀၊ အလုံးလတ် ကျပ် ၂၀ဝ၀၊ အလုံးသေး ကျပ် ၁၀ဝ၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၅၀ဝ၊ အလုံး လတ် ကျပ် ၄၀ဝ မှ ၃၀ဝ၊ အလုံးသေး ၂၀ဝ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ   မြန်မာနိုင်ငံ  သစ်သီးဝလံပန်းမန်   ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရသည်။
STDT (Yangon)