Main menu

Background

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Tue, 11/22/2022 - 14:44 -- journal_editor

အင်းစိန်မြို့နယ်ရှိ    တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ နိုဝင်ဘာ ၉ရက်မှ ၁၅ရက်အတွင်း  ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ  အများဆုံးဝင်ရောက်ရောင်းချနေ ကြောင်း သိရှိရသည်။
ထိုသို့    ဝင်ရောက်ရာတွင်   ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၅၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် ၅၀ဝ မှ ၁၅၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်) ကျပ် ၅၀ဝ မှ ၁၈၀ဝ အတွင်း၊   အာလူး (ပိဿာ) ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၅၀ဝ မှ ၂၅၀ဝ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၈၀ဝ မှ ၄၀ဝ၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၁၀ဝ၀ မှ ၂၅၀ဝ အတွင်း၊   မုန်ညင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၀ဝ၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၃၃၀ဝ မှ ၄၄၀ဝ အတွင်း၊   ကြက်သွန်ဖြူ(ရှမ်း) (ပိဿာ)ကျပ် ၃၀ဝ၀ မှ ၃၈၀ဝအတွင်း၊    ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၅၀ဝ မှ ၄၀ဝ၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀ဝ မှ ၂၀ဝ၀ အတွင်း၊ ဆလတ်ရွက်(စည်း)   ကျပ် ၁၅၀ မှ ၃၀ဝ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၀ မှ ၁၀ဝ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ အတွင်း၊ သံပ ရာသီး(လုံး)ကျပ် ၃၅မှ ၂၀ဝ အတွင်း၊ငရုတ်သီးစိမ်း (ကျောက် စိမ်း) (ပိဿာ)ကျပ် ၂၂၀ဝ မှ ၂၈၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀ဝမှ ၇၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။                                        

မြင့်မြင့်စန်း(ရန်ကုန်)